အခန်း101

459 64 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၁ အေသးစား ဖြန့်ချီမှု

ထိုသို့ဖြင့် လုကျိုးက ရှီရှန်းရဲ့ ရန္ကို ကြောက်ရင်း တွင်းတူးဖို့ အဆင်သင့် ဖြစ်နေခဲ့လေပြီ။ လုကျိုး ပရော်ဖက်ဆာလီရဲ့ကားထဲကို ရောက်တဲ့အခါ ညေန ငါးနာရီထိုးနေခဲ့ပြီ ဖြစ်၏။ သူတို့က မိနစ်နှစ်ဆယ်လောက် ကားမောင်းသွားပြီးသည့်နောက် သြားလိုရာကို ရောက်သွားခဲ့သည်။

ကျီကျင်းရှန်း ဟိုတယ္က တောင်စောင်းထိပ်တွင် တည်ရှိကာ အလွန်အမင်းကို ခမ်းနားတဲ့ မြင်ကွင်းမျိုးကို ပိုင်ဆိုင်ပေသည်။ ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးက အလွန်အမင်းကို ကြည့်ကောင်းလွန်းလှသည့် ရှုခင်းတွေဖြစ်နေခဲ့ကာ တောင်တန်း တစ်လျှောက်ကို မြင်နိုင်သလို ပါရာဆိုး တောအုပ်ကိုလည်း ကာပါကင်နေရာတွင်ပင် အတော်များများ မြင်နေရပြီ ဖြစ်သည်။

ထိုဟိုတယ္က ကြယ်ဘယ်လောက် မ်ားမ်ား ပိုင်ဆိုင်ထားသလဲဆိုတာတော့ လုကျိုး မသိပေ။ ဟိုတယ္ကေတာ့ ယွမ်သန်းရာကျော် တန်ကြေးရှိတဲ့ အဆောက်အဦးကြီးဆိုတာတော့ သေချာနေပေသည်။ပရော်ဖက်ဆာလီရဲ့ကားထဲမှ ထွက်လာပြီးသည့်နောက် လုကျိုးက သူ့ရဲ့ မိတ်ဆွေနှစ်ယောက်ရဲ့ အနားမွာ ရပ်နေရင်း အထဲကိုဝင်ဖို့စောင့်နေလိုက်သည်။

လုကျိုးက ပွဲတက်ဝတ်စုံတွေ ဝတ်ဆင်ထားကြသည့် လူအုပ္ကို ကြည့်လိုက်၏။ ပထမဆုံး အကြိမ်အနေနဲ့ ခမ်းနားလှတဲ့ ဟိုတယ်မျိုးကို သူ ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ မေးလိုက်၏။

ငါတို့ အဝတ်အစားလဲဖို့တော့ မလိုဘူးမလား

လျှိုပေါ်က ပြုံးသည်။
မလိုပါဘူး သုတေသနလုပ်တဲ့ လူတွေ အားလုံးက ပွဲတက်ဝတ်စုံတွေ ဝတ္ဖို့ မလိုဘူး ၊ပြီးတော့ မင်းက ဖိနပ်အပါးတွေ ဝတ္ထားတာမွ မဟုတ္တာ။ ပြီးတော့ ဖိနပ်အပါး ဝတ်ထားရင်တောင်မှပဲ ပရော်ဖက်ဆာလီက ပါနေတော့ မင်းဘာမှ မဖြစ်နိုင်ပါဘူး

လုကျိုးက ဝင်ပေါက်ကို တစ်ချက် လှမ်းကြည့်ရင်းပြောလိုက်သည်။
အဲ့ဒီလူတွေ အကုန္လုံးက ပရော်ဂျက်အဖွဲ့က လူတွေလား

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now