အခန်း176

110 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၇၆

ထိုသတင်းနှင့် ပက်သတ်ပြီး ပထမဆုံး ထုတ်​ေ၀လိုက်သည့် မီဒီယာ ရီပို့သည်   ဘရစ်ဒစ်မှ အစောင့်အရှောက်ဆိုသည့် ဂျာနယ်မှ ဖြစ်ပေသည်။ သတင်းထောက်သည် မှင်သက်ဖွယ်ကောင်းလွန်းလှသည့် ခေါင်းစဉ်အား အသုံးပြုထားသေး၏။

“CERN က လက်တွေ့စမ်းသပ်မှုကနေပြီး ထူးခြားသည့် ဖြစ်စဉ်တွေကို ဖမ်းဆုပ်မိခဲ့တယ်၊ ကျွမ်းကျင်ပညာရှင်တွေက ပြောတာတော့ ဒီရှာဖွေတွေ့ရှိမှုက မဟာ ဆိုင်မက်ထရစ် အမှုန်နဲ့ ပတ်သက်နေတယ်လို့ ဆိုကြတယ်၊ ပြီးတော့ ဒီလိုရှာဖွေတွေ့ရှိခဲ့တာက အလုပ်သင်တစ်ယောက်ပါပဲ။”

အနောက်ပိုင်းမှ လာသည့် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တို့ဖြင့် ဟိုက်ဒရို ကော်လီတာနယ်ပယ်တစ်ခုလုံးအား ထိုသတင်းက လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် အခြားသော မီဒီယာတွေကလည်း ထိုအလုပ်သင်နှင့် ပတ်သက်သည့် အကြောင်းအရာတွေကို ဖော်ပြလာကြသည်။ များစွာသော လူတို့ အံ့သြကြရသည်။

အထူးသဖြင့် ဂျာမနီမှ ဖိုးကပ် အပတ်စဉ် ဂျာနယ်ဖြစ်သည်။ ထိုဂျာနယ်သည် လူတိုင်း၏ အာရုံစိုက်မှုအား ဖမ်းဆုပ်လိုက်နိုင်၏။ အကြောင်းမှာ ထိုဂျာနယ်ထဲတွင် လုကျိုး၏ အကြောင်းအရာတွေအား ဖော်ပြထားသောကြောင့် ဖြစ်သည်။

"750 GeV ၏ ပုံပန်းသွင်ပြင် လက္ခဏာတွေကို ရှာတွေ့ခဲ့တဲ့ အလုပ်သင်က ကျင်းလင်တက္ကသိုလ်က မာစတာ ကျောင်းသားတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ အောင်မြင်မှုတွေက ရူပဗေဒနယ်ပယ်တင် မကဘဲ သင်္ချာနယ်ပယ်တောင်မှ ကျော်ကြားနေခဲ့သေးတယ်။ သူက ပရင်ဆယ်တွန် သင်္ချာ ဆွေးနွေးပွဲတစ်ခုမှာ အကောင်းဆုံးလူငယ် ပြောရေးဆိုခွင့် ရှိသူဆုကို ရရှိသွားခဲ့တယ်။ သူက ဒီနှစ်ရဲ့ နှစ်ထပ်သုဒ္ဓကိန်း ကွန်ဂျက်တာကို ဖြေရှင်းနိုင်ခဲ့တဲ့သူလည်း ဖြစ်တယ်။"

“ကျွန်တော်တို့ရဲ့ သတင်းထောက်က လူကြီးမင်း ဖရန့်စီနဲ့ အင်တာဗျူးခဲ့တယ်၊ ဗဟိုအစိုးရ သင်္ချာအဖွဲ့အစည်းတစ်ခုလုံးရဲ့ ဥက္ကဌဖြစ်တဲ့ ဖရန့်စီနဲ့ပေါ့။ နောက်ပြီး မက်ဒယ်ဆုတွေ ရရှိခဲ့ဖူးတဲ့ လူကြီးမင်း အက်ဒဝပ် ဝတ်တန်နဲ့လည်း အင်တာဗျူးခဲ့ပါသေးတယ်၊ လူကြီးမင်း ဖရန်စီကတော့ ဒီလူငယ်ရဲ့ တွေးတောနိုင်စွမ်းနဲ့ အောင်မြင်မှုတွေက မယုံနိုင်စရာရှိတယ်လို့ ဆိုခဲ့ပြီး လူကြီးမင် အက်ဒဝပ် ဝတ်တန်ကတော့ သူက ပထမဆုံး နယ်ပယ် မက်ဒယ်ဆုကို ရမယ့် တရုတ်မှ ကျောင်းသားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့တယ်။”

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now