အခန်း40

710 103 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၀ ရိုးရှင်းစွာ ရက်စက်သော

[ ဟဲလို လုကျိုး။ နယူးယောက်တက္ကသိုလ် သင်္ချာသုတေသနဌာနကပါ။ ပထမဆုံးအနေနဲ့ မင်းရဲ့ သုတေသနကို ငါတို့ဆီ လျှောက်ထားပေးပို့ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့စာတမ်းထဲမှာ အနှစ်ချုပ်ထားတဲ့ သီအိုရီပုံစံသဘောတရားတွေက ငါတို့နဲ့ပေါလ်ရှာအာတက္ကသိုလ်တို့ပူးပေါင်းပြီး သုတေသနလုပ်နေတဲ့ဖြစ်စဉ်ကို တော်တော်လေး အကျိုးသက်ရောက်မှုရှိစေခဲ့တယ်]

[ မင်းသုံးသပ်ပြထားပုံတွေကိုသုံးကြည့်တော့ ငါတို့အားလုံးယုံကြည်မှုရှိရှိသဘောတူညီချက်ရလောက်တဲ့အထိ အဆင်ပြေခဲ့တယ်။ ဒါပေမယ့် မင်းကိုကတိပေးပါတယ် ငါတို့မင်းဆီကငြိမ်ငြိမ်းချမ်းချမ်းပဲ ခွင့်ပြုချက်လိုချင်တာပါ]

[ မင်းက ၁၉နှစ်ပဲရှိသေးတယ်ဆိုတာ ငါတို့သိလိုက်ရတော့ ငါတို့ဌာနက ပါမောက္ခရော့ဝဲလ်နဲ့ပါမောက္ခလီတို့က တော်တော်အံ့သြသွားကြတာ]

[ တစ်ချိန်ထဲမှာပဲ မင်းရဲ့သင်္ချာပါရမီကိုမြင်မိတယ်။ မင်းသာ ယူအက်ကိုလာပြီးတက္ကသိုလ်ပညာသင်ကြားချင်တာဖြစ်ဖြစ် မာစကာတန်းတွေတက်ရောက်တာဖြစ်ဖြစ် လုပ်ချင်တယ်ဆိုရင် ငါတို့ကိုသာ ဆက်သွယ်လိုက်ပါ။ မင်းအတွက် ငါတို့ကျောင်းက တံခါးဖွင့်ကြိုဆိုနေပါတယ်]

ပေကျင်းမြို့ ဝူတောင်းကောင်းကောလိပ်ရဲ့ ခေတ်ဟောင်းအဆောက်အဦးတစ်ခုတွင်

ကျင်းလင်နေ့စဉ်သတင်းစာ၏ စားပွဲပေါ်တွင် နယူးယောက်တက္ကသိုလ်မှ ပေးပို့လာတဲ့စာလွှာရှိနေခဲ့သည်။ သူတို့က စာမှစာသားတွေရွေးချယ်ကာ ဝေ့ပေါ်တွင်တင်လိုက်ကြသည်။

ဒီသတင်းစာက သူ့ရဲ့အတန်းဖော်ဟောင်းဖြစ်တဲ့ ကျင်းလင်တက္ကသိုလ်က ကျောင်းအုပ်ကို တစ်စောင်ပေးပို့ပေးလိုက်သေးသည်ပေ။

အင်္ဂလိပ်လိုကူးယူရေးထားတဲ့စာနဲ့အတူတွဲပို့လိုက်တာဖြစ်၏။

ရိုးရိုးရှင်းရှင်း ရက်စက်ပြလိုက်တာပဲ

သတင်းစာဖတ်ပြီးတဲ့ ဆံပင်ဖြူနဲ့လူက မျက်မှန်ကိုချွတ်လိုက်ကာ ခေါင်းခါနေခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now