အခန်း197

128 16 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၉၇ သွားစရာရှိတယ်

နေ့လည်ခင်းတွင် တရုတ် အကယ်ဒမီသိပ္ပံ၏ သချာင်္သုတေသန ဓာတ်ခွဲခန်းထဲတွင် ပရော်ဖက်ဆာ ရှန်းဟွားလန်သည် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူသည် မျက်မှန်တပ်ထားကာ စာတမ်းဖတ်နေခဲ့၏။

သူ ဖတ်နေသည့် စာတမ်းသည် နှစ်စဉ်ဂျာနယ်မှ ထုတ်ဝေသည့် စာတမ်း ဖြစ်သည်။ သူ၏လက်ထဲတွင် ဘောပင်တစ်ချောင်း ကိုင်ထားသေးခဲ့ကာ သူကအချိန်တိုင်း စာရွက်ပေါ် ရေးနေခဲ့ပေ၏။ သူသည်သချာင်္နယ်ပယ်အား အထူးပြုကာ သုတေသနလုပ်သူဖြစ်သည်။

သုတေသန ရလဒ်အသစ်တွေသည် လတိုင်းထွက်လာလေ့ရှိကာ သူက ဂျာနယ်နာမည် မပျက်စေရန်အတွက် အားလုံးကို ဖတ်ပေသည်။ ရုတ်တရက် မမျှော်လင့်ထားသည့် ဧည့်သည်က သူ၏ရုံးခန်းထဲ ၀င်လာသည်။

ပရော်ဖက်ဆာ ရှန်းဟွားလန်က ခေါင်းမော့ကာကြည့်လိုက်သည့်အခါ ပရော်ဖက်ဆာ ၀မ်ယွီပင်း လျှောက်လာကြောင်း မြင်လိုက်ရသည်။
သူက မျက်မှန်ကို ချွတ်လိုက်ကာ အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

“ဟေး”

သူ၏ဘေးတွင် ထိုင်နေခဲ့သည့် ကျောင်းသားအားကြည့်ကာ သူက ပြောလိုက်သည်။
“ရှောင်လီ ပရော်ဖက်ဆာ၀မ်အတွက် လက်ဖက်ရည်ပြင်ဆင်ပေးလိုက်”

“ဟုတ်ကဲ့”
ရှောင်လီက ဘောပင်အား ချကာ ရိုသေလေးစားစွာဖြင့် ပရော်ဖက်ဆာအိုကြီး နှစ်ယောက်လုံးအတွက် လက်ဖက်ရည် ပြင်ဆင်ပေးသည်။

ပရော်ဖက်ဆာ ၀မ်ယွီပင်းသည် ပထမဆုံးအကြိမ်လာလည်ခြင်း မဟုတ်သည့်အတွက် သူက အသာအယာပင် ဆိုဖာပေါ် ၀င်ထိုင်လိုက်တော့သည်။
ပရော်ဖက်ဆာ ရှန်းဟွားလန်က လက်ထဲတွင်ရှိသည့် ဂျာနယ်ကို တဖျက်ဖျက်လှန်ကာ သူ၏မိတ်ဆွေအိုကြီးနှင့် စကားဆက် ပြောနေခဲ့သည်။

“မင်း သချာင်္ဆွေးနွေးပွဲမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေရတာလဲ”

“သူတို့က ငါ့ကိုဆုမှ မပေးတာ။ ငါက ဘာသွားလုပ်ရမှာလဲ။ မင်းရဲ့ရုံးခန်းကမှ ပိုမိုက်သေးတယ်”
ပရော်ဖက်ဆာ ၀မ်ယွီပင်းက ပြောသည်။ သူကပြုံးကာ ဆက်ပြော၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now