အခန်း34

723 113 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ SunFlower

အပိုင်း၃၄ ငွေကိုတန်ဖိုးမထား

လုကျိုးအနည်းငယ်ထိတ်လန့်သွားသည်။  သူကသူ့ဖုန်းကိုဆွဲထုတ်လိုက်ပြီးမစ္စစ်ယန်ကသူ့ဆီမက်ဆေ့ခ်ျပို့ပေးလာတာကိုတွေ့လိုက်ရသည်။

[ဆရာလု ကျွန်မရုံးမှာအစည်းအဝေးရှိတယ်၊ ကျွန်မပြန်လာလို့မရသေးဘူး ကျွန်မဆယ်နာရီလောက်မှပြန်ရောက်မယ်။ မင်းကိုအခုလိုအဆင်မပြေဖြစ်စေတဲ့အတွက်လစာနှစ်ဆပေးမယ်။  ကျွန်မကိုခွင့်လွှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ]

နှစ်ဆ

ဆိုလိုတာကတစ်နာရီယွမ် ၄၀၀?

လုကျိုးကအသက်ပြင်းပြင်းရှူလိုက်သည်။

ဟန်မန်ချီကမီးဖိုချောင်မှခေါင်းလေးထုတ်ပြီး လုကျိုး ကိုကြည့်ကာ

"နင်ကြက်သားဒါမှမဟုတ်အမဲသားကို အရသာရှိအောင်လုပ်တတ်လား  ရေခဲသေတ္တာထဲမှာအသားညှပ်ပေါင်မုန့်တွေရှိတယ်။ အဲ့ဒီအမျိုးသမီးကတံခါးကိုသော့ခတ်ထားတယ်လေ ဒါကြောင့်ငါတို့အစားအစာလှမ်းမှာလို့မရဘူး။ "

လုကျိုးကအေးခဲနေလောက်သောသူမရဲ့လက်ထဲက အသားညှပ်ပေါင်မုန့်ကိုကြည့်ပြီး

မင်းညစာအတွက် ဒါစားမလို့လား ဟုမမေးဘဲမနေနိုင်တော့ပေ။

"ပြဿနာရှိလို့လား"
  ဟန်မန်ချီက ဂရုမစိုက်ပေ။

ဒါပေါ့ ပြဿနာရှိတာပေါ့

လုကျိုး သက်ပြင်းချပြီး  ဆိုဖာမှထကာမီးဖိုချောင်သို့သွားသည်။

ဟန်မန်ချီ က နင်ဘာလုပ်နေတာလဲ ဟုသံသယ ၀ င်စွာမေးသည်။ သူမက နောက်သို့ ခြေတသ်လှမ်းဆုတ်သည်။

"ငါလုပ်လိုက်မယ် "

"နင်ချက်တတ်လို့လား"
ဟန်မန်ချီမေးလ်ုက်သည်။သူမကလုကျိုးကိုမယုံနိုင်သလိုမျက်လုံးပြူးကြည့်သည်။

လုကျိုးကအိုးကိုဆေးနေရင်းပြုံးလိုက်သည်။

ဟန်မန်ချီကသူမရဲ့မေးစေ့ကိုဝမ်းနည်းစွာဖြင့်ပွတ်သပ်ရင်း

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now