အခန်း59

590 86 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၅၉ ခွင့်စလစ် လိုချင်တာလား ၊ ငါ အရင် စမ်းသပ်ကြည့်မယ်.

သင်္ချာစွမ်းရည်ပြိုင်ပွဲ ဖြေဆိုရမည့် သုံးရက်တွင် ရူပဗေဒ အတန်းသာရှိသည်။
သူက အတန်းခေါင်းဆောင်ကို စိတ်အနှောင့်အယှက် မပေးချင်လေရာ သူ ကိုယ်တိုင် သွားပြောဖို့သာ ဆုံးဖြတ်လိုက်သည်။

ပထမဆုံး အတန်းစတဲ့နေ့ကို ပ်က္တာကေတာ့ မကောင်းဘူး မဟုတ္လား။

အတန်းနဲ့ပက်သတ်တဲ့ အချက်အလက်တွေကို ကျောင်းသားရေးရာက ထုတ်ပေးကာ ရူပဗေဒဆရာကို လီရုန်အန်းလို့ ခေါ်ကြောင်း သူသိရသည်။ ထိုသူက အဆင့်မြင့် ဘွဲ့ထူးတွေနဲ့ အောင်မြင်ထားခဲ့သည့် ပရော်ဖက်ဆာဟောင်းကြီး ဖြစ်သည်။ လုကျိုး ထိုဆရာရဲ့ ဖုန်းနံပါတ်ကို ရှာပြီး ဆက်ကြည့်လိုက်သည်။ ထို့ကြောင့် ဖုန်းမချခင်မှာ တစ္ဖက္သူက ရုံးခန်းထဲတွင်သာ ရှိသေးကြောင်း သူ သိလိုက်ရသည်။

သူက အထဲမ၀င်ခင်  တံခါး ခေါက်လိုက်သေးသည်။လုကျိုးက ခွင့်စလစ်ကို ခုံပေါ်တင်ကာ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

အတန်းပျက်ဖို့ ခွင့်လိုချင်တာလား
ပရော်ဖက်ဆာလီက မျက်မှန်ကို ချွတ်ပြီး စလစ္ကို ယူကြည့်သည်။

မင်းနာမည်က လုကျိုးမဟုတ်လား

ဟုတ်ပါတယ်

ပရော်ဖက်ဆာလီက ပြုံးသည်။
ကောင်းပြီ ငါ မင်းကို မေးခွန်းနှစ်ခု မေးမယ်။ အဲ့ထဲက တစ္ခုကို ဖြေနိုင်ရင် မင်းကို ခွင့်ပေးမယ်

ဘာလဲဟ
လုကျိုး ကျက်သေသေသွားသည်။

ဘာလဲ ကြောက်လို့လား
လီရုန်အန်း ပြုံးသည်။

မကြောက်ပါဘူး
လုကျိုး အမူအယာပြင်လိုက်ပြီး ဆက်ပြောလိုက်သည်။
ပရော်ဖက်ဆာ မေးပါခင်မျာ

အရင်ဆုံး ဒါကိုယူလိုက်
လီရုန်အန်းက သူ့ကို အေဖိုးစာရွက် ကမ်းပေးလာသည်။

မင်း အဆင်ပြေသလောက် ဖြေကြည့်။ ပြီးမှ ငါကြည့်မယ်

ဘာလဲ ကြိုတင် ပြင်ဆင်ထားတာလား
ထိုလူ တမင် ကြိုလုပ်ထားတယ်ဆိုတာကို လုကျိုး သိလိုက်သည်။
မဟုတ်ရင် အေဖိုးနဲ့ ပရင့်ထုတ်ပြီးသား မေးခွန်းက ဘယ်၇ှိနေပါ့မလဲ.

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now