အခန်း60

627 95 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၀

စက်တင်ဘာ ၁၂ရက်နေ့တွင် ပြိုင်ပွဲ ကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲနေ့မတိုင်ခင် လုကျိုးနဲ့ အျခားသူတို့က ကျောင်းကားကို စီးကာ ကျောင်းသစ်ကနေ ကျောင်းဟောင်းကို သွားရသည်။ ကျောင်းက စီစဉ်ပေးထားသည့် အဆောင်တွင် ယာယီနေရ၏။

အိပ်ယာတွေ၊ခေါင်းအုံးတွေလည်း အားလုံး အဆင်သင့်ရှိကာ ကျောင်းသားတွေက အခင်းတွေသာ ယူလာဖို့ လိုသည်။သို့သော် အချို့ကတော့ မပါလာခဲ့ကြပေ။ မည်သိုပင်ဆိုစေ ပြိုင်ပွဲက ၇၂နာ၇ီသာ ဖြစ်သည်။ သာမန် အိပ်ချိန်က ၁၀နာ၇ီတောင် ရလိမ့်မည် မဟုတ်ပေ။

ဥပမာ လုကျိုးလိုလူပင်။
သူက အလုပ် အရမ်းများကာ လုပ်စရာတွေလည်း အများကြီးရှိသည်။ သူ ဒုတိယညမွသာ နည်းနည်းအိပ်နိုင်လောက်သည်။ ထို့ကြောင့် သူက အ၀တ်လဲဖို့ပင် ယူမလာပေ။

သူ အဆောင်သို့ ေ၇ာက်သည့်အခါ အရင်ဆုံး အိပ်ထားလိုက်သည်။
သူ့ကိုယ်သူ စောစောအိပ်ပျော်ဖို့ မနည်း ကြိုးစားလိုက်ရ၏။

လုကျိုးက မနက်ငါးနာ၇ီတွင် နိုးလာပေမယ့် ခုနှစ်နာ၇ီအထိ နှပ်နေပြီးမှ မနက္စာ ထစားသည်။ကျောင်းက ပြင်ဆင်ပေးထားသည့် ကွန်ပျူတာခန်းမသို့ သြားခါနီးမွသာ ၀မ်ရှောင်တုံးနဲ့ လင်းယွီရှန်းတို့နဲ့ တွေ့သည်။

တရား၀င် ထုတ်ပြန် ကြေငြာချက်တွေအရ အဖွဲ့၂၃၃၄၇မှ လူအရေအတွက် ၇သောင်းလောက်က ပါ၀င် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဒါက တက္ကသိုလ် ၁၃၃၈ခု အကုန် ပါ၀င်၏။ လူတိုင်းက ပြိုင်ပွဲ ၀က်ဆိုဒ်ထဲ၀င်ကာ မေးခွန်းတွေကို ကူးယူပြီး ဖြေဆိုနိုင်ပေသည်။

ပြိုင်ပွဲကို ပညာရေးသံရုံးနဲ့ တရုတ် စက်မှုလက်မှုနဲ့ သင်္ချာ တက္ကသိုလ်တို့ရဲ့အဆင့်မြင့် ပညာရေးဌာနတွေက ကို(Co) စပွန်စာပေးကြသည်။ ထို့ကြောင့် အလွန်အမင်း မျှတပေသည်။ သူတို့ရဲ့ လွှမ်းမိုးမှုတွေကိုလည်း ထုတ်သုံးကြလိမ့်မည် မဟုတ်ပေ။ အ၇ာအားလုံးကို တရားမျှတမှုရှိစွာ လုပ်ဆောင်ကြမှာဖြစ်သည်။

မနက် ခုနှစ်နာ၇ီခွဲတွင် ကွန်ပျူတာခန်းထဲသို့ အဖွဲ့ဆယ်ဖွဲ့ လုံး ရောက်နေကြလေပြီ။
ကိုယ်ပိုင် လက်တော့နဲ့ စာမေးပွဲ ဖြေကြမယ့်သူတွေတောင်မှ ကွန်ပျူတာခန်းထဲသို့ ထိုလက်တော့တွေကို ယူလာကြသည်။ ကွန်ပျူတာခန်းထဲတွင် ဝိုင်ဖိုင် ဖရီးရသလို စာကြည့်တိုက်ကိုလည်း ကြိုက်သလို သုံးနိုင်သည်။ ဒါ့အပြင် ပိုင်သုမှလည်း ရှာဖွေနိုင်သေးပေ၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now