အခန်း42

735 100 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
အပိုင်း ၄၂ ကျွန်တော်သိပ္ပံပညာရှင်ဖြစ်ချင်တယ်

ရွှန်းဖုန်းရဲ့စီအီးအိုက သူ့ကို တက်ဂ် တွဲပြီး ပို့စ်တင်ထားတာကိုတွေ့မိတော့ ဒါကိုနောက်ပြောင်ထားတာလို့ သူတွေးလိုက်မိသည်။ သို့သော်ရွှန်းဖုန်းအဖွဲ့မှ တကယ်ကိုအကြောင်းကြားစာရောက်လာလိမ့်မယ်လို့ သူမထင်ထားပါပေ။

သို့ရာတွင် သူအီးမေးလ်တစ်ခုတောင်မှ မရရှိထားပေ။ ထိုကမ်းလှမ်းမှုကိုကျောင်းရဲ့မေးလ်ပို့ဆောင်သူမှ ပို့ဆောင်ပေးလာခြင်းဖြစ်သည်။

အမှန်တကယ်ပင် ရွှန်းဖုန်းက ပါကင်တစ်ခုသူ့ထံသို့ပို့ဆောင်ခဲ့ပါသည်။ ကံဆိုးသည်ကတော့ ကျောင်းကသူ့ကိုဖုန်းခေါ်ပြီး ထိုပါဆယ်ကိုလာထုတ်ဖို့ပြောခြင်းဖြစ်သည်။ ဘာကြောင့်ကမ်းလှမ်းလာတယ်ဆိုတာကို သူမတွေးမိခဲ့ပေ။

သူပါကင်ကိုရလိုက်တာနဲ့ ကျောင်းသားအချို့သူ့ကို၀န်းရံလာတာကို တွေ့လိုက်ရသည်။ အချို့သူတွေကတော့ ရွှန်းဖုန်းမှာအလုပ်လျှောက်ချင်ကြကာ ဒီပါကင်က တံဆိပ်ကိုသိကြပေသည်။ နောက်ပြီးရွှန်းဖုန်းရဲ့ကျော်ကြားနေတဲ့ ပိုစ်ကိုလည်း သူတို့တွေ့ထားကြသည်မဟုတ်လား။

လက်ရှိအချိန်မှာတော့ ရွှန်းဖုန်းရဲ့စီအီးအိုက တကယ္ကို အလေးအနက်လုပ်နေကြောင်း သိလိုက်ရတော့သည်။ သူကဝေ့ပေါ်တွင်သာ ကျော်ကြားလှသည်မဟုတ်လေဘဲ ဝီခ်က္က သူ့ရဲ့မိတ်ဆွေတွေရဲ့သတင်းစာမျက်နှာတွေတွင်လည်း ကျော်ကြားနေကြောင်း တွေ့ရပေသည်။ သူ့ကိုအချို့လူတွေကဆိုရင် နတ်ဘုရားတစ်ပါးလိုကိုးကွယ်ကြကာ ပါရမီရှင်တွေကို ကိုးကွယ်တဲ့လူလို့ဆိုကြသည်။

လုကျိုးအနေနဲ့ သူဖြစ်ချင်ရင်တောင်မှ သိုသိုသိပ်သိပ်နေဖို့မဖြစ်နိုင်ပါချေ။ ကျင်းလင်တက္ကသိုလ်တွင်များပြားလှသော ပါရမီရှင်တို့ရှိနေလေကာ လုကျိုးအဆင့်တွင်ရှိတဲ့လူကတော့ တစ်ယောက်မှမရှိပါပေ။ သူကပထမနှစ်သာဖြစ်နေပေမဲ့ ယွမ်သန်း၀က်ကိုလစာအဖြစ်ကမ်းလှမ်းခံရကာ သူသာဘွဲ့ရသွားမည်ဆိုပါက မည်မျှပမာဏရရှိသွားမည်ဆိုတာကို တွေးကြည့်လို့ရပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now