အခန်း53

622 90 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၅၃ ချေးငွေအမြောက်အမြားရရှိခြင်း

တစ်စုံတစ်ယောက်က သူ့ကိုပိုက်ဆံတွေ ပေးလာမှတော့သူက ယူရမှာပေါ့။

ကောင်းပြီလေ ဒါက ချေးပေးတာမို့ သူတစ်ချိန်ပြန်ဆပ်ရမှာဆိုပေမယ့် လတ်တလောတော့ သုံးလို့ရတာပေါ့။

ပညာရေးအစည်းအရုံးရဲ့ မူဝါဒအရ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ချေးငွေကို အတိုးမဲ့ဖြင့်ထုတ်ပေးလေ့ရှိသည်။ တက္ကသိုလ်ကချေးငွေကို တစ်အချိုးတစ်နှုန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ဥပမာအနေနဲ့လုကျိုးက ချေးငွေယွမ်တစ်သိန်းရရှိခဲ့မယ်ဆိုရင် မူဝါဒအရ တက္ကသိုလ်က ယွမ်ငါးသောင်းပေးမှာဖြစ်ပြီး ပညာရေးအစည်းအရုံးကြီးကတော့ ယွမ်ငါးသောင်းထုတ်ပေးလာမှာဖြစ်သည်။

တစ်နှစ်တာအတွက် အတိုးမဲ့ဖြင့် ထုတ်ချေးခြင်းဖြစ်လေကာ အကယ်၍ အတိုးပေးခဲ့ရရင်တောင်မှ နည်းပါးလွန်းလှတဲ့ အတိုးပမာဏပဲ ဖြစ်ပေလိမ့်မည်။ ဒီအတိုးနှုန်းဆိုတာကလည်း ဘဏ်ကအတိုးနှုန်းတွေထက် များစွာနိမ့်ကျပေ၏။

လုကျိုးက ယွမ်တစ်သိန်းထဲ ချေးယူနိုင်တယ်လို့တော့ မဆိုလိုပါပေ။ ကျောင်းကသူ့ရဲ့ပရောဂျက်နဲ့ အက်ပလီကေးရှင်းရဲ့အဆင့်သတ်မှတ်ချက်ကို မူတည်ပြီး ထုတ်ချေးမှာဖြစ်သည်။ ထိုပိုက်ဆံတွေအကုန်လုံးက သူ့ရဲ့ဘဏ်အကောင့်ထဲသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ အဲ့ဒီအစား ကုမ္ပဏီအကောင့်(လုပ်ငန်းပိုင်အကောင့်) ထဲသို့ရောက်ရှိသွားမှာဖြစ်သည်။

အသုံးစရိတ်တွေကို မှတ်တမ်းတင်ထားမှာဖြစ်သလို သူက လက်လွတ်စပယ် လျှောက်သုံးနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သူ့ရဲ့ စီးပွားရေးကိစ္စနဲ့ပတ်သတ်တဲ့ကုန်ကျစရိတ်တွေကိုသာ ဒီချေးငွေမှ ထုတ်ချေပေးနိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။ သို့သော်ဒါနဲ့တင် လုကျိုးအတွက် ကြီးမားတဲ့ကူညီမှုကြီး ဖြစ်နေခဲ့ပြီ။

အက်ပလီကေးရှင်းကို လုပ်ဆောင်နိုင်ဖို့ဆိုရင် သူကသူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံတစ်ခုထဲနဲ့ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကာ သူ့ရဲ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲက ပိုက်ဆံတွေရဲ့  လျော့ကျတဲ့နှုန်းက မြန်ဆန်နေလိမ့်မည်ဖြစ်သည်။ သူ့အနေနဲ့ တစ်နေ့တာလောက်တောင် တောင့်ခံနိုင်လိမ့်မည်လို့ မသေချာပါပေ။ လုပ်ငန်းသုံးအကောင့်ထဲတွင် ပိုက်ဆံတွေသာရှိနေမည်ဆိုပါက အရာအားလုံးက အဆင်ပြေသွားပေလိမ့်မည်။ အတိုးမဲ့ချေးတာကို ဘယ္သူက မလိုချင်ဘဲနေမှာလဲ။ ပြသနာကတော့ ကွန်ပျူတာသိပ္ပံနှင့်သချာင်္ဌာနနှစ်ခုလုံးက ဒီပရောဂျက်ကိုလိုချင်နေကြခြင်းဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now