အခန်း95

433 67 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၅ ဒီလို မဖြစ်နိုင်ဘူး

မနက်ရှစ်နာရီတွင်...။
လုကျိုးက တစ္ညလုံးနီးပါး စာတမ်းရေးဖို့အတွက် အလုပ်လုပ်နေခဲ့ရသည်။ သူက ဓါတ်ခွဲခန်းဆီသို့ လျှောက်လာလိုက်ကာ ငါးရက္တာ အလုပ်ကြိုးစားထားသမျှကို အစ္ကို ချန်းဆီသို့ ပေးလိုက်တော့၏။ ထို့နောက် သူက အကိုချန်းရဲ့ အသံကို ကြားရသည်။

ဒါက မဖြစ်နိုင်တာပဲ

အစ်ကိုချန်းက စာတမ်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
မင်း တစ်ချိန်လုံး သုတေသနတွေ လုပ်နေပြီးတော့ ငါ့ကိုလာပြောတော့ ဒီလိုမျိုး အသုံးမဝင်တဲ့ အရာတွေလား ။ငါမင်းကို ပေးလိုက်တဲ့ ဖိုင်ကိုလည်း မင်းမြင်ပြီးသား မဟုတ္လား ဒါတောင်မှ အခုလို အမွားကို လာပြောပြသေးတယ်

မင်း မှားပြီး တွက်ချက်မိတာပဲ ဖြစ်လိမ့်မယ်၊ မင်းအခုလိုလုပ်ထားသမျှက လုံးဝ အဓိပ္ပါယ်မရှိဘူး

ဒါက သင်္ချာပဲ
လုကျိုးက ပြောသည်။ သူ့ရဲ့ ရလဒ္ကို အခုလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ငြင်းဆိုတာမျိုးကို လုကျိုး လုံးဝ မပျော်ရွှင်နိုင်တော့ပေ။ သူက ခ်က္က်လက္က် ရှင်းပြဖို့ စဉ်းစားလိုက်သည်။

လုကျိုးက သူ့ရဲ့တွက်ချက်မှုက မွန္ကန္တယ္ဆိုတာကို သေချာမှုရှိပေသည်။ သူက ဒီအကြောင်းအရာကို တွေးမိသွားတဲ့ အချိန်မှာတော့ နောက်ထပ် သုံးကြိမ်တောင် ထပ်စစ်သေးတာဖြစ်၏။ ဒါကြောင့် သူ မှားနိုင်စရာမရှိပေ။

လုကျိုးရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုက အစ်ကိုချန်းကို အံ့အားသင့်သွားစေခဲ့၏။ အစ်ကိုချန်းကလည်း လေသံကို ပြောင်းလိုက်သည်။ သူက ထိုဇယားကို အချိန်အတန်ကြာပြန်ကြည့်နေလိုက်၏။ လျှိုပေါ်နှင့် သူနဲ့က ထိုပုံစံငယ္ကို တွေ့ခဲ့ကတည်းက အချိန် အကြာကြီးထိုင်ပြီး ငြင်းခုန်ခဲ့ရသေးသည်။

ထို့နောက် ဆွေးနွေးပြီးသွားသည့်နောက် လျှိုပေါ်က စားပွဲပေါ်က အေးဖိုး စာမျက်နှာတွေကို ပြန်ကြည့်ကာ သူ့ရဲ့မျက်နှာတွင်တော့ အမူအရာအမျိုးမျိုး ဖြစ်နေခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now