အခန်း99

450 66 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၉ ပါရမီရှင်တွေ အားလုံး ဒီလိုပဲလား

လုကျိုးက ရုပ်၇ှင် ကြည့်ပြီးသွားတဲ့အခါ ကျောင်းကို ပြန်ရန် စိတ်ကူးထားခဲ့သည်။ သို့သော် ချန်းယွီရှန်းက မုန့်၀ယ်ကျေွးဖို့ ပြောလာတော့ သူလည်း သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ညစာစားချိန်ရောက်ဖို့ လိုနေသေးလေတော့ သူတို့တွေ ရီတာ ပလာဇာရဲ့ စတားဘက် ဆိုင်ကို ရွာကာ နားနေလိုက်သည်။

ချန်းယွီရှန်းက ကော်ဖီနှစ်ခွက် ယူပြီးနောက် သူတို့တွေ တိတ်ဆိတ်တဲ့ နေရာကို ရွာကာ ထိုင်လိုက်ကြသည်။

နင် အခုတေလာ ဘာတွေ လုပ်ဖြစ်နေလဲ

လုကျိုး: ငါက ရူပဗေဒဌာနရဲ့ သုတေသန ပရောဂျက် တစ္ခုမွာ ၀င်လုပ်ပေးနေတယ်။ ဒါပေမယ့် အလုပ်များတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ မင်းရော ဘွဲ့ကြိုတန်းအတွက် လျှောက်ထားတာက ဘယ်လိုနေလဲ

ချန်းယွီရှန်း: အဆင်ပြေတယ် ထင်တာပဲ

လုကျိုး : ယုံကြည်မှုရှိနေတာလား ဘယ်တက္ကသိုလ်ကို လျှောက်မယ်လို့ တွေးထားလဲ

ယန်ကျင်း တက္ကသိုလ်ပေါ့။ ငါ့ရဲ့ အိပ္မက္က ယန်ကျင်း စီးပွားရေး တက္ကသိုလ်နဲ့ ဝါတွန် ကောလိပ်ကနေ MBAရဖို့ပဲ

လုကျိုး အံ့သြသွားခဲ့သည်။
ဝိုး နှစ်ခု ပြိုင်လုပ်မလို့လား ၊ဒါဆို မင်း ကျောင်းပြီးသွားတဲ့အခါ ဘွဲ့နှစ်ခု ရတော့မှာပေါ့|

ဒါပေါ့

ချန်းယွီရှန်း ပြုံးနေခဲ့သည်။ ပါရမီရှင် တစ်ယောက်ဆီက ချီးကျူးခံရတာက ပျော်စရာ ကောင်းပေသည်။

ဒါနဲ့ သင်္ချာရော အဆင်ပြေရဲ့လား

နိုင်ငံရပ်ခြားတွင် သွားရောက် သင်ကြားချင်ပါက ၁+၂ သို့မဟုတ် ၁+၁ သို့မဟုတ် ကဲ့သို့ ပုံစံတွေ မေးလိမ့်တော့မည် မဟုတ်ပေ။ နိုင်ငံခြားနဲ့ ပေါင်းစပ် သင်ကြားသည့် တက္ကသိုလ်တွေကို သာမန် အဆင့်မျိုးနဲ့ ၀င်ရောက်နိုင်တာမျိုးရှိပေမယ့် ယန်တက္ကသိုလ်ကတော့ မတူပါပေ။

ချန်းယွီရှန်းက လုကျိုးရဲ့ သင်္ချာအကြောင်း ပြောတကို ကြားတာနဲ့ သူမ မပျော်တော့ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now