အခန်း56

617 89 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၅၆ မင်းရဲ့ကလေးကိုတော့ အခြေခံကောင်းအောင် လုပ်ပေးရမှာပဲ

လုကျိုး စနစ်ရဲ့ နေရာလပ်အာကာသပြင်က ထြက္လာတဲ့အခါ သူ့ရဲ့ သိစိတ်တွေ အားလုံးက အမှောင်ကျသွားခဲ့သည်။
သူ စနစ်ရဲ့အာကာသပြင်ထဲ မဝင်ခင် နောက်ဆုံးကျန်ရှိသည့် အာရုံစိုက်ဆေးလုံးကို စားခဲ့တယ္ဆိုတာကို သတိရလိုက်သည်။

သူ နိုးလာတဲ့အခါ နောက်တစ်နေ့ မနက်ခင်းပင် ရောက်နေခဲ့ပြီဖြစ်သည်။
သူ့ရဲ့စာလေ့လာချင်လွန်းတဲ့ ခံစားချက်တွေအားလုံးက လက်ရှိအချိန်တွင်တော့ မကျန်ရှိတော့ပေ။ သူ အရင်က စနစ္ကေပးတဲ့ မစ်ရှင်းတွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့အတွက် စာသာ လုပ်နေခဲ့ရသည်မို့ အိပ်ရေးပျက်ခဲ့ရသည်။ ထို့ကြောင့် ဒီတစ်ကြိမ်မှသာ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်ပေ။

သူ နိုးလာတဲ့အခါ စာအုပ္ကို ခေါင်းအုံးအိပ်နေကြောင်း တွေ့လိုက်ရသည်။
အိုင်စီဒီဇိုင်း မိတ်ဆက်ခြင်းဆိုတဲ့ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာက သူ့ တံတွေးတွေနဲ့ မျောမသွားခဲ့တာ တော်သေးတယ်လို့ ပြောရပေမည်။
ကံကောင်းသည်က လက်ရှိရာသီဥတုက ပူပြင်းနေသည်မို့ အပူချိန်ကြောင့် အလျင်အမြန် ခြောက်သွေ့သွားခဲ့သည်။ ထို့ကြောင့် စာမျက်နှာတွင် အကွက်ရာလေးတစ်ခုသာ ရှိနေခဲ့ပေ၏။

ငါ တစ်နေ့လုံး စာလုပ်နေရတာဆိုတော့ ဒီလောက်တော့ ဖြစ်မှာပေါ့
လုကျိုး သူ့ရဲ့ နာကျင်ကိုက်ခဲနေတဲ့ ကျောကုန်းကို လက်တစ်ဖက်နဲ့နောက်ပြန် ညင်ညင်သာသာဖိနေရင်း ငြီးတွားလိုက်သည်။

မနက်ခုနစ်နာရီဆိုပေမယ့် ကျောင်းထဲတွင် လူသိပ်မရှိသေးပေ။ ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည်က လေ့ကျင့်ရေးကွင်းထဲ ပတ်ပြေးနေကြတဲ့ လူတချို့သာဖြစ်သည်။

လုကျိုး လွယ်အိတ်ထဲက မျက်နှာသုတ်ပုဝါနဲ့ သြားတိုက္တံတို့ကို ထုတ်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ သွားလိုက်လေ၏။ သူ့ကိုယ်သူ အရင် သန့်ရှင်းရေး လုပ်လိုက်တော့သည်။ ထို့နောက် တောက်ပနေတဲ့ နေရောင်အောက်တွင်ပင် ကန်တင်းသို့ ထွက်လာခဲ့လိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now