အခန်း142

143 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-SunFlower

အပိုင်း ၁၄၂ အားနည်းခြင်း
[ဝူယန်ရဲ့အလုပ်က ဘယ်လောက် ခက်ခဲလဲဆိုတာကို မင်းတို့ကောင်တွေ သိကြလား။ မင်းတို့ သူ့ကို နားလည်ကြရဲ့လား]
[တွေးကြည့်ရအောင် သူက အသက် နှစ်ဆယ့်ငါးနှစ်ပဲရှိသေးတဲ့ PHD ကျောင်းသား တစ်ယောက်လေ။ ဒီလိုလူမျိုးက ဘာဖြစ်လို့ သူများရဲ့အောင်မြင်မှုကို ခိုးယူရမှာလဲ။ ပြီးတော့ တရား၀င် အများရှေ့မှာတဲ့။ မဖြစ်ကို မဖြစ်နိုင်တာပဲ။ သူကသာ ဒီသက်သေပြချက်ကို သက်သေပြနိုင်ခဲ့တဲ့သူပဲ]
[ဆွေးနွေးပွဲက ဗီဒီယိုဖိုင်က ဘာလုပ်လို့ရမှာလဲ ။ လူဖြူကောင်က လက်မှတ် ထိုးထားရုံနဲ့ရော ဘာလုပ်လို့ရမှာလဲ။ ပရင်ဆယ်တွန်ကို ငါဘယ်တုန်းကမှ မရောက်ဖူးဘူး။ ဒါပေမဲ့ ဗီဒီယိုကိုတော့ အစကနေ အဆုံးထိ ကြည့်ပြီးသွားပြီ။  ရှိုးပွဲက ကိစ္စနဲ့ ဒီဗီဒီုက ကွာနေတာ အသိသာကြီး]
[လူငယ် စီစဉ် တင်ဆက်သူက USD ဆုကြေးတစ်သောင်းပဲ ရသွားတာလေ။ အရမ်း နည်းလွန်းတယ်]
[ဝူပရိတ်သတ်တွေရေ တောင့်ခံထားရအောင်။ အနိုင်ရအောင်လို့ ငါတို့ ကြိုးစားကြမယ်]
လုကျိုး ဝေ့ပေါ်က ထိုကောမန့်တွေကို မြင်တဲ့အခါ စိတ်ခံစားချက်ပေါင်းများစွာက ပြည့်တက်လာခဲ့သည်။ သူကသာ နာမည်မရှိတဲ့ လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်....၊ သူကသာ သာမာန်တက္ကသိုလ် ကျောင်းသားလေးသာ ဖြစ်နေမယ်ဆိုရင်....၊ သူကသာ အကယ်ဒမီဆွေးနွေးပွဲမှာ ဘာဆုမှသာ မရခဲ့ဘူးဆိုရင် ဒီအရာတွေ အားလုံးက အမှန်တကယ်ဖြစ်ပြီး သူ့ကိုယုံကြည်တဲ့ သူတွေက အနည်းငယ်တောင် ရှိလိမ့်မည် မဟုတ်ပေ။
သူက၂၀၁၄ အကယ်ဒမီတွင် ထွက်ပေါ်ခဲ့သည့် အကယ်ဒမီ နတ်ဘုရားမ ရှောင်ပိုင်ဖန်းရဲ့မတော်တဆဖြစ်ရပ်ကို သတိရလိုက်သည်။ နိုဘယ်ဆုအဆင့် လုပ်ဆောင်မှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုသာ သက်သေခဲ့ရပေ၏။
ကံကောင်းတာက လုကျိုးက တစ်ယောက်ထဲ ဒီတိုက်ပွဲကို မတိုက်ခိုက်ခဲ့ရပေ။ ဒါ့အပြင် သူတောင်မှ ၀င်တိုက်ခိုက်ရန် မလိုလိုက်ပေ။ လုကျိုးက ဝေ့ပေါ်ပိုစ့်က ကောမန့်တွေကို မြင်လိုက်သည့် အချိန်တွင် ဒေါသ ထွက်မလာခဲ့ပါပေ။ သူ ရယ်တောင် ရယ်ချင်နေခဲ့သေး၏။
“ဒီမျက်လုံးကန်းနေတဲ့ အမုန်းသမားတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ”
လုကျိုးက ကောမန့်တွေကို ဆက်ဖတ်နေခဲ့သည်။သူ့ကို ထောက်ပံ့ပေးနေတဲ့ လူအချို့ရှိတာကို မြင်တော့ ထိုကောမန့်တွေကို လိုက်ခ် လုပ်သွားလိုက်၏။
ဝူစတန်းဆိုတာတွေကို သူ ဂရုမစိုက်ပေ။ အဲ့ဒီအစား ပရင်ဆယ်တွန်က လျှို၀မ်ရှန်းကိုသာ သူ ဖုန်းခေါ်ခဲ့လိုက်ခဲ့သည်။ ဆွေးနွေးပွဲက မှတ်တမ်းက ပြီးပြည့်စုံသည်။ သူ တစ်ဖက်သူကို ကျေးဇူးတင်ရပေမည်။
ဒါရိုက်တာကျန်း ပြောတဲ့ အကြောင်းအရာကတော့ လူတိုင်းနေ့စဉ် သတင်းစာမှ သတင်းသာ ဖြစ်သည်။ဒီတစ်ကြိမ်တွင် လူတိုင်း နေ့စဉ်သတင်းစာက ကျော်ကြားနေသည့် အကြောင်းအရာ ဆောင်းပါး တစ်ခုကို ထည့်သွင်း ထုတ်ဝေလာခဲ့သည်။
[ဖျော်ဖြေရေးရှိုးပွဲက အကျင့်ပျက် လှုပ်ရှားမှုတွေကိုဖြစ်စေတယ်]
ခေါင်းစဉ်က အစွမ်းထက်ဆုံး လူငယ် ကျောင်းသား တီဗွီရှိုးကို ဖော်ညွှန်းပြလိုသည့် အကြောင်းအရာဖြစ်သည်။ ထိုထဲတွင် တစ်ဖက်သူက ပရိတ်သတ်တွေကို အရူးလုပ်ပြီး စည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်တဲ့အကြောင်း ပြောထားခဲ့၏။
ထိုသတင်း ဆောင်းပါး ထွက်လာတာနဲ့ အခြားအဓိက မီဒီယာကြီးတွေကလည်း ရှဲကာ ထုတ်​​ေ၀ကြတော့သည်။ ထိုသတင်း အကြောင်းအရာက ထရန့်တင်း ၀င်သွားခဲ့၏။
လူတိုင်း နေ့စဉ် သတင်းစာက ကောမန့်ဘောက်စ်ကလည်း ပေါက်ကွဲ ထွက်တော့သည်။
[သေစမ်း ဝူယန်က ကွန်ဂျက်တာကို သက်သေပြခဲ့တယ်လို့ ငါ ထင်နေခဲ့တာ။ အနုပညာရှင်တွေ အားလုံး ဒီလိုကြီးပဲလား]
[ဟာ သောက်သုံး မကျလိုက်တာ]
[ဘာလို့ ဒီလိုကောင်ကို လူတိုင်း ကြိုက်နေကြတာလဲ။ သူက ဒီအတိုင်း PHD ကျောင်းသားလေးပဲလေ။ လောကမှာ PHD ကျောင်းသားတွေ သန်းကျော်ရှိတယ်]
[ငါတော့ မယုံဘူး။ဝူယန်က ငါတို့ကို အလကား သက်သက် အရူးလုပ်သွားတာပဲ]
[သူက ဒီကိစ္စကြောင့် ပြသနာတက်မှာတော့ သေချာတယ်]
[ဟွန့် အဲ့လိုတက်ဖို့ပဲ မျှော်လင့်တယ် လက်သီးပုံ လက်သီးပုံ]
[လုကျိုးကိုတော့ ငါ အရမ်း သိချင်တယ်။ သူက ဟွားကောင်း လူငယ် သတင်းစာမှာ ပါသွားခဲ့တဲ့ တစ်ယောက် မဟုတ်လား။ အခုတော့ လူတိုင်း နေ့စဉ်သတင်းစာကို ရောက်နေပြန်ပြီ။ သူက တကယ်ကိုကျော်ကြားတဲ့သူပဲ]
[…]
လူတိုင်း နေ့စဉ်သတင်းစာရဲ့ဆောင်းပါးက လူတိုင်းရဲ့စိတ်ကို ပြောင်းလဲစေခဲ့သည်။ ဝူယန်ရဲ့ ပရိတ်သတ်တွေက ဘယ်လောက်ပဲ ကြိုးစားပြီး ငြင်းခုန်ပါစေ ထိုကြီးမားလှသည့် မီဒီယာကြီးကိုတော့ မတော်လှန်နိုင်ကြပေ။
တဖြေးဖြေးနဲ့ လူနည်းစုလောက်ကသာ ဝူယန်ဘက်တွင် ရှိကြတော့သည်။
ထိုသူတွေက ဝူယန်ရဲ့ဝေ့ပေါ်အကောင့်ကို ရှာသည့်အခါ အကောင့်က အဘန်းခံလိုက်ရတာကို တွေ့လိုက်ရတော့သည်။ ဝူယန်က အဘန်းမခံရခင် ပိုစ့်တင်လိုက်သေး၏။
[ငါက ဝူယန်ပါ။ ငါ ဘယ်တုန်းကမှ မခိုးယူခဲ့ပါဘူး။ ငါ့မှာ ငါးသန်းကျော်တဲ့ ပရိတ်သတ်တွေ ရှိတယ်။ ငါက ခိုးယူပြီး ကျော်ကြားအောင် လုပ်ဖို့ လိုအပ်ပါ့မလား။ ငါက ဒီအတိုင်း ကိုးကားခဲ့ရုံပါ။ မင်းတို့ကောင်တွေ အားလုံးက သိပ္ပံပညာရှင်တွေလို…]
ယန်တက္ကသိုလ်တွင် ဖြစ်သည်။သတင်းထောက် တစ်ယောက်က လူငယ် တစ်ယောက်ကို တားကာ မေးလိုက်သည်။
“ဝူယန်နဲ့ လုကျိုးရဲ့ ဝေ့ပေါ်ပေါ်က ကိစ္စကို သိပါသလား”
ဝေ့၀မ်က မျက်မှန်ကို တွန်းတင်လိုက်ခဲ့သည်။ ထို့နောက် ပြော၏။
“မင်းက ငါ ဘာထင်လဲလို့ မေးချင်တာလား”
သတင်းထောက်က ပြုံးသည်။
“လုကျိုး အကြောင်း အရင် ပြောရအောင်ပါ။ မင်းတို့တွေ နိုင်ငံတကာ ပြိုင်ပွဲမှာလည်း ဆုံဖူးကြတယ် မဟုတ်လား။ သူ့ကို ဘယ်လိုမြင်လဲ”
ဝေ့၀မ်က တစ်ခဏလောက် တွေးတောပြီးသည့်နောက်မှ ပြန်ဖြေသည်။
“လေးစားရတဲ့ ပြိုင်ဘက်တစ်ယောက်”
တကယ်တမ်းတော့ လုကျိုးဆိုတာက ဝေ့၀မ်နဲ့ အလှမ်း ကွာလွန်းပေသည်။ ပြိုင်ဘက်လို့ကို မသုံးနှုန်းသင့်ပေ။ သို့သော် သူက ထိုသို့ပြောပြလိမ့်မည် မဟုတ်။ သူ့ရဲ့အဘိဓာန်တွင်တော့ သူက ဘယ်လိုအရာကိုမှ လက်လျော့လိမ့်မည် မဟုတ်ပေ။ ထို့နောက် သူက ထွက်ခွာသွားတော့၏။
“ခဏလေး နေပါဦး”
ဝေ့၀မ်က လှည့်ကြည့်သည်။
“ဘာကိစ္စ ရှိသေးလို့လဲ”
သတင်းထောက်က ဆက်မေးသည်။
“ဝူယန်ကိုရော ဘယ်လိုထင်ပါသလဲ။ မင်းက အိုင်အမ်အို နိုင်ငံတကာ အိုလမ်ပစ် သချာင်္ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကိုတောင် ရထားခဲ့တာပဲလေ။ ဝူယန်က လေးစားရတဲ့ ပြိုင်ဘက်လို့ ထင်ပါသလား”
ဝေ့၀မ်က မျက်မှောင် ကြုံ့ခဲ့လိုက်သည်။
“ဝူယန် ဟုတ်လား။ သူက အားနည်းလွန်းတယ်”
သတင်းထောက်က မင်သက်သွားခဲ့၏။ ဝေ့၀မ်က သတင်းထောက်ကို ထားကာ လျှောက်သွားခဲ့တော့သည်။
“ကွေ့ကျင်း သွားကြမယ်”
“အင်း”
ကွေ့ကျင်းဆိုတဲ့ ကောင်မလေးက ခေါင်းငြိမ့်ကာ နောက်မှ လိုက်သွားခဲ့သည်။ သတင်းထောက်က ကျန်ခဲ့လေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now