အခန်း 190

106 11 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၉၀

မာစာချူဆက် အမေရိကတွင် လေယာဉ်တစ်စင်းသည် ဘော်စတွန်နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။ ဖရန့်ဝေသည် ဘော်စတွန်မှ ဆွစ်ဇာလန်သို့ ပြန်ရောက်လာခဲ့သည်။ သူ၏ ကျောင်းသားကိုလည်း ပြန်ခေါ်လာခဲ့၏။

ထိုပရော်ဖက်ဆာအိုကြီးသည် ရှေ့ဆုံးခုံတွင် ထိုင်နေခဲ့၏။ သူက လက်တော့ပ်ကို ထုတ်လိုက်ကာ ဝိုင်ဖိုင်နှင့်ချိတ်ဆက်လိုက်သည်။ ထို့နောက် အားလပ်ချိန်တွင်အလုပ်အချို့လုပ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် အီးမေးလ် ရောက်လာခဲ့သည်။ ပို့သူ၏အမည်ကို မြင်သည့်အချိန်တွင် သူက ချက်ချင်း ဖွင့်ဖတ်လိုက်တော့၏။ ကားမောင်းသူ နေရာတွင် ထိုင်နေခဲ့သည့် PHD ကျောင်းသားသည် မေးလာသည်။

“ပရော်ဖက်ဆာ CERN က အခြေအနေကရောဘယ်လိုနေပါသလဲ”

ဖရန့်က အီးမေးလ်ကို ကြည့်ရင်း ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“လောလောဆယ်မှာတော့ အခြေအနေက ပြောပြလို့မ၇တဲ့ အခြေအနေမှာပဲရှိတယ်။ ငါတို့ရှာတွေ့ထားတဲ့ အဆင့်သုံးဆင့်က အတည်ပြုဖို့ပဲ ကျန်တော့တယ်။ CERN က၀န်ထမ်းတွေအားလုံးက ပစ္စည်းတွေအားလုံးကို စစ်ဆေးပြီး ဆွေးနွေးပွဲလုပ်ဖို့ဟပြင်ဆင်နေကြတယ်။ ငါကလည်း သီအိုရီကယ် စာတမ်းကိုရေးလို့ပြီးတော့မှာဆိုတော့ နောက်လကျရင် ငါ ဂျီနီဗာကို သွားရမယ် ထင်တယ်။ ဘာလဲ”

PHD ကျောင်းသားက ပရော်ဖက်ဆာ စကားပြောတာရပ်သွားတာ မြင်သည့်အခါ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ ပရော်ဖက်ဆာ”

“ဘာမှမဟုတ်ဘူး”
ဖ၇န့်သည် ထိုအီးမေးလ်အား ဖတ်ရင်း မျက်မှောင်ကြုံ့လိုက်လေတော့သည်။ ရုတ်တရက် သူက ခေါင်းခါကာ ပြောသည်။

“ဒါက စိတ်၀င်စားစရာကောင်းတဲ့ အချက်ပဲ။ ဒါပေမဲ့ သဘောတူချင်စရာ မရှိဘူး”
ထိုစာတမ်းအား ရေးခဲ့သူသည် တရုတ်မှ လူငယ်လေးတစ်ယောက် ဖြစ်သည်။

အီးမေးလ်နှင့် အလုပ်လုပ်ရခြင်းသည် အကယ်ဒမီဆိုင်ရာ ပစ္စည်းတွေ လဲလယ်ရခြင်းထက်တောင်မှ ရှုပ်ထွေးသေးသည်။ လုကျိုးသည် သုတေသနလုပ်ငန်းနှင့် ပတ်သတ်ပြီး လိုအပ်သည့်အချက်တွေအား ထောက်ပြထား၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now