အခန်း180

120 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၀ အဆင့်မြင့် ပုံစံငယ်

ပိုလီကော့ ကွန်ဂျက်တာသည် နှစ်ထပ်သုဒ္ဓကိန်းကွန်ဂျက်တာထက်တောင်မှ အဆင့်မြင့်သည့် ကွန်ဂျက်တာဟု ဆိုရပေမည်။ နှစ်ထပ် သုဒ္ဓကိန်း ကွန်ဂျက်တာအား လုကျိုးက သက်သေပြခဲ့ကာ တိုပိုလော်ဂျီဘနည်းပညာအား အသုံးပြုထားခဲ့သည်။

ကျန်းရိထန်းနှင့် အခြားသော သချာင်္ပညာရှင်တို့သည် မြောက်များလှစွာသော သုဒ္ဓကိန်းတွေကို နှစ်ပေါင်းမရေတွက်နိုင်အောင် သက်သေပြရန် ကြိုးစားခဲ့သော်လည်း လုကျိုးလောက် ပြီးပြည့်စုံတဲ့အထိ လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။

ထိုသူတွေ သက်သေပြခဲ့သည့် အကြောင်းအရာတွေအား အနှစ်ချုပ်ပြီးတော့မှ ပိုလီကော့ ကွန်ဂျက်တာနှင့် နီးစပ်သည့် အဖြေအား ထုတ်လာနိုင်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ပြီးပြည့်စုံသည့် စာတမ်းတစ်ခုရေးသားနိုင်၇န်အတွက်တော့ လိုအပ်နေသေးပေသည်။ သို့ရာတွင် နောက်ဆုံးအဆင့်ဖြစ်သည့် K=1 ဆိုသည့်အဆင့်အား ယခုအချိန်ထိ သက်သေမပြနိုင်သေးချေ။

နှစ်ထပ်သုဒ္ဓကိန်းတွေတွင် လုကျိုးက နယ်ပယ်မက်ဒယ်ဆုရရန် တစ်ပြေးနေသူတွေထဲတွင် စာရင်း၀င်သွားခဲ့သည်။ ပိုလီကော့ ကွန်ဂျက်တာကိုသာ သူသက်သေပြနိုင်ခဲ့လျှင် ထိုဆုကို သူ ကျိန်းသေပေါက်ရတော့မည် ဖြစ်၏။ သို့ရာတွင် K=သဘာ၀ကိန်းတွေအားလုံးဟု ရေးသားပြရန်က မလွယ်ကူချေ။ မည်သည့်အတွက်ကြောင့် ထိုသို့ညီမျှနေကြောင်း သက်သေပြရန် လိုအပ်နေသေး၏။

မတူသည့် ဖြစ်စဉ်တစ်ခုလုံးကို ဖြေရှင်းနိုင်ရန်အတွက် လုကျိုးတွင် နားလည်ထားပြီးသား နှစ်ထပ်သုဒ္ဓကိန်းကွန်ဂျက်တာသာလျှင် ရှိသည်။ ပိုလီကော့ ကွန်ဂျက်တာကို သက်သေပြချင်လျှင် လုကျိုးသည် မတူညီကွဲပြားသည့် သက်သေပြချက်တစ်ခုလုံးအား စဉ်းစားဖန်တီးရမည် ဖြစ်၏။

သူ၏သချာင်္အဆင့်သည် သုံးဖြစ်နေသော်လည်း ထိုသက်သေပြချက်အား လုပ်ဆောင်နိုင်ရန်အတွက် ဝေးကွာလွန်းနေသည်။ စနစ်က ၂၀၁၆ မှ တင်သွင်းအဆိုပြုခဲ့သည့် ထိုကွန်ဂျက်တာအား သက်သေပြစေချင်နေသည်။ ဆိုလိုသည်မှာ ၂၀၁၅ တွင် တင်သွင်းဖော်ပြခဲ့သည့် ပြသနာကိုပါ သူဖြေရှင်းရမည်ဆိုသည့် အဓိပ္ပာယ်သာ ဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now