အခန်း90

475 71 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၀ ကိုယ့်ကိုယ်ကို ချစ်တာကလည်း ရောဂါတစ်မျိုးပဲ

လုကျိုးက အက်ပလီကေးရှင်း နာမည်ကို ပြောင်းလိုက်ရုံတင်မကဘဲ သူတို့ ကလပ်နဲ့ ကုမ္ပဏီရဲ့နာမည်ကိုပါ ပြောင်းလိုက်ခဲ့သည်။ ကျောင်းတွင်း လက်ထောက် အက်ပလီကေးရှင်းက ပထမဆုံး တစ်ကြိမ် အဆင့်မြှင့်တင်ရမည် ဖြစ်သည်။ အဆင့်မြှင့်တင်ပြီးသွားတာနဲ့ အက်ပလီကေးရှင်းကို ကျောင်းတွင်း လက်ထောက် ၁.၀ အဖြစ် ခေါ်ဆိုတော့မည် ဖြစ်သည်။

ကျောင်းတွင်း လက်ထောက်ကို အဆင့်မြှင့်တင်ပြီးသွားတဲ့အခါ ကျောင်းတွင်း ရထားတွင် ရှိသည့် ဖန်ရှင်တိုင်း ပါဝင်မည်ဖြစ်သလို နောက်ထပ်အသစ် ထပ်ထည့်ထားသည့် ဖန်ရှင်တွေလည်း ပါဝင်မည် ဖြစ်သည်။ ဒါ့အပြင် ထိုကဲ့သို့ အဆင့်မြှင့်တင်ဖို့အတွက် လိုအပ်သည့်အသေးစိတ် ဖန်ရှင်တွေ အားလုံးကို အဓိကအနေနဲ့ ကုတ်တွေ ပြန်ရေးဆွဲကာ အသုံးပြုသူတွေအတွက် လိုအပ်မယ့် အချက်ပေါင်းများစွာကိုလည်း ထပ်ဖြည့်သွားမည်ဖြစ်သည်။

သို့ရာတွင် ထိုအချိန်တွင်တော့ လုကျိုးက ဒီတိုက္ပြဲကို တစ်ယောက်တည်း တိုက်ခိုက်ရတော့မည် မဟုတ်ဘဲ သူ့နောက်ဘက်တွင် သူ့ကို ထောက်ပံ့ပေးနေမည့် အဖွဲ့တစ်ခုကတော့ ရှိနေလိမ့်မည် ဖြစ်သည်။

ကုတ္ကို အဓိက ရေးဆွဲမှာကတော့ နည်းပညာ မန်နေဂျာဖြစ်တဲ့ ရုန်ဟိုင် ဖြစ်သည်။ ဒါ့အပြင် တတိယနှစ် ဆော့ဝဲကျောင်းသား နှစ်ယောက်အပြင် ပထမနှစ်ကျောင်းသားအချို့ကလည်း ပါဝင်ကူညီကြမည် ဖြစ်သည်။

အသုံးပြုသူတွေရဲ့ ဒီဇိုင်းပုံစံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ပရောဂျက် မန်နေဂျာက ကိုယ်တိုင် လုပ်ဆောင်ရမည် ဖြစ်သည်။ လုကျိုးက ယွမ်လီဝေ့ဟာ နိုင်ငံတကာ တက္ကသိုလ်စီးပွားရေး ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုကို နှစ်ကြိမ်တောင် ရခဲ့ဖူးတာကို သိလိုက်ရသည်။ ဒါကြောင့် ထိုသူ့ကို ပါရမီရှင်အဖြစ် သတ်မှတ်နိုင်၏။

အစည်းအဝေးတွင် သူ့ဆုံးဖြတ်ချက်တွေအရ ကျောင်းတွင်းလက်ထောက်ကို ဖန်ရှင်အသစ်တွေထည့်ပြီး ပြန်လည်ဖန်တီးဖို့အတွက် အတည်ပြုနိုင်ခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now