အခန်း107

428 53 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၇ အနိုင်ရတဲ့ သူက အကုန်ရတာပဲ

အချိန်တွေက လျှင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ သိပ်မကြာခင် အချိန်တွင်ပင် ဒီဇင်ဘာကို ရောက်လာသည်။အမျိုးမျိုးသော ဘာသာရပ် စ ာမေးပွဲတွေကလည်း ကျောင်းသူ၊ကျောင်းသားတွေဆီ ရောက်လာတော့သည်။ ပျင်းရိတဲ့ ကျောင်းသားတွေတောင်မှ စာမေးပွဲရဲ့ ဖိအားအောက်ကို ရောက်နေကြပေသည်။ သူတို့တွေက သူများတွေဆီက မှတ်စုတွေ ချေးဌားယူကာ ပါဝါပွိုင့်တွေကို တောင်းခံ ရပေသည်။ဒါ့အပြင် ဆုတောင်းရသေးပေ၏။

ဒီကာလက တုံးအတဲ့ ကျောင်းသားတွေနဲ့ ပါရမီရှင်တို့ အလုပ်များသည့် ကာလ ဖြစ်ပေသည်။ အထူးသဖြင့် သင်္ချာ ကျောင်းသားတွေပင်။ သူတို့တွေက အိပ်မက်တွေပင် မက်တတ်ကြ၏။ သူတို့ ပြောလေ့ရှိသည်က  မေဂျာကောင်းကို ရွေးထားမှတော့ အလုပ်များတော့မှာပေါ့ သာဖြစ်သည်။

ထိုသို့ဖြင့် စာမေးပွဲရက်ကို ရောက်လာသည်။ အစပိုင်းတွင်တော့ ပရော်ဖက်ဆာ လီရှန်းပင်း သင်ထားခဲ့သည့် ခြားနားချက် မေးခွန်းတွေသာ ဖြစ်သည်။ မဖြေခင် သင်ပေးလိုက်သည့် မှတ်စုတွေအရ ဒီစာမေးပွဲက ခက်ခဲလိမ့်မယ်လို့ အားလုံး ထင်ထားကြသည်။ သို့သော် လုကျိုးကတော့ မစိုးရိမ်နေပေ။ သူက စာသင်နှစ်စာ တစ္ခုလုံးကို လေ့လာထားပြီးသား ဖြစ်ပေသည်။

သူက စာမေးပွဲခန်းထဲသို့ ၀င်သွားကာ နာရီ၀က်နဲ့ အပြီးဖြေလိုက်သည်။ ပရော်ဖက်ဆာ လျှိုရှန်းပင်းက သူ့ကို ခက်ခဲအောင် ရှုပ်ထွေးတာတွေ မေးလာမယ်လို့ လုကျိုး ထင်ခဲ့သည်။သို့သော် အတန်းတိုင်းတွင် သေချာ လိုက်နားထောင်ပါက ဖြေရှင်းနိုင်မည်ဖြစ်သည့် ရိုးရှင်းတဲ့ပုစၧာတွေကိုသာ သူ တွေ့ရလေသည်။ ပရော်ဖက်ဆာက သူတို့ကို ဒီစာသင်နှစ်မှာ စိတ်အေး ချမ်းသာ စေချင်လို့ မ်ားလား။

သူ အခန်းပြင် ထွက်လာပြီးနောက် စာကြည့်တိုက်သို့ သွားရန်ပြင်လိုက်သည်။ ထိုအခိုက် ပရော်ဖက်ဆာ လျှိုက ဖမ်းဆွဲထားတာကို ခံလိုက်ရသည်။ ပရော်ဖက်ဆာရဲ့ နောက်တွင် မာစတာတန်း ကျောင်းသား နှစ်ယောက်ကိုေ တွ့ရသည်။ ထိုနှစ်ယောက်ရဲ့ ရင်ဘတ်က တံဆိပ်တွေအရ စာမေးပွဲခန်း စောင့်သူတွေ ဖြစ်ကြောင်း လုကျိုး သိလိုက်ရသည်။ ဘာလို့ ပရော်ဖက်ဆာက ဒီမွာ ရှိနေရတာလဲ။ မာစတာတန်း နှစ်ယောက်နဲ့တင် လုံလောက်တယ်လေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now