အခန္း72

598 85 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၇၂ ပရော်ဖက်ဆာရဲ့ အံ့အားသင့်မှု

နယူးဂ်ာဆီ ပရင်ဆယ်တွန်၏ တိတ်ဆိတ်ငြိမ်သက်သော အိမ်တစ်ခုတွင် ဖြစ်သည်။
မုတ်ဆိတ်မွှေးနဲ့ လူတစ်ယောက်က အ၀တ်အိတ်ကိုကိုင်ရင်း အော်ဟစ်လိုက်သည်။

ငါ့မွာ အချိန် မရှိတော့ဘူး။ မြန်မြန်သွားပြီး လူတစ်ယောက်ကို ရွာဖို့ လိုတယ်။ အခုချက်ချင်းပဲ သွားမှဖြစ်မယ်။ ငါ့ဆရာက ဆေးရုံပေါ်က အိပ်ရာပေါ်ရောက်နေတယ်။ သူ မသေခင် ငါတွေ့မှ ဖြစ်မယ်။ ဒီတစ္လ လုံးလုံး သင်္ချာနဲ့ဆိုင်တဲ့ ဘယ္လို ကိစ္စမျိုးကိုမှ ငါ မကြားချင်ဘူး

၀တ်စုံပြည့် ၀တ်ဆင်ထားသည့် သတ်လတ်ပိုင်းလူက ကို့ယို့ကားယား ပြုံးလိုက်သည်။ သူ ဒေါသ မထွက်ပါပေ။
မည်သို့ပင်ဆိုစေ သူ့ရှေ့က သူက ကျော်ကြားလှတဲ့ မြို့စားကြီး ပီအာ ဒယ်အင်း ဖြစ်ကာ ဝေးရဲ့ကွန်ဂျက်တာကို သက်သေပြ နိုင်ခဲ့သူလည်း ဖြစ်သည်။ ထိုသူက နယ်ပယ်ဆိုင်ရာ မက်ဒယ်၊ ကရာဖော့ ဆု၊ ဝံပုလွေဆုနဲ့ အေဘယ် ဆုတို့ကို ရရှိထားသူလည်း ဖြစ်သည်။ သင်္ချာနဲ့ ဆိုင်တဲ့ဆုဆိုတာနဲ့ ထိုသူ မရရွိဘူးဆိုတာ မရွိဟု ပြောရမလိုပင် ဖြစ်၏။

အဆင့်မြင့် တက္ကသိုလ် တစ်ခုဖြစ်တဲ့ ပရင်ဆယ်တွန်လိုမျိုး တကယ့် တက္ကသိုလ် ကြီးမှာတောင်မှ တစ်ကမ်ဘာလုံးရဲ့ သင်္ချာပါရမီရှင်တွေ အားလုံး စုဝေးနေတာတောင်မှ ဒယ်အင်းက ရှေ့ဆုံးမှ ရပ်တည်နိုင်စွမ်း ရှိနေသေးပေသည်။

ဒေးဗစ်က သင်္ချာ ခရိုနီကယ်ရဲ့ သာမာန် တည်းဖြတ်သူလေး တစ်ယောက်သာ ဖြစ်သည်။ သူက ဂျွန်ဟော့ကင် တက္ကသိုလ်ရဲ့ ဂ်ာနယ္ဌာနခြဲမွ ဘွဲ့ယူခဲ့ကာ သင်္ချာနဲ့ဆိုင်သည့် သူသိတဲ့ အကြောင်းအရာတွေက နည်းပါးပေသည်။

သင်္ချာ ခရိုနီကယ္ဆိုတာက ပရင်ဆယ်တွန် တက္ကသိုလ်ရဲ့ သားတစ်ယောက်လို ဖြစ်ကာ ဂျွန်ဟော့ကင် တက္ကသိုလ်က ဖအေတူမအေကွဲသားနဲ့ တူသည်။

သို့ရာတွင် ပရင်ဆယ်တွန်က [သင်္ချာနှစ်] ဆိုတဲ့ဂျာနယ်ကိုလည်း တုန့်ပြန်နိုင်စွမ်း ရှိပေကာ သင်္ချာအဖွဲ့အစည်း တစ္ခုလုံးက လေးစားရတဲ့ တက္ကသိုလ်ကြီးဖြစ်ပေသည်။ ထို့ကြောင့် ပရင်ဆယ်တွန်က သင်္ချာခရိုနီကယ်တွင် အရင်းအမြစ် အနည်းကိုသာ ထည့်သွင်း ပေးထားပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now