အခန်း20

900 114 5
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ..Knowledge

အပိုင်း၂၀(နတ်ဘုရားနှစ်ပါးက အမွိုက္ကိုသယ္ထားတာလား)

စနေနေ့နေ့လည်ခင်းတွင် လုကျိုးက သင်္ချာခွဲခြားစိတ်ဖြာခြင်းစာမေးပွဲကို ပြီးဆုံးသွားပြီးသည့်နောက် စာရွက်ကို ထည့်လိုက်သည်။ ထို့နောက် အဖိုးကြီးထန်းရဲ့ ရုံးခန်းသို့ ထွက်လာခဲ့လိုက်ပါ၏။ သူအထဲကို ဝင်လိုက်တာနဲ့ ရုံးခန်းထဲမှာ လူတော်တော်များများမတ်တပ်ရပ်နေတာကို တွေ့ရတော့ အံ့အားသင့်သွားရသည်။ ပါမောက္ခထန်းအပြင် ဒင်းလုပင် ရှိနေသည်မဟုတ်ဘဲ ပါမောက္ခ ကျန်းကျုံးကျီပါ ရှိနေသည်။ ကျန်းကျုံးကျီကတော့ ဆော့ဝဲတက္ကသိုလ်ကွန်ပြူတာဌာနမှ ဒါရိုက်တာဖြစ်သည်။ သူ့ရဲ့နာမည်က ကွန်ပြူတာနယ်ပယ်မှာ အတော်လေးနာမည်ရလေကာ လုကျိုးက သူ့အတန်းတစ်ခုမှကို မတက်ဖူးတာတောင်မှ သူဘယ်သူမှန်း သိပေသည်။

ဒါ့အပြင်ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်လည်းရှိနေသေးသည်။ ကောင်လေးက မျက်မှန်ဝတ်ထားပြီး သူ့အရပ်က မရှည်လည်းမရှည်သလို ပုလည်းမပုပေ။ သူက သာမန်ရုပ်ရည်ရှိကာ သိပ်ထင်းထွက်မနေပေ။ သို့ရာတွင် ဒီမွာ ရပ်တန့်နေတဲ့အခါမှာတော့ ဒီကောင်က ပါရမီဆန်တဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေတယ်လို့ လုကျိုး ခံစားလိုက်မိသည်။ ကြည့်ရတာတော့ ပါမောက္ခထန်းပြောထားတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်လောက်သည်။

ဒီကောင်က အထက်တန်းကျောင်းမှာတုန်းက နိုင်ငံတကာ ကွန်ပြူတာဒီဇိုင်းပြိုင်ပွဲမှာ နှစ်ကြိမ်တောင်အနိုင်ရခဲ့ဖူးသူဖြစ်မယ်လို့ လုကျိုး တွေးလိုက်မိပေသည်။

ဒီကောင်က တကယ့်ပါရမီရှင်ပဲ။

လုကျိုး သူ့စိတ်ထဲမှ ထိုသို့တွေးလိုက်ဖြစ်သည်။ ကောင်မလေးကိုတော့ သူလစ်လျှူရှုထားလိုက်၏။ သူမေဘးက တည်ရှိမှုက မှားယွင်းနေတဲ့အပြင် ဒုတိယအနေနဲ့ သူမပုံစံလေးက အားနည်းတဲ့ပုံစံလေးဖြစ်နေသောကြောင့်ဖြစ်သည်။

သို့သော် လုကျိုးအံ့သြရတာကတော့ ထိုကောင်မလေးကပဲစပြီး သူ့ကို နှုတ်ဆက်လာသောကြောင့်ဖြစ်သည်။ ကောင်မလေးက ပင်ကိုယ်ဆန်ဆန်ပြုံးရင်းပြောသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now