အခန်း33

761 107 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ SunFlower
အပိုင်း ၃၃

လိုကျိုး သူ့ရဲ့လွယ်အိတ်ထဲကို ပစ္စည်းတွေပြန်သိမ်းလေရင်း အဆောင်သို့ အရင်ပြန်လာလိုက်သည်။ သူရေချိုးပြီးတဲ့နောက် မသန့်ရှင်းတဲ့အဝတ်အစားတွေ လဲလွယ္လိုက္ကာ တိတိ အငှားယာဉ်မောင်းသူကို ခေါ်ဖို့ ကျောင်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။ သူက ကားမောင်းသမားကို စီးပွားရေးလိပ်စာကတ်လေးကို ပေးလိုက်သည်။

ကျင်းလင်မြို့က နွေရာသီတွင် အလွန်ပူသည်။ မည်သို့ပင်ဆိုစေ သူ့ရဲ့ကားခကလုံလောက်ပေသည်။ ဘတ်စ်ကားစီးရင်း ချေွးအထွက်များစေမယ့်အစား အငွားကားသာ ငွားသြားဖို့ သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သိပ်မကြာခင်အချိန်မှာပင် အငွားကားက အဆောက်အဦတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့ကာ ထိုအဆောက်အဦကိုတော့ ခရမ်းရောင်ဥယျာဉ်လို့ခေါ်သည်။ လုကျိုးကားပေါ်က ဆင်းလိုက်လေရင်း ချက်ချင်းပင် မော့ကြည့်လိုက်သည်။ သူချက်ချင်းပင် ထိတ်လန့်သွား၏။ ထိုနေရာကြီးက ဥယျာဉ်ဆိုတဲ့နာမည်နဲ့ တကယ္ကို လိုက်ဖက်ထိုက်တန်ပေသည်။

သစ်ပင်တွေအားလုံးက တိတိပပပိုင်းဖြတ်ခံထားရသည်။ ထိုနယ်မြေတစ်ခုလုံးက စီးပွားရေးအရ အချက်အခြာကျသောနေရာတွင် တည်ရှိနေခြင်းဖြစ်သည်။ ထိုနယ်မြေတွင် စိမ်းလန်းနေတဲ့ပတ်ဝန်းကျင်လည်းရှိသလို အဆောက်အဦပုံစံကလည်း ဇိမ်ခံမှန်းသိသာပေသည်။ ဒီနေရာမှာ နေစရိတ်က မရုံနိုင်လောက်အောင် မြင့်မားမှာသေချာပေ၏။ ပညာရှင်တွေသာ ဒီနေရာမှာနေနိုင်လို့ ဒါကြောင့်ခေါ်ကြခြင်းဖြစ်လောက်ပေသည်။

မာစန်းနီသုတၳကိန်းတွေကို ဖြေရှင်းနိုင်ရင် ရမယ့်ပထမဆု သန်းတစ်ရာကို မေ့ထားလိုက်ရင်တောင်မှ ဘီးလ်ရဲ့ကွန်ဂျက်တာကို ဖြေရှင်းနိုင်ခဲ့ရင် ယူအက်စ်ဒေါ်လာ တစ်သန်းရရှိမှာလည်းဖြစ်သည်။ အဲ့လိုဆိုရင်တောင်မှပဲ ဒီနေရာက အဆောက်အဦတစ်ခန်းတစ်ခုကို ဝယ်ယူဖို့ မဖြစ်နိုင်သေးပါချေ။ လုကျိုး အစောင့်ကို တစ်ချက်ကြည့်လိုက်လေရင်း ထိုအစောင့်က သူ့ကိုပြန်ကြည့်တာကို တွေ့လိုက်ရသည်။ လုကျိုးက ဒီမှာမနေမှန်း အစောင့်က သိတာမို့လို လုကျိုးကို အထဲသို့ဝင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now