အခန်း158

125 17 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၅၈ လုပ်ဆောင်ရမည့် အလုပ်များ

ဟိုတယ်သည် ဇုရစ် အပြင်ဘက်ပိုင်းတွင်တည်ရှိသည်။ ထိုဟိုတယ်၏ နာမည်သည် ပြင်သစ်လိုရေးသားထားကာ အဓိပ္ပာယ်သည် ကျူးလစ်ဟုမည်သည်။ ပြင်ဆင်ထားပုံသည် နှိမ့်ချသယောင်ထင်ရသော်လည်း ထိုဟိုတယ်သည် ကြယ်ငါးပွင့် ဟိုတယ်ဖြစ်သည်။

လက်မှတ်နှင့် သွားလာရ စားရိတ်တို့ကို ဖြေရှင်းပြီးနောက် သူတို့တွေ ထိုခမ်းနားလှသည့် ဇိမ်ခံဟိုတယ်သို့ ဘိုကင်ယူလိုက်ခြင်း ဖြစ်ပေသည်။ လုကျိုးသည် ယန်ရှင်းကျွယ်တစ်ယောက်သာ ဘ၀င်မြင့်ကြောင်း သိလိုက်ရသည်။

ထိုသူသည် ပရော်ဖက်ဆာ လုရှန်းကျန်း ခေါ်လာခဲ့သည့် PHD ကျောင်းသားလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုသူသည် သီအိုရီကယ် ရူပဗေဒတရုတ်နယ်ပယ်တွင် ကျော်ကြားပေသည်။ သူသည် BESIII နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းကြီးမှ အဖွဲ့၀င် တစ်ယောက်ဖြစ်ကာ တက်ထရာကွစ် အမှုန်တွေအား ရှာဖွေတွေ့ရှိခဲ့သည်။သူက ပြည့်ဝသောအမှုန် ခွဲခြမ်းစိတ်ဖြာခြင်းကို လုပ်ဆောင်နေခဲ့ကာ အတွေ့အကြုံ ရလဒ်တွေကို စုဆောင်းနေခဲ့သူလည်း ဖြစ်ပေသည်။

သို့ရာတွင် သချာင်္နယ်ပယ်သည် ရူပဗေဒ နယ်ပယ်နှင့်မတူပေ။ နိုင်ငံတကာ သုတေသန ပရောဂျက်ကဲ့သို့သော ကိစ္စကြီးမျိုးအတွက် လူတိုင်း၏လုပ်ဆောင်မှုသည် အလွန်အရေးကြီးသည်။ သို့ရာတွင် တက်ထရာကွစ်အား ရှာဖွေတွေ့ရှိခဲ့တဲ့သူကိုသာ အကောင်းဆုံးရူပဗေဒ သုတေသန ရှာဖွေတွေ့ရှိသူ ဆုဆိုပြီး ပေးအပ်မည် ဖြစ်သည်။

ပရော်ဖက်ဆာ လုရှန်းကျန်းနှင့် ယန်ရှင်းကျွယ်ကဲ့သို့သော LHCB ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းက အဖွဲ့သားတွေသည် intern လာဆင်းသူတွေထက် အဆင့်မြင့်ပေ၏။ ဟိုတယ်သို့ရောက်လာသည့်အခါ ယန်ရှင်းကျွယ်သည် ကားပါကင် ထိုးလိုက်သည်။ ထို့နောက် ပရော်ဖက်ဆာ လုရှန်းကျန်း၏ ခရီးဆောင်အိတ်အား သယ်ပေးကာ ဟိုတယ်ထဲသို့ ၀င်သွားသည်။ သူက မနက်ဖြန်လုပ်ဆောင်ရမည့် အချိန်ဇယားအား ပြောပြနေခဲ့၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now