အခန်း164

112 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၆၄ ခွက်ချင်းဟတိုက်မယ်

လျှို၀မ်ရွှမ်းသည် လုကျိုး ချောင်းတဟွတ်ဟွတ် ဆိုးနေကြောင်း မြင်သည့်အခါ ရယ်သည်။ သူကလုကျိုး၏ကျောကို ပုတ်ပေးကာ အပြုံးနဲ့ပြော၏။
"ဘယ်လို ခံစားရလဲ။ ကောင်းတယ် မဟုတ်လား"

လုကျိုး သူ့နှုတ်ခမ်းကို သုတ်လိုက်ရင်း ပြောသည်။
"ဒါက အချဉ်ရေပူကြီး မြိုချနေရသလိုပဲ"

လျှို၀မ်ရှန်းလည်း ရယ်တော့သည်။
"ဘ၀က တစ်ခါတစ်ရံ ဒီလိုပဲကွ။ တစ်ခါတစ်လေကျရင် စပ်တယ်။ အခုဘယ်လိုလဲ နေလို့ သက်သာသွားပြီလား"

"ဘာကို သက်သာရမှာလဲ"

လျှို၀မ်ရွှမ်း.. "မင်းရဲ့စိတ်အခြေအနေကို ပြောတာလေ"

လုကျိုး တွေးလိုက်သည်။ သူက ပြောလိုက်၏။
"အဆင်ပြေပါတယ်"

သူ သည်နေရာတွင် ဆက်ထိုင်နေပါလျှင် ပို၍သာပင်ပန်းလာနိုင်ကြောင်း မပြောဖြစ်တော့ချေ။ လျှို၀မ်ရွှမ်းက ခေါင်းခါကာ ပြော၏။

"မင်းမှာ ရည်မှန်းချက်တွေ လစ်လပ်နေတယ်။ ငါဟမင်းကို အမေရိကမှာ တွေ့ကတည်းက ငါ့ကိုယ်ငါ ပြန်တွေ့ရသလို ခံစားနေခဲ့ရတာပဲ"

"ငါ့ရဲ့ဘ၀ကလဲ အဆင်ပြေနေပြီလို့ ငါ ထင်ခဲ့သေးတယ်..."

"ကျွန်တော်တော့ အဆင်ပြေတယ် ထင်တာပဲ"

ကျယ်လောင်လွန်းလှသည့် သီချင်းသံကြောင့် လုကျိုး ခပ်တိုးတိုးဆိုလိုက်သည့် စကားအား လျှို၀မ်ရွှမ်း မကြားလိုက်ပေ။ ထို့ကြောင့် သူက ခပ်ဖြည်းဖြည်းပြန်ပြောလာ၏။

"တစ်ခါတစ်ရံမှာ မင်းရဲ့ဘ၀ကို ထိန်းမှတ်ဖို့ လိုအပ်သေးတယ်။ မင်းရဲ့ဦးနှောက်ကို အနားပေးသင့်တယ်။ ဒါမှပဲ မင်းအလုပ်တွေ များများလုပ်ပြီး ပိုပြီးအာရုံစိုက်နိုင်မှာလေ။ ဖိအားတွေရဲ့ပြသနာကို ဖြေရှင်းပြီးသွားရင်တော့ မင်းအတွက် အားလပ်ချိန်ကို သီးသန့် ဖယ်ထားပေးရမယ်။ မင်း သချင်္ာထက် ပိုပြီး သဘောကျတဲ့အရာကို ရှာရမယ်"

လုကျိုးက သဘောမတူပေ။
"အကိုက ဘာကို ဆိုလိုချင်တာလဲ"

လျှို၀မ်ရွှမ်းက ပြုံးသည်။
"ဥပမာကွာ လှပလွန်းလှတဲ့ အမျိုးသမီးတွေပေါ့"

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now