အခန်း126

432 46 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sun Flower

အပိုင်း ၁၂၆ ပိတ္ပြဲ

ကွန်ဂျက်တာတွေရဲ့ အကယ္ဒမီ တန္ဖိုး သတ်မှတ်ချက်က အချင်းချင်း ကွဲပြားခြားနားမှု ရှိပေသည်။ ဒါက ကြန္ဂ်က္တာ အမျိုးအစားနဲ့ ခက်ခဲမှုအဆင့်၊ မဖြေရှင်းနိုင်ခဲ့သည့် နှစ်အရေအတွက်ပေါ်  မူတည်ပြီးတော့ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေကတော့ အများကြီး ရှိနေသေးပေ၏။ သို့ရာတွင် ကွန်ဂျက်တာရဲ့အဆင့်သတ်မှတ်ချက်ကိုတော့ ယေဘူယျအားဖြင့် စဉ်းစားကြသည်ကတော့ များပေသည်။

တစ်စုံတစ်ယောက်က အကယ်ဒမီဘက်ပိုင်းက မဟုတ်သည့် အခြားအချက်အလက်တွေဖြစ်တဲ့ အရာတွေ ဥပမာ နိုင်ငံရေးလက်မှတ်၊ စီးပွားရေးလက်မှတ် ပြီးတော့ မီဒီယာတွေရဲ့လွှမ်းမိုးမှု စသည်ဖြင့် အရာရာကို လျစ်လျူရှုလိုက်မယ်ဆိုရင်တောင်မှ သင်္ချာကွန်ဂျက်တာပေါင်း မ်ားစြာက ထောင်ဂဏန်းအထိ ရှိနေသေးသည်။

ဒါတောင်မှ အဆင့်တွေအားလုံးကို စုစည်းထားခြင်းဖြစ်ပေ၏။ ပထမဆုံးအဆင့်ကတော့ သံသယရွိစရာ မလိုလောက်အောင် ရီမန္ကြန္ဂ်က္တာ ဖြစ်သည်။ နောက် ယန်မေးတည်ရှိမှုလည်း ပါဝင်သလို တွက်ချက်မှု ကိန်းဂဏန်းတွေကလည်း ပါဝင်ပေ၏။ ထိုကဲ့သို့သော တွက်ချက်မှု ကိန်းဂဏန်းတွေ၊ ယန်မေးတည်ရှိမှုတွေ စသည်ဖြင့် ထိုအရာတွေ အားလုံးကို ကမ်ဘာအဆင့် အဓိက သင်္ချာပုစၧာ ခုနစ်မျိုးဆိုပြီးတော့ ခေါ်ကြပေသည်။

ထိုကဲ့သို့သော ကွန်ဂျက်တာမျိုးတွေကို သက်သေပြခံလိုက်ရပါက ဒါက သင်္ချာနယ်ပယ်တစ်ခုလုံးကို တိုးတက်သွားစေအောင် မြှင့်တင် ပေးနိုင်လိုက်သည်သာမဟုတ်လေပဲ စက်မှုနယ်ပယ်တွေ၊ အခြားနယ်ပယ်တွေ စသည်ဖြင့် နယ်ပယ်တိုင်းကို မြှင့်တက်သွားအောင် လုပ်နိုင်ခဲ့ခြင်းလို့ ဆိုရပေမည်။

ဒုတိယအဆင့်ကတော့ လူသိများကျော်ကြားလှတဲ့ ရှေးခေတ်အချိန်က သို့မဟုတ် ခေတ်သစ်အချိန်က သင်္ချာပုစၧာတွေကို ဖြေရှင်းပေးခြင်း ဖြစ်သည်။ ဥပမာ ဂိုးဘက္ကြန္ဂ်က္တာ၊ လေးရောင်ခြယ် ပြဿနာနဲ့ ဖားမက်နောက်ဆုံးသီအိုရီ စသည်ဖြင့် ဖြစ်ပေသည်။ ထိုထဲက နှစ်ခုကို ဖြေရှင်းပြီးသားဖြစ်သလို လူကြီးမင်းချန်းက နောက်ဆုံးတစ်ခုကို ဆက်လက်လုပ်ကိုင်နေပေ၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now