အခန်း19

922 128 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ....Knowledge
အပိုင်း ၁၉ အသုံးပြုသူကိုလိမ်ညာတဲ့တာ၀န်သုံးခု

အာရုံခံစားမှုအရ အခုထွက်ပေါ်လာမဲ့တာ၀န်တွေက တော်တော်ကောင်းမွန်နေမယ်လို့သာသိနေသည်။ အထူးသဖြင့်သူပထမဆုံးတာ၀န်ကိုမြင်မြင်ချင်းခံစားမိလိုက်ခြင်းဖြစ်၏။

[တာ၀န် ၁..ဘယ်တော့မှလေ့လာစမ်းသပ်တာကို မရပ်တန့်လိုက်ပါနဲ့

ဖော်ပြချက်..ပြည်ထဲရေးဆိုင်ရာသုတေသနတက္ကသိုလ်ကိုပေါက်ကွဲထွက်စေပါ

ဆုလဒ်..ဘာသာရပ်ဆိုင်ရာအတွေ့အကြုံရမှတ်တွေအားလုံးကို တက္ကသိုလ်ကပေးအပ်တဲ့သုတေသနအမှတ်ပေါ်မူတည်ပြီး သတ်မှတ်မှာဖြစ်တယ် (အနည်းဆုံးအမှတ်ငါးထောင်) အထွေထွေအမှတ်တွေကိုတော့ စီးပွားရေးဆိုင်ရာဆုံးရှုံးမှုတွေဖြစ်ပျက်တဲ့ ပမာဏအနည်းအများပေါ်မူတည်ပြီး တွက်ချက်မှာဖြစ်တယ်။ တစ်ခါမဲနှိက်ခွင့်အခွင့်အရေး (ရှစ်ဆယ့်ငါးရာခိုင်နှုန်းအမှိုက် ဆယ့်ငါးရာခိုင်နှုန်း နမူနာပုံစံ)]

ဒါ ဒါဘာကြီးလဲ လုကျိုးချက်ချင်းပင်ကျယ်လောင်စွာအော်ပြောလိုက်မိသည်။ အဆင့်မြင့်စနစ်ကြီးက သူ့ကိုအချိန်အတော်ကြာကြီးလုပ်ဆောင်ရမဲ့တာ၀န်မျိုးပေးလာပြီဆိုတာကို သူနားလည်လိုက်သည်။

ဒီလိုတာ၀န်ကိုလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို သေချာပြင်ဆင်ပြီးလေ့ကျင့်ထားဖို့တောင် လိုအပ်နေသေးသည်။ တုန့်ဆိုင်းမှုမရှိဘဲ လုကျိုးနောက်တစ်ခုကိုကျော်ကြည့်လိုက်သည်။

[တာ၀န်၂..မင်းရဲ့မျက်လုံးထဲ သဲတစ်မှုန်တောင်မရှိစေနဲ့

ဖော်ပြချက်..ပညာရေးနယ်ပယ်မှာ အကျင့်ပျက်ခြစားမှုတွေအားလုံးကို ကာကွယ်ဖို့လိုအပ်တယ်။ ထိုကဲ့သို့ ပညာရေးဆိုင်ရာသုတေသနလုပ်ဆောင်သူခေါင်းဆောင်တွေက အရင်းအမြစ်တွေကို လိမ်လည်လှည့်စားပြီးယူဆောင်သွားမဲ့အစား အနာဂတ်ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် လေ့လာစမ်းသပ်တဲ့အပေါ်မြှုတ်နှံထားသင့်တယ်။ စစ်မှန်တဲ့ ကျောင်းသားတစ်ယောက်ဆိုတာက မျက်လုံးထဲမှာစပါးစေ့ ပြောင်းစေ့တစ်မှုန်တောင်မှ ၀င်မနေစေရပေ။ ပညာရေးနယ်ပယ်ပြီးမှာ စည်းကမ်းရှိဖို့လိုအပ်ပေတယ်။ ဦးဆောင်လိုက်ပါလူငယ်လေး

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now