အခန်း31

778 100 8
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ...SunFlower

အပိုင်း ၃၁(ငါဘယ်လောက်စားစား ဝိတ်မတက်ဘူး)

ချန်းယွီရှန်း လက်မလေးကိုကိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဘုတ်ကြီးကို တစ်ချက်ကြည့်လိုက်လေရင်း အတွေးနက်နေပုံရသည်။

ဒီတစ်ခါ တကယ်ရှုံးနိမ့်သွားတာပဲ။

ပြန်လည်ကုသနိုင်ဖို့ စိုးရိမ္စရာ မကျန်တော့ဘူး။

သူမက အချိန်အတန်ကြာ တွေးတောပြီးသည့်နောက်မှာမှ နောက်ဆုံးတွင် ရှုံးနိမ့်ကြောင်းလက်ခံလိုက်ရသည်။ သူမက လေးနက်တဲ့အကြံလေးနဲ့

ပြန်စကြတာပေါ့

လုကျိုး သက်ပြင်းချလေရင်း ကောင်းကင်ကိုကြည့်လိုက်သည်။

ငါငြင်းလို့ရလား

မရဘူး

ချန်းယွီရှန်း အလွန်ဒေါသထွက်သွားကာ ချက်ချင်းပင် ခုန်ဆွခုန်ဆွလုပ်လာခဲ့သည်။ သူမေလးက အမြဲတမ်းသင်္ချာမေးခွန်းတွေရဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရကာ မလြယ္ကူဘူး အမှတ်အလကားရတဲ့မေးခွန်းတွေ မင်းရဲ့ဘွဲ့ဝင်ခွင့် စာမေးပွဲအတွက် လေ့လာဖို့အရမ်းနောက်ကျနေပြီ စတဲ့စကားတွေကိုသာ ကြားနေခဲ့ရသည်။

သူမလည်း ဒီမတူတဲ့ဟာတွေကို ရှာတဲ့ဂိမ်းကနေပြီးတော့ ရိုသေလေးစားမှုကို ပြန်လည်ရရှိချင်ပေသည်။ ဒါပေမယ့် လုကျိုးက သူမကို မည်သို့မှ အခွင့်အရေးမပေးခဲ့ဘဲ တစ်ခါတည်းပဲ အနိုင်တွေဆက်တိုက်ယူနေခဲ့သည်။ သူက သူမကိုတောင်မှ အရင်စခိုင်းလိုက်သေးသည်။

ငါ့ရဲ့အိုင်ကျူကများ အရမ်းနိမ့်နေလို့များလား။

ချန်းယွီရှန်းအဖို့ ပါရမီရှင်လို့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ခေါ်ဆိုခြင်းခံခဲ့ရတာဖြစ်သည်။ သို့သော် လက်ရှိမှာတော့ သူမရဲ့ ဘဝကို သူမ စတင်သံသယဝင်လာပြီဖြစ်သည်။ ချန်းယွီရှန်းက ဂိမ်းကစားတဲ့ ဘုတ်ပြားလေးကို တွန်းလိုက်လေရင်း စတင်ချင်ခဲ့သည်။

လုကျိုးက မတတ်နိုင်တော့ဘဲမေးလိုက်၏။

ငါ မေးခွန်းတစ်ခု မေးလို့ရမလား

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now