အခန်း49

659 97 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၉ ငါရှုံးပြီ

ငါရှုံးပြီ

လုကျိုး ကျောင်း၀က်ဆိုဒ်ကို တစ်ချက်ကြည့်ဖို့အတွက် အကောင့်ထဲ၀င်လိုက်သည်။

ထိုနေရာတွင်ကြေငြာချက်တစ်ခုရှိနေမှန်း လုကျိုးပင်မသိထားပေ။

ဘယ္သူကမ်ား စာတမ်းရေးတာက ပိုက်ဆံရမယ်လို့တွေးမိမှာလဲ။

ဒါတွေအားလုံးက အစည်းအဝေးကြောင့်သာဖြစ်သည်။ ဆုကြေးငွေရဲ့စည်းမျဉ်းကို ၀က်ဆိုဒ်တွင်ကြေငြာထား၏။

[ဆုကြေးငွေပမာဏ ={1F+1} 5000ယွမ်]

အိုင်အက်ဖ်ဆိုတာက ဂျာနယ်တွင်ရေးသားထားသည့် စာတမ်းရဲ့အကျိုးသက်ရောက်မှုကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာအနေနဲ့ သီအိုရီနဲ့သချာင်္နိုင်ငံတကာဂျာနယ်ရဲ့အကျိုးသက်ရောက်မှုရလဒ်ကတော့ ၃.၃၁၀ဖြစ်သည်။ သူကသချာင်္စာတမ်းနှစ်ခုက်ို ထိုနေရာတွင်ထည့်သွင်းခဲ့ကာ ကျောင်းက သူ့ကိုယွမ်လေးသောင်းတစ်ထောင့်သုံးရာပေးရမည်ဖြစ်သည်။ ပါမောက္ခထန်းပြောသည့် အပိုဆုကြေးငွေအရ သိပ္ပံသုတေသနလုပ်ခွင့်ဖောင်တွေလည်းရရှိမှာဖြစ်သည်။ နောက်ပြီး အခွန်ဥပဒေ၀င်ငွေနံပါတ်လေးအရ အခွန်ကင်းလွှတ်ခွင့်လည်းရရှိမှာဖြစ်သည်။ အခြားစာတမ်းကိုးခုကတော့ ဆုရလိမ့်မည်မဟုတ်ပေ။

ထိုစာတမ်းတွေကို  အက်စီအိုင်စာတမ်းအနေနဲ့ သူတို့သတ်မှတ်ထားတယ်ဆိုရင်တောင်မှ အထွေထွေဂျာနယ်လောက်တွင်သာ ဖော်ပြလောက်ပေသည်။

ဒါကိုလည်း မြင်ရော လုကျိုးရင်ကွဲနာကျသွား၏။ စီအီးအိုရဲ့တွက်ချက်မှုအရ သူ့ရဲ့စာတမ်းကိုးခုက သံသယရှိစရာမလိုလောက်အောင်ကိုပင် တန်ဖိုးကြီးမားသည်။ သူ့ကိုယ်သူ ယွမ်တစ်ရာ့ငါးဆယ်ထဲနဲ့ရောင်းစားလိုက်သလိုတောင် ခံစားလိုက်ရ၏။

ဖြစ်ပြီးသွားမှတော့ နောင်တရနေလို့မထူးတော့ပါဘူး...

သို့ရာတွင် ရှင်းရှင်းလင်းလင်းတွေးတောကြည့်မယ်ဆိုရင်တောင်မှ ဆုံးရှုံးလားမြတ်လားဆိုတာက ပြောပြဖို့ခက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now