အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ-Sunflower
အပိုင်း ၁၉၅
ထိုလူငယ် ပညာသင်သားလေးက သူ၏ တောင်းဆိုမှုကိုငြင်းလိုက်မည်ဟု ပရော်ဖက်ဆာမာ မထင်ထားခဲ့ပေ။ သူ၏မျက်နှာတွင် အပြုံးရှိနေသော်လည်း သူ့မျက်၀န်းတို့သည် အေးစက်သွားရသည်။ သူကသဘောမကျသည့် လေသံနှင့် ပြောလာ၏။
“ဘာလဲမင်းက ငါ့ကို အသက်ကြီးနေလို့ မင်းရဲ့အတွေးတွေနောက်ကို မလိုက်နိုင်လောက်ဘူးလို့ ထင်တာလား။ ဒါမှမဟုတ် ငါက မတော်ဘူးလို့ ဆိုလိုချင်တာလား”
လုကျိုး ပြုံးလိုက်ကာ ငြင်သာစွာ ပြန်ဖြေသည်။
“မဟုတ်ပါဘူး။ အဲ့ဒီအဓိပ္ပာယ် မဟုတ်ပါဘူး။ ကျွန်တော်က ဒီအတိုင်း တစ်ယောက်ထဲပဲ လေ့လာရတာကို သဘောကျလို့ပါ”ပရော်ဖက်ဆာမာက လုကျိုးကို အချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ ရယ်သည်။
“အာ ကျင်းလင် တက္ကသိုလ်မှာ တကယ့်ပါရမီရှင်တွေရှိနေတာပဲ။ ကောင်းပြီလေ မင်းက စိတ်မ၀င်စားဘူးဆိုမှတော့ ငါက မင်းရဲ့အချိန်တွေကို မဖြုန်းတော့ပါဘူး”ထို့နောက် ထိုလူအိုကြီးက အဝေးသို့လျှောက်သွားတော့သည်။ ဝေစီယန်သည်လည်း ရှက်ရွံ့သွားရ၏။ သူကလုကျိုးနဲ့ မိတ်ဆွေဖြစ်ချင်သည်။ သို့သော် သူ၏ဆရာကိုလည်း မလွန်ဆန်နိုင်သဖြင့် သူသည်လည်း ထွက်ခွာသွားရလေတော့သည်။
လုကျိုး မင်သက်သွား၏။ ထိုပရော်ဖက်ဆာ မပျော်မရွှင်ဖြစ်သွားကြောင်း သူ သိလိုက်သည်။ ထူးဆန်းလွန်းပေသည်။ သူ၏ ထင်မြင်ချက်အား မည်သည့်အတွက်ကြောင့် အာရုံစိုက်နေမှန်း သူ မသိပေ။ ကို့ယို့ကားယား အတော်နိုင်တဲ့သူဟု သူ ခံစားလိုက်ရလေတော့သည်။
လုကျိုးသည် ပရော်ဖက်ဆာ မာချန်းကန်၏ကျောပြင်အား ကြည့်လိုက်ကာ အဝေးသို့ ထွက်သွားလိုက်သည်။ မည်သည်တို့ ဖြစ်ပျက်နေမှန်း သူ အမှန်မသိချေ။
တစ်ရက်ကြာပြီးသည့်နောက် ဆယ့်နှစ်ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ တရုတ် သချာင်္ဆွေးနွေးပွဲကြီး စတင်လေတော့သည်။ ခမ်းနားလှသည့် အဆောက်အဦးကြီး၏ အထဲတွင် လူပေါင်းမြောက်များစွာဟာ ကော်ဇောနီအား ဖြတ်သန်းကာ လျှောက်သွားလေတော့သည်။ ဆွေးနွေးပွဲသည် မစတင်သေးသော်လည်း လူတွေသည် ဘယ်နဲ့ညာတွင် အပြည့်ဖြစ်နေ၏။
YOU ARE READING
အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ
Science Fictionလုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်