အခန်း129

461 46 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၂၉ သတ္တိတွေ ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်

လုကျိုးက စာတမ်း ရေးသားနေချိန်တွင် လုကျိုး ဝှိုက်ဘုတ်တွင် စာရေးနေသည့် ဗီဒီယိုဖိုင်က တွစ်တာတွင် ထရန့်တင်း ၀င်နေခဲ့လေသည်။ လုကျိုးက အီဗေ ဒဏ္႑ာရီ ကျောင်းသူကျောင်းသားတွေကြား အလွန်ကျော်ကြားနေခဲ့၏။ ဒါ့အပြင် အိမ်တွင်းပုန်း အထက်တန်း ကျောင်းသူကျောင်းသားတွေ ကြားမှာတောင်မှ ကျော်ကြားနေသေးပေသည်။

ဗဟုသုတေတြကို ကိုးကွယ်တာမျိုးက အမေရီကန်တွေရဲ့ ရိုးရာမဟုတ်ပေ။ လူတိုင်းရဲ့ ဗဟုသုတေတြက စိတ်၀င်စားသည့် နယ်ပယ်အလိုက် ကွာခြားတတ်သည်ပဲ။ တစ်ယောက်ယောက်ကသာ ငါ ပါတီမတက်တော့ဘူး အိမ္စာပဲ လုပ်တော့မယ်လို့ ပြောလာပါက ထိုသူကို အားလုံးကဝိုင်းပြီး ငကြောင်လို့ ခေါ်ကြပေလိမ့်မည်။

ငကြောင်တွေက အတန်းထဲတွင် အလှောင်ခံရတတ်သလို အားကစား လုပ်သည့် အချိန်တွင်လည်း အခြားသူတွေ အနိုင်ကျင့်တာကို ခံရတတ်ပေသည်။ ဆရာဆရာမတွေကတောင်မှ ကလပ် လှုပ်ရှားမှုတွေ မ၇ှိသူမျိုးကို မကြိုက်ကြပေ။

ထို တစ်ကိုယ်ထဲ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သည့် ငကြောင်လေးတွေရဲ့ မျက်လုံးထဲတွင် လုကျိုးက အလွန် တောက်ပနေတော့သည်။ သူတို့အလှောင်ခံရတော့ရော ဘာဖြစ်လဲ၊ သူတို့ လုကျိုးလို မာကာလေး တစ်ချောင်းကိုင်ရုံနဲ့ အားလုံးက လေးစားအားကျရတဲ့ သူ ဖြစ်အောင် လုပ္လို့ရေနတာပဲ။

လုကျိုးက တိုက္ပြဲရဲ့ လေးစား အားကျဖွယ်ရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် သူက ဝှိုက်ဘုတ်တွင် နောက်ဆုံး စာကြောင်းကို ရေးပြီးသွားတဲ့အခါ လူထုက လက္ခုပ္တီးကာ အားပေးရသည်။ ထိုမြင်ကွင်းက လူထုကို အလိုလိုကို ခံစားချက်ကောင်းကာ အားကျလာစေသည်။ ယူကျု့တွင်လည်း ကွန်းမန့်တွေ ပေါက်ကွဲ ထွက်ကုန်တော့သည်။

[ ယေရှု၊ ဒါက ဘတ်စကတ်ဘော ကစားနေတဲ့အတိုင်းပါလား]

[ ဟုတ်ပဟယ် မဟာ ပန်းကန်လုံးဆိုတဲ့ ပညာရှင်အစီအစဉ်ကို စောင့်ကြည့်ရတာထက်တောင် စိတ်လှုပ်ရှားစရာ ကောင်းသေးတယ်]

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now