အခန်း186

103 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၆ မမျှော်လင့်ထားသည့် မိတ်ဆုံစားပွဲ

လက်တီယန် အန်ဒီဒုတ် အကြောင်းကိုသာ သိသွားကြလျှင် စက်မှုနယ်ပယ်တစ်ခုလုံး အကျိုးအမြတ်ကြီး ရသွားမည် ဖြစ်သည်။ မိုဘိုင်းဖုန်းတွေတောင်မှ စက်အသစ် ပြောင်းနိုင်မည်ဖြစ်ကာ လက်တီယန် ဒန့်ဒရိုက်နှင့် ပြဿနာပေါင်းများစွာကို ဖြေ၇ှင်းလာနိုင်ပေလိမ့်မည်။

သင်္ချာ ကွန်ဂျက်တာ တစ်ခုအား သက်သေပြလိုက်လျှင် စာတမ်းပေါင်းများစွာအား ဖျက်ဆီးနိုင်သည်။ သို့ရာတွင် တိုးတက်နေသည့် နည်းပညာသည် သုတေသန ပရောဂျက်တွေအား သန်းရာနှင့်ချီ ပျက်ဆီး သွားစေနိုင်သည်။ သူတို့၏ ပရောဂျက်တွေသည် တန်ကြေးမဲ့သွားပြီး သူ၏ နည်းပညာကတော့ဖြင့် ဘီလီယမ်နှင့်ချည် တန်ကြေး၇ှိလာပေလိမ့်မည်။

သူက မူပိုင်ခွင့် အလျှင်ယူပြီး စာတမ်းထုတ်ဝေရန်သာ တွေးထားသည်။ထိုဖြစ်စဉ်သည် ဘက်ထရီအား ဒီဇိုင်းဆွဲခြင်းအပေါ် မူတည်သေးသည်။ အရင်းအမြစ်တွေသည် ရန်ပုံငေတွေသာ ဖြစ်သည်။ ထို့ကြောင့် သုတေသန ပညာရှင်တွေအတွက် တန်ကြေးမ၇ှိနိုင်ချေ။ 

လုကျိုးသည် အဆောင်သို့ ပြန်ရောက်သည့်အခါ မူပိုင်ခွင့် ဖိုင်အား ဖြည့်တော့သည်။သူက ဖိုင်ထဲတွင် ပိုလီမီတီ စီလိုစင်း နာနို ဖော့စဖောရက် ဖလင်လိပ်အား တိုးတက်အောင် လုပ်ခဲ့ကာ ထိုအရာသည် အန်ဒီဒုတ်အား ကာကွယ်နိုင်စွမ်းရှိသည်ဟု ထည့်ရေးလိုက်သည်။

သူ တစ်ကြိမ်မျှ မူပိုင်ခွင့် မလျှောက်ဖူးသည့်အတွက် မည်သည့်အရာတို့ လုပ်သင့်ကြောင်း မသိပေ။ မူပိုင်ခွင့်နယ်ပယ်သည်လည်း စာတမ်းနယ်ပယ်နှင့် တူသည်။ အဆင့်ဆင့် စစ်ဆေးပြီးမှ အကြောင်းပြန်ကြမည်ဖြစ်သည်။ထို့ကြောင့်သာ များစွာသော သိပ္ပံပညာရှင်တို့သည် မူပိုင်ခွင့်ကို အသည်းအသန် လိုချင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီတစ်ခုအတွက် မူပိုင်ခွင့်ရှိထားလျှင် ရင်းနှီးမြုပ်နှံမှု များစွာရမည်ဟု ဆိုလိုသည်။

နောက်ထပ်သော အကြောင်းပြချက်သည် နိုင်ငံရေးနှင့် သက်ဆိုင်သည်။ ပညာရှင်အိုကြီးတွေတောင်မှ မူပိုင်ခွင့် ပြဿနာ မကြာခဏ တက်ကြသည်။ နည်းပညာဖြင့် တိုင်းပြည်အား တိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် မူပိုင်ခွင့် အက်ပလီကေးရှင်းတွေ ပေါများနေခြင်းဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now