အခန်း18

922 130 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ...Knowledge
အပိုင်း ၁၈
အတွေ့အကြုံရမှတ် ၁၀၀ က ငါ့ကိုရူးသွပ်သွားစေနိုင်တယ်

လုကျိုးပင်မမျှော်လင့်ထားဘူးတဲ့ မရေမရာတဲ့အတွေးတွေကိုတွေးပြီးသည့်နောက်အတော်ကြာမှသာ သူအသိပြန်၀င်လာခဲ့သည်။

သူ့ရဲ့သချာင်္ခွဲခြမ်းစိတ်ဖြာခြင်းစာမေးပွဲမတိုင်ခင် တစ်ရက်ကစနေနေ့ဖြစ်သည်။ ထိုနေ့မှာတင် သူ့ရဲ့ဒီစာတမ်းကို လက်ခံကြောင်းပြန်စာရောက်ရှိလာခဲ့သည်။

လုကျိုး ထို၀က်ဆိုဒ်ကိုဖွင့်ကြည့်ဖို့မစောင့်နိုင်တော့ချေ။ သူ့ရဲ့အကောင့်နဲ့ လျှို့ဝှက်နံပါတ်တွေကိုထည့်သွင်းပြီးတာနဲ့ ချက်ချင်းပင်စိတ်လှုပ်ရှားစွာနဲ့ ၀င်ရောက်လိုက်ခဲ့သည်။ ထိုအခါတစ်ဖက်ကလက်ခံထားတဲ့ခေါင်းစဉ်လေးပေါ်လာ၏။

[ပြီးပြည့်စုံသွားပြီ-လက်ခံလိုက်ပါပြီ]

ဆိုလိုတာက စီစစ်ပေးသူ တည်းဖြတ်ပေးသူတွေက ရေးသားထားသူရဲ့စာတမ်းကို သဘောကျနှစ်ခြိုက်ကာ လက်ခံဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ ဒီအဆင့်ရောက်သွားတဲ့အခါ ထိုရေးသားထားတဲ့အရာတွေကို စာမျက်နှာအဖြစ်ပြန်လည်ထုတ်လိုက်မှာဖြစ်ပြီး ဒီလသို့မဟုတ် နောက်လမှာ ပုံနှိပ်ထုတ်ဝေမဲ့ဂျာနယ်ထဲကို ထည့်သွင်းမှာဖြစ်သည်။ ဒါကို အက်စီအိုင်ဂျာနယ်ရဲ့ဒေတာတွေထဲသိမ်းယူခြင်းခံလိုက်ရပြီးဖြစ်ပြီး သချာငေ်္လ့လာစမ်းသပ်သူတွေအားလုံးက ဒါတွေကိုမှီညမ်းကာ ဆက်လက်သုံးသပ်ကြတော့မှာဖြစ်သည်။

လုကျိုးရဲ့နှလုံးခုန်သံတွေက စိတ်လှုပ်ရှားမှုနဲ့ပြည့်နှက်နေခဲ့သည်။ သူချက်ချင်းပင်အသက်မြန်မြန်ရှူလေရင်း သူ့ကိုယ်သူစိတ်ငြိမ်အောင်မနည်းထိန်းနေရ၏။

ပုံမှန်အတိုင်းဆိုရင် ဒီစီစစ်အကဲဖြတ်တဲ့အဆင့်က မမျှတပေ။

အတွေ့အကြုံရှိတဲ့ ပါမောက္ခတွေတောင်မှ စီစစ်အကဲဖြတ်သူတွေရဲ့အမှားရှာမှုကြောင့် နှစ်ကြိမ်သို့မဟုတ် သုံးကြိမ်လောက်တော့ ပြန်ရေးရလေ့ရှိသည်။ သူကဒီအဆင့်ကိုကျော်သွားခဲ့ကာ လက်ခံတဲ့အဆင့်ကိုတန်းရောက်သွားခဲ့သည်မို့လို့ ဆိုလိုတာက သူ့ရဲ့စာတမ်းမှာမည်သည့်အမှားမှမရှိဘူးလို့ပင်။ သေချာတာကတော့ ဒီလုပ်ငန်းရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကိုအောင်မြင်ဖို့အတွက် စနစ္က ကူညီပေးခဲ့ခြင်းဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now