အခန်း150

137 20 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၅၀ အခန်းပြောင်းခြင်း

ေ၇ှာင်၀မ်သည်  ဌာနမှ တက္ကသိုလ် ပထမဘွဲ့ ၀တ်စုံကို ဌားပေးသည့်အပြင် ပရော်ဖက်ဆာ ထန်း၏ ကား၇ှိရာ နေ၇ာသို့ပင် လိုက်ပို့ပေးလေသည်။ထို့နောက် လုကျိုးအား ကျောင်းဆောင်ဟောင်းသို့ လိုက်ပို့ပေးလေသည်။

ထိုနေရာသို့ ေ၇ှာင်၀မ်လည်း ရောက်ဖူးပေသည်။ ဘွဲ့ယူပြီးသည်နှင့် ထိုနေရာသို့ သွားကာ ဓာတ်ပုံရိုက်ရသည့် အလေ့အား မည်သူမှ မမေ့ကြပါပေ။

သူတို့တွေသည် မြောက်ဘက် အဆောင်သို့ သွားသည်။ တောင်ဘက် အဆောင်တွေသို့ တဖန် ဆက်သွားသည်။ အချိန်တစ်ခုကြာမှ သူတို့တွေ ဘွဲ့ဓာတ်ပုံတွေ ရိုက်ပြီးလေသည်။ ကားထဲ ပြန်ရောက်သည့်အခါ ရှောင်၀မ်က ပြောသည်။

“ ငါ ပုံတွေကို ပြင်ဆင်ပြီး မင်းကို ဝီချက်ကနေ ပို့လိုက်မယ်။ ကျောင်းပြင်က ဆိုင်မှာ မင်း ပရင့်ထုတ်လို့ရတယ်”

လုကျိုး:” ကျေးဇူးတင်ပါတယ်”

ေ၇ှာင်၀မ်က ပြုံးသည်။
“ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါက လုကျိုး ဘွဲ့ဓာတ်ပုံ ရိုက်ဖို့ကူညီပေးခဲ့တဲ့လူလို့ ကြွားချင်နေတာ”

လုကျိုး ကို့ယို့ကားယားဆန်ဆန် ပြုံးမိတော့သည်။ ထိုစကားသည် နားထောင်ရ ကောင်းလွန်းနေပေသည်။ သူသည် ခန့်ညားချောမောသဖြင့် သူ၏ ဓာတ်ပုံတွေအား ဦးတည်ကာ ဆွေးနွေး စကားပြောခြင်းအား သူ နှစ်သက်ပေသည်။ အခြားသူတို့ ပရယ်စန်တေးရှင်းတွေတွင် ဓာတ်ပုံယူသုံးသည့်အခါ ထိုပုံတို့ကိုသာ သုံးသင့်ပေသည်။

သူတို့တွေ ကျောင်းဆောင်သစ်သို့ ပြန်ရောက်သည့်အခါ လုကျိုး ကားပေါ်မှ ဆင်းလိုက်သည်။ ရှောင်၀မ်က လုကျိုး၏ ဘွဲ့၀တ်စုံအား ပြန်ပေး ပေးမည်ဟု ဆိုသဖြင့် သူ နေခဲ့နိုင်ပေသည်။

ေ၇ှာင်၀မ်သည် ပရော်ဖက်ဆာအား ကား ပြန်ပေးရမည် ဖြစ်သဖြင့် သူတို့တွေ လမ်းခွဲလိုက်ကြသည်။ လုကျိုးသည် ကျောင်းဂိတ်ရှေ့တွင် ရပ်နေခဲ့သည်။ သူ ရုတ်တရက် တစ်စုံတစ်ရာအား သတိရလိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now