အခန်း83

588 89 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၈၃

လုကျိုး ပရော်ဖက်ဆာကို အပြစ်တင်သည်တော့ မဟုတ်ပေ။ ပရော်ဖက်ဆာ လျှိုက သူ့အတန်းက လုကျိုးအတွက် အသုံးမ၀င်နိုင်တော့မှန်း သိပုံရသည်။ ထို့ကြောင့် လုကျိုးရဲ့အချိန်ကို ဖြုန်းချင်ပုံမရပေ။ ငါ မတက်လည်း ရတယ္လို့ ဆိုလိုတာမ်ားလား။ ဒါပေမယ့် ငါ အမှတ်ပြည့်မရခဲ့ရင် ဘယ်လိုလုပ်မလဲ။ဖြစ်နိုင်ချေက နိမ့်တယ်ဆိုတာကိုတော့ လုကျိုးသိပေသည်။

လုကျိုးက စိတ်လွတ်နေချိန်တွင် အတန်းက တက်ကြွနေသည်။ အတန်းရဲ့ ဒုတိယအတော်ဆုံးဖြစ်တဲ့ လျှိုယွန်တုံးက လက်ထောင်ကာ တွက်ပြလိုက်သည်။ ထို့နောက် ပရော်ဖက်ဆာလျှိုက မှန်ကြောင်းပြောသည်။ သူပြောလို့ပြီးတာနဲ့ ခေါင်းလောင်းက မြည်သည်။

အတန်းဆင်းလေပြီ။ အတန်းဆင်းတာနဲ့ အားလုံးက ပစ္စည်းတွေ သိမ်းကာ ကန်တင်းကို ပြေးကြသည်။

နှစ်တစ်နှစ်ရဲ့ ပထမနှစ်လတွင် ကန်တင်းက လူများသည်။ ပထမနှစ်လေးတွေက အလွန်အမင်း စိတ်အားထက်သန် နေတတ်ကြကာ ဟင်းကောင်းတွေကို ကျောင်းသားဟောင်းတွေ ခိုးသြားမွာကို စိုး၇ိမ်နေတတ်ကြသည်။ လုကျိုး ကန်တင်းကို ထြက္လာခဲ့ လိုက်သည်။

သူက ဉာဏ်ကောင်းတဲ့ ကိုယ်တိုင် ၀န်ဆောင်မှုပြရသည့်ဘက်ကို မသားခဲ့ပေ။ အဲ့ဒိအစား ပြတင်းပေါက်နဲ့ နီးတဲ့နားတွင် ထမင်းနဲ့ အသားကင်စားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက်။သူ့ကို မှတ်မိသွားကြသည်။

အိုး သေစမ်း ဒါ လုကျိုးပဲ

အရင် သွားရအောင်

ပါရမီရှင်လေး မင်း အဆင့်မြင့်အယ်ဂျီဘရာ မှတ်စုတွေ သုံးသေးလား။ ငါ၀ယ်ချင်လို့ပါ။ မဟုတ်လည်း ကော်ပီကူးတာလောက်ဆိုလည်း ရပါတယ်။ ငါ ပေးမှာပါ

ကျောင်းသား မင်း သင်္ချာခွဲခြမ်း စိတ်ဖြာခြင်းနဲ့ အဆင့်မြင့် အယ်ဂျီဘရာမှာ အမှတ်ပြည့်ရတယ်လို့ ကြားတယ်။ မင်းဘယ်လိုများ စာလေ့လာတာလဲ။ ငါ့ကို နည်းလေး ပြောပြပါလား

ထိုပထမနှစ် ကျောင်းသူ၊ကျောင်းသားတွေက အလွန်အမင်းကို စိတ်အားထက်သန်ကြကာ လုကျိုးရှေ့တွင်ပင် တန်းစီရပ်ပြီး ပြောနေကြသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now