အခန်း170

105 12 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း၁၇၀

ဒေတာတွေ ရရှိလာပြီဖြစ်သဖြင့် သူ မည်သို့ဖြေရှင်းရမည်ဆိုသည့် ပြသနာသာ ရှိတော့သည်။
ကွမ်တမ် ခ၇ိုမိုဒိုင်းနမိုက်နှင့် ပတ်သတ်သည့် သီအိုရီတွေသည် လိုအပ်နေသေးသည်။တိကျသည့် ရှုထောင့်မှကြည့်လျှင် နမူနာပုံစံတွေသည် သေးကွေးလွန်းကာ တိကျမှုမရှိပေ။

လုကျိုးသည် 10GB ဒေတာအား ခုနစ်ညလောက်ခွဲခြမ်းစိတ်ဖြာလာခဲ့တာ နောက်ဆုံးတွင်တော့ အနှစ်ချုပ်နိုင်ခဲ့သည်။သူသည် ပုံမှန်မဟုတ်သည့် ပုံပန်းသွင်ပြင် အခြေအနေအား ရှာဖွေခဲ့ကာ အတည်ပြုချင်နေသဖြင့် သူ့အနေနှင့် LHCအား အကြိမ်ရေ အနည်းငယ်တော့ဖြင့် အသုံးပြုရန်ဟလိုအပ်လာလေသည်။

သူ့တွင်ရှိနေခဲ့သည့် လက်ရှိဒေတာတွေသည် လုကျိုးအား ထိုသုံးဆစ်မြောက် အပိုင်းအခြားလေးအား အနှစ်ချုပ် ပြနိုင်ခြင်း မရှိပေ။ငါးညမြောက်တွင် လုကျိုးသည် ဒေတာတွေကိုယူကာ ပရော်ဖက်ဆာလုရှန်းကျန်း၏ သုတေသနရုံးခန်းသို့ သွားလိုက်သည်။ မည်သို့ပင်ဆိုစေ CERN အား သူဟကိုယ်တိုင်သတင်းပေးနိုင်စွမ်း မရှိပေ။ သူသည် အလုပ်သင်သာ ဖြစ်နေသေး၏။

လုကျိုးက သူ့အမြင်အား ပြောပြလိုက်သည့်အခါ ပရော်ဖက်ဆာလုသည် စိတ်၀င်စားမည်ဟု သူထင်သည်။ သို့သော် မကောင်းသည့် မှတ်ချက်ပြန်ပြောလာလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

“ဟိုက်ဒရွန် ကော်လီတာက မင်းပြောတဲ့ သီအိုရီအတိုင်း လည်ပတ်နေတာ မဟုတ်ဘူး။ 750 GeV ကို မင်း ပြောတဲ့အတိုင်း စီစဉ်ကြည့်လိုက်မယ်ဆိုရင်တောင်မှ အနည်းဆုံး 1.2TeV ဒါမှမဟုတ် 2TeV ပုံစံပဲ ဖြစ်လိမ့်မယ်။ LHC ရဲ့ပုံစံက အရမ်းတင်းကြပ်တယ်။ CERN ကလည်း မဆုံးနိုင်တဲ့ သုတေသနလုပ်ငန်းတွေ လုပ်စရာ ရှိသေးတယ်။ လူတိုင်းက သူတို့ရဲ့သီအိုရီတိုင်းသာ မှန်ကန်တယ်လို့ ယူဆကြမှာပဲ။ ဒါပေမဲ့ ရန်ပုံငွေက အကန့်အသတ် ရှိတယ်လေ”

လုကျိုးက လက်မလျော့ချင်သဖြင့် ဆက်ပြောလာသည်။
“ဒါပေမဲ့ ပရော်ဖက်ဆာ ကျွန်တော်တို့ အမှုန်သစ်ရှာတွေ့တာမှ မဟုတ်ပဲ။ ဒီအတိုင်း ဒါကို အခွင့်အရေးတစ်ခုလို့ သတ်မှတ်လို့ မရဘူးလား”

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now