အခန်း 5

1.3K 182 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ... Knowledge

အပိုင်း ၅(မဲမနှိုက်ခင် မျက်နှာအရင်သစ်ပါ)

စာကြည့်တိုက်သည် ညဆယ်နာရီတွင် ပိတ်သည်။ ထိုအချိန်ဟာ လုကျိုးအတွက် အဆင့်မြင့်အယ်ဂျီဘရာနှင့် C ဘာသာရပ်၏ငါးကြိမ်မြောက်ထုတ်ေ၀ခြင်းစာအုပ် တို့ကို လေ့လာဖို့ အချိန်လုံလောက်သည်။

စာကြည့်တိုက်မှပြန်လာသည့် လမ်းတစ်လျှောက်တွင် လုကျိုးဟာ လုပ်ငန်းဖန်သားပြင်ကို ကြည့်လိုက်လေရင်း ကိုးနာရီသာ ကျန်ရှိတော့တာကို သိလိုက်ရလေသည်။ သူတော်တော်လေး စိတ္ပ်က္သြားရ၏။ ဆယ့်ငါးနာရီက အလကားသက်သက် ကုန်ဆုံးသွားသလိုတောင် သူခံစားမိလိုက်သေးသည်။ အချိန်ကုန်တာ အရမ်းမြန်လွန်းလှ၏။ ဖတ်စာအုပ်တွေဖတ်ရတာဟာ ထိုမျှ အချိန်မြန်မြန်ကုန်စေမယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့ဘူးပါချေ။ တစ်နေ့လုံးစာလေ့လာပြီးသည့်နောက် သူ တစ်စုံတစ်ရာကို လေ့လာမိလိုက်သည်။

သူစာအုပ်တစ်အုပ်ကို ဖတ်ပြီးသည့်အခါ ထိုစာအုပ်ရဲ့တန်ဖိုးက ဂဏန်းတစ်လုံးစာလျော့သွားတတ်သည်။ ဒါတင်မဟုတ်ဘဲ အခြားအလားတူတဲ့စာအုပ်ရမှတ်တွေကလည်း ဂဏန်းတစ်လုံးစာစီ လျော့သွားတာမျိုး ဖြစ်တတ်ပေသည်။ အခြားနည်းနဲ့ပြောရမည်ဆိုလျှင် အရင်က အရမ်းနိမ့်ခဲ့သည့် စာအုပ်ရမှတ်များ သို့မဟုတ် သုံညသာရရှိခဲ့သည့်စာအုပ်တွေကတော့ အတိုင်းအတာတစ်ခုအထိ ဂဏန်းတွေတိုးလာခဲ့သည်။ ဥပမာအနေနဲ့ ခေတ်သစ်ခွဲခြမ်းစိတ်ဖြာခြင်း၏ ဒီဒုန်းအခြေခံအုတ်မြစ်စာအုပ်ဟာဆိုရင် မတိုင်မီက ဆယ်မှတ်သာရှိခဲ့သည်။ သို့သော် လက်ရှိအချိန်တွင်တော့ အမှတ်သုံးဆယ်ဖြစ်နေခဲ့ပေပြီ။ သူအိမ္ကို လမ်းလျှောက်ပြန်လာနေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒီသင်္ချာဆိုင်ရာအဆင့်က ၀ ကေန ၁ကို ဘာလို့တက္သြားလဲဆိုတာကို သူ တစ်ချိန်လုံးစဉ်းစားနေဆဲဖြစ်သည်။

သူကအရာရာကို ထိုးထွင်းသိမြင်ဉာဏ် ပိုင်ဆိုင်သွားတာလား။

မေးခွန်းကို မြင်တာနဲ့အဖြေကို ချက်ချင်းတန်းသိပြီးတော့ ဖြေရှင်းနိုင်တော့မှလား။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now