အခန်း117

421 46 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၁၇ ပရင်ဆယ်တွန်သို့ ရောက်ရှိခြင်း

ပြန်ရောက်ပြီးနောက် လုကျိုးက သူ့ရဲ့စွမ်းအင်တွေ အားလုံးကို အသုံးပြုကာ အကယ်ဒမီဆွေးနွေးပွဲအတွက် ပြင်ဆင်လေတော့သည်။ သူက မာစင်း သုဒ္ဓကိန်းဖြန့်ဝေခြင်းနဲ့ ပတ်သက်တဲ့စာတမ်းကို ပြန်လည်ဆင်ခြင် ပြင်ဆင်ကာ မရေမတွက်နိုင်လောက်အောင် သီအိုရီပေါင်းများစွာကို ထပ္ကာတလဲလဲ ဖတ်ရှုမှတ် လေ့လာခဲ့ပေသည်။ မည်သို့ပင်ဆိုစေ သူက ကျောင်းရဲ့ ဂုဏ်သရေဆောင်အဖြစ် ကိုယ်စားပြုသွားရမည်ဖြစ်သည်။

ကျင်းလင် တက္ကသိုလ်က သူ့ရဲ့ ပရင်ဆယ်တွန် ခရီးတွင်ထောက်ပံ့ ပေး၏။ သူတို့က သူ့အတွက် လေယာဉ်လက်မှတ်ဖိုးတင် ပေးရုံတင်မကဘဲ သူ့ရဲ့ ကုန်ကျစရိတ်အဖြစ် ယူအက်ဒီဒေါ်လာ နှစ်ထောင်ကိုတောင်မှ ထပ်ပေးခဲ့သေးသည်။ ဒင်းချင်းက ဒေါ်လာနှစ်ထောင်က နည်းပါးတယ်လို့ ဆိုနေသေးကာ လုကျိုးအား ပြန်လာတဲ့အခါမှာ ထပ်ကုန်ကျစရိတ်တွေကို သူတို့က ထပ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သေး၏။

လုကျိုးကို ပရော်ဖက်ဆာထန်းက လေဆိပ်လိုက်ပို့သည်။တစ်လမ်းလုံး သတိထားသင့်တာတွေကို မှာကြားနေပေ၏။

လုကျိုး ပြန်ပြောလိုက်သည်။
ကျွန်တော် နားလည်ပါတယ် ပရော်ဖက်ဆာ ၊ကျွန်တော်အသက်ရှင်လျက် ပြန်လာခဲ့ပါမယ်

လုကျိုး ထိုစကားပြောလိုက်ပြီးတော့မှ သူ နောင်တရသွားခဲ့သည်။ ခဏလောက် နေပါအုံး။ ငါ သူ့ကို စလိုက်မိတာလား။

ဘာကို အသက်ရှင်လျက် ပြန်လာခဲ့မှာလဲ ဟင် ၊မင်း ဘာစကားပြောလိုက်တာလဲ
ပရော်ဖက်ဆာထန်း စိတ်ဆိုးသွားတော့သည်။ လုကျိုးရဲ့ခေါင်းကို ရိုက္ကာ ပြော၏။

ငါပြောတာ နားထောင်စမ်း ၊အဲ့ဒီမွာရွိတဲ့ phd ကျောင်းသား တစ်ယောက်နဲ့ ငါ မင်းကို မိတ်ဆက်ပေးထားတယ်နော် ၊သူ့နာမည်က လျှိုဝမ်ရွှမ်းတဲ့ မင်းလေယာဉ်ပေါ်က ဆင်းတာနဲ့ ငါမင်းကို ပြောတဲ့ ဘတ်စ်ကား လမ်းကြောင်းအတိုင်း သွားလိုက်၊ အဲ့ဒီမွာ ပရင်ဆယ်တွန်ကို ရောက်လိမ့်မယ် ။သူက မင်းကို ဘစ်စကားဂိတ်မှာ လာခေါ်လိမ့်မယ်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now