အခန်း17

916 128 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ... Knowledge

အပိုင်း ၁၇(စာတမ်း ထည့်သွင်းခြင်း)

လုကျိုး ဘာတွေလုပ်နေတာလဲ။ လက်ရှိမှာတော့ သူ အိပ်ပျော်နေပြီဖြစ်သည်။ သူတစ္ညလုံး အလုပ်လုပ်ပြီးသည့်နောက်မှာတော့ သူ့ရဲ့ ဖုန်းကလည်း အားကုန်နေခဲ့ပြီ။ သူက အဆောင်ခန်းကို ပြန်ရောက်တော့ မနက် ခုနစ်နာရီပင် ရှိနေခဲ့ပြီဖြစ်ကာ ဖုန်းကို အားသွင်းပြီး အိပ်ယာဝင်ခဲ့ခြင်းဖြစ်သည်။ လုကျိုး နေ့လည်ခင်းလောက်မှ အိပ်ယာနိုးလာခဲ့သည်။ သူ့ရဲ့အဆောင်ခန်းထဲမှာ ဘယ္သူမွ ရှိမနေခဲ့ပေ။

သူ့အစာအိမ်က အော်ဟစ်နေသံကိုကြားနေရကာ သူမျက်လုံးတွေကို ပွတ်သပ်လိုက်လေရင်း လှေကားထစ်တွေကို ဒရွတ်တိုက်ဆင်းလာသည်။ ထို့နောက်မျက်နှာသစ်ဖို့ ဝင်သွားလိုက်၏။ အဝတ်အစားတွေပါ လဲလှယ်ပြီးသွားတဲ့အခါမှာတော့ ကန်တင်းသို့ သူ ဦးတည်လိုက်ခဲ့သည်။

လုကျိုးက ဆန်ပြုတ်တစ်ပွဲနဲ့ နွားနို့ပူပူလေးတစ်ခွက်ကို မှာလိုက်ပြီးတဲ့နောက်ထောင့်စွန်းကျတဲ့နေရာတစ်ခုမှာ ဝင်ထိုင်နေလိုက်သည်။ သူက ဖုန်းကို ထုတ်လိုက်လေရင်း သူ့သူငယ်ချင်းတွေ ဘာတွေများတင်ထားလဲဆိုတာကို တစ်ချက်ကြည့်လိုက်၏။ သို့ရာတွင် သူဖုန်းဖွင့်လိုက်တာနဲ့ ပါမောက္ခ ထန်း ရုံးခန်းမှ ဖုန်းဆိုမှုများစွာ ရှိနေတာကို တွေ့လိုက်ရလေသည်။

ငါ့ရဲ့စာတမ်းကို ပြင်ဆင်တာများ ပြီးသွားလို့များလား ဘာလို့ ဒီလောက်ခေါ်ဆိုမှုတွေ မ်ားထားရတာလဲ

ဘာကြောင့်မှန်းမသိဘဲ သူထပ်တွေးမနေတော့ဘဲ ချက်ချင်းပင် ညစာစားပြီးသွားတာနဲ့ လင်ဗန်းကို မြင်မြင်ပြန်ထားလိုက်ကာ ထိုပါမောက္ခထန်းရှိရာ အဆောက်အဦဆီသို့ ဦးတည်လိုက်ခဲ့သည်။

ငါမင်းကို တစ်နေ့လုံးဖုန်းခေါ်နေတာ မင်းလုံးဝ မကိုင်ဘူးနော် ဒီတစ်နေ့လုံး ဘာတွေ လုပ်နေတာလဲ
ပါမောက္ခ ထန်းက လုကျိုးကို သေချာ စူးစမ်းရင်း ပြောနေသည်။

လုကျိုး လည်ပင်းလေး ပွတ်လေရင်း ပြန်ပြောလိုက်၏။

အာ ကျွန်တော့်ရဲ့ ဖုန်းက အားကုန်နေလို့ပါ ပြီးတော့ ပြန်ဖွင့်ဖို့လည်း မေ့နေခဲ့တာလေ

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now