အခန်း97

434 60 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၇ မင်း လူလုံး မျပလို့ မရဘူး

စားပွဲပေါ်တွင် အလုပ္ထြက္စာ ငါးခု ရှိနေခဲ့သည်။ လုကျိုးက ဖက္တီးဝူက ကို့ရို့ကားယား အမူအရာနဲ့ ရှိနေတာကို တွေ့ရ၏။ ကောင်းပြီ ဝန်ထမ်း ဆယ့်နှစ်ယောက်ကနေ ခုနစ်ယောက်ကို လျော့ကျသွားပြီပေါ့။

လုကျိုးက ထိုထွက်စာတွေကို ကြည့်လိုက်သည်။ လီယူကျီတဲ့လား။ အင်း ငါ သူ့ကို မသိသလိုပဲ။

ဒါက ငါ့အမွားပါပဲ
ဖက္တီးဝူက စီးကရက္ကို ချရင်း ပြောလိုက်သည်။ သူက သက်ပြင်းချရင်း ပြော၏။

ငါက ဝန်ထမ်းတွေ မ်ားမ်ား လိုချင်တာနဲ့ အတွင်းရေးပြဿနာတွေကို မေ့သွားတယ်

ဒါက ခင်ဗျားရဲ့အမှားလည်း မဟုတ်ပါဘူး ၊ကျွန်တော့်အမှားလည်း ပါပါတယ်
လုကျိုးက ထိုဖိုင်တွေကို ပြန်ချလိုက်သည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။

ဒီမွာ ထြက္စာ ငါးခုရှိတယ် ။ဒါပေမယ့် လေးခုရဲ့နာမည်တွေကိုတော့ ကျွန်တော် မသိဘူး၊  ကျွန်တော်က သုတေသနလုပ်တာနဲ့ပဲ အလုပ်များနေတာဆိုတော့ ဂရုမစိုက်မိသလို ဖြစ်သွားတယ်

ကလပ္တစ္ခုရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ ကလပ်အဖွဲ့သားတိုင်းရဲ့ နာမည်ကိုတောင် မမှတ်မိတာက တကယ္ကို ဆိုးရွားတဲ့အကျင့် ဖြစ်သည်။ သူတို့က အဖွဲ့သားတင်မဟုတ်ဘဲ သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းပါ ဖြစ်သင့်ပေ၏။ ဖြစ်နိုင်တာက...။
သူက စီးပွားရေးလုပ်ဖို့များ မသင့်တော်တာများလား။

လုကျိုး မေးလိုက်သည်။
ဒီကိစ္စက ကြီးလား

ဖက်တီးဝူရဲ့အပြုံးက ဖျော့တော့သွားခဲ့ကာ သူက ပြော၏။
အရမ်း ကြီးတာပေါ့ ၊ထြက္သြားတဲ့ ပထမနှစ် နှစ်ယောက်က ပြဿနာ သိပ်မဟုတ်ပေမယ့် ကျန်တဲ့ သုံးယောက်ကတော့ တော်တော်လေးကို ပြဿနာ တက်နိုင်တယ် ။အခုအချိန်မှာ ရုန်ဟန်နဲ့ ပထမနှစ် တစ်ယောက်ပဲ ပရိုဂရမ္လုပ္ဖို့ ရှိတော့တယ်

အဆင့်မြှင့်တင် ပြီးသည့်အခါ တိုက်ရိုက်ထုတ်လွှင့် ရမည်ပေ။ သို့သော် အခုလိုမျိုး ဖြစ်ပျက်လာတဲ့အခါမှာတော့ သူတို့တွေ ဒုက္ခရောက်ရပြီ။ ဒါ့အပြင် အဆင့်မြှင့်တင်ရုံတင် မဟုတ်သေးပေ။ ဒါက အဖွဲ့သားတွေရဲ့ စိတ်ဓါတ်ရေးရာကိုပါ ထိခိုက်မှုကြီး ဖြစ်သွားနိုင်ပေ၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now