အခန်း152

132 16 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၅၂ မင်း လုပ်မလား ငါ လုပ်ရမလား

အကယ်ဒမီ ပညာရှင်တွေ အလုပ်များသည်မှာ သာမန်သာ ဖြစ်သည်။အကယ်ဒမီ ပညာရှင်တစ်ယောက်၏ လက်အောက်တွင် သင်ယူခြင်းသည် ပရော်ဖက်ဆာ တစ်ယောက်၏ လက်အောက်တွင် စာသင်ရခြင်းထက် အချိန်ပို ပိုများပေသည်။

လုကျိုး ထိုအချက်အား နားလည်လိုက်တော့သည်။ ရုံးခန်းထဲတွင် စားပွဲငါးလုံး ၇ှိသည်။ တစ်လုံးသည် ပရော်ဖက်ဆာ လုရှန်းကျန်း၏ စားပွဲ ဖြစ်သည်။ ကျန်လေးလုံးသည် လုကျိုးနှင့် အခြားသော phd ကျောင်းသားတွေရဲ့ စားပွဲတွေ ဖြစ်သည်။ ရုံးခန်းသည် လွတ်နေသည်က များပေသည်။

ကျင်းလင် တက္ကသိုလ်တွင် အမှုန် ကော်လီဒါ မ၇ှိပေ။ ထို့ကြောင့် အများစုသော သုတေသနတွေအား ပေကျင်းတွင်သာ လုပ်ရပေသည်။ သူသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းတွေ ဖြစ်သည့် BESIIIနှင့် LHCBတို့တွင် အဖွဲ့သားတစ်ယောက်ဖြစ်သည်။

သူသည် တိုင်းပြည်အနှံ့ အစည်းအဝေးတွေ မကြာခဏ တက်ရသည်။ လုကျိုးက ထိုပရော်ဖက်ဆာ၏ phd ကျောင်းသားဖြစ်ပြီးနောက် တွေ့ခွင့်ရသည့် အချိန်သည် လက်တစ်ဆုပ်စာပင် မ၇ှိချေ။

ထိုလူအိုကြီးသည် သူ့ကို ဗာ့ကု့ ဆိုင်လာဘက်ကို ပေးခဲ့သော်လည်း ကိုယ်တိုင် သင်ပေးခြင်းတော့ မ၇ှိသေးချေ။ လုကျိုးသည် သူ ကိုင်တိုင်သာ လေ့လာနေရပေသည်။

လုကျိုးသည် ရူပဗဒ လက်ချာတန်းတွေ သွားတက်သည်။ ထိုသို့ဖြင့် သူသည် ရူပဗဒ ပရော်ဖက်ဆာတွေနှင့်ပင် ရင်းနှီး ကျွမ်း၀င်လာတော့သည်။ သူ့တွင် ကိုယ်တိုင် လေ့လာသည့် အစီအစဉ် ရှိသည်။ လက်၇ှိအခြေအနေသည် ဘွဲ့မရခင်ကနှင့် သိပ်မကွာဟုပင် သူထင်သည်။

သို့ရာတွင် သည်နည်းသည် သူ့အတွက် အဆင်ပြေသည်ဟု ဆိုရပေမည်။ တစ်စုံတစ်ယောက်ကသာ သူ့ကို အလောတကြီးဖြင့် နေ့တိုင်း အိမ်စာလုပ်ရန် ပြောလာပါ အဆင်မပြေနိုင်တော့ချေ။

သူသည် စနစ်က ညွှန်းပေးထားသည့် စာအုပ်တွေကို နေ့တိုင်း ဖတ်သည်။ ထို့နောက် အချို့သော ကွမ်တမ် စာအုပ်တွေကို ဖတ်သည်။ သို့မဟုတ် သူ လက်ချာတန်းတွေ တက်သည်။ အာရုံစိုက်ဆေး အလုံး သုံးဆယ်သည် သူ့အတွက် အလွန်အဆင်ပြေခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now