အခန်း၁၄

932 119 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ... Knowledge

အပိုင်း ၁၄(အလုပ်ရသွားတဲ့ပါရမီရှင်)

[လျှို့လွေ့ .. သင်္ချာကအရမ်းခက်တာပဲ။ကွက်လပ်ဖြည့်တဲ့မေးခွန်းတွေက ငါးခုမြောက်ကို ငါဘာမွ မဖြေနိုင်ခဲ့ဘူး နောက်ဆုံးမေးခွန်းဖြစ်တဲ့ အဖြေမှန်ရွေးတဲ့နေရာမှာလည်း မှားခဲ့သေးတယ် နောက်ဆုံးတော့ အဖြေမှန်တယ်လို့ထင်ခဲ့ပေမယ့် အား ငါ စုတ်ဖြဲမိတော့မယ် ငါတော့ နောက်ထပ်တစ်ခါ ပြန်ဖြေဖို့စောင့်ရတော့မယ်ထင်တယ်]

 

လုကျိုးက သူ့သူငယ်ချင်းတွေတင်ထားတဲ့ ပိုစ့်တွေကို လိုက်ကြည့်နေရင်း လျှို့လွေ့ရဲ့ပိုစ့် ကို မြင်လိုက်တော့ သူ့ရဲ့ နှုတ်ခမ်းတွေ ရှုံ့မဲ့သွားရပြီ။ သူချက်ချင်းပင် ထို Post ကို  မှတ်ချက်ပေးဖို့အတွက် ဟိုရွေ့ဒီရွေ့လုပ်နေတဲ့လက်ကို ရပ်လိုက်၏။

[ကွပ်လပ်ဖြည့်တဲ့နေရာက ငါးခုမြောက်နံပါတ်မှာ ဖြည့်ရမယ့်အဖြေက  နောက်ဆုံးအမှန်ရွေးရတဲ့ မေးခွန်းရဲ့အဖြေက ဘီ]

သင်္ချာသငေ်္ကတတွေကို ဖုန်းမှာ ရိုက်နှိပ်ရတာက ခက်ခဲပေသည်။ သူချက်ချင်းပင် ရိုက်နှပ်ပြီးတာနဲ့ ပို့လိုက်၏။

ဘယ်လောက်သက်တောင့်သက်သာရှိလိုက်သလဲ။

လုကျိုး သူ့ရဲ့ဖုန်းကို ပြန်ချထားလိုက်လေရင်း ချက်ချင်းပင် ဆက်လက်စားသောက်တော့သည်။ ရုတ်တရက် သူ့ရဲ့ ဖုန်းက တုန်ခါလာ၏။ သူ တက်လာတဲ့စာတန်းလေးကို ကြည့်လိုက်တော့ လျှို့လွေ့စာပြန်ထားတာကို တွေ့လိုက်ရသည်။

ဘာလဲ ဒီကောင် စာပြန်တာ မြန်လှချည်လား။

လုကျိုးလည်း အနည်းငယ် အံ့အားသင့်သွားလေရင်း သူ့ရဲ့ သတင်းသစ်တွေကိုကြည့်ရှုသည့် စာမျက်နှာသစ်ကိုဖွင့်လှစ်လိုက်တော့သည်။

[လျှို့လွေ့ ..  အေမဟုတ်ဘူးလား]

လုကျိုးရယ်ချင်သွားကာ ခေါင်းရမ်းလိုက်လေရင်း ထိုရွေးချယ်ခဲ့ရသည့်မေးခွန်းကို ပြန်ပြောင်းအမှတ်အမှတ်ရလိုက်သည်။ သူ့ကျောပိုးအိတ်ထဲက အကြမ်းစာရွက်တစ်ရွက်ကို ထုတ်လိုက်လေရင်း တွက်နည်းအဆင့်ဆင့်ကို ချရေးလိုက်တော့သည်။ ထို့နောက်အလင်းရောင်ကောင်းကောင်းဖြင့် ရိုက္ကာ ဓါတ်ပုံပို့လိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now