အခန်း75

652 108 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၇၅ ဉာဏ်ရည်တုစက် အဖြစ် ပြောင်းလဲသည့် မှန်ကန်တဲ့ နည်းလမ်း

လုကျိုး ညနေခင်းတွင် အဆောင်ကို ပြန်သွားလိုက်သည်။ အဆောင်ကို ပြန်ရောက်တာနဲ့ သူ လပ်တော့ကို ဖွင့်လိုက်၏။ ထို့နောက် ပညာရေးရုံခန်းထဲသို့ ဝင်လိုက်တဲ့အခါ ညာဘက် ထောင့်အောက်နားတွင် ကျူကျူမှ စာလေး တက်နေတာကို တွေ့လိုက်ရသည်။

သူ ကျက်သေသေသွားရ၏။
သူ ကျူကျူကနေ မက်ဆေ့ပို့လာတာကို တစ်ခါမှ လက်ခံ မရရှိဖူးပါပေ။
ရှောင်အိုင်းနဲ့ ဆက်သွယ်တဲ့ အချိန်မှသာ ကျူကျူမှ တစ်ဆင့် ရှောင်အိုင်းဆီကို စာတွေ ပို့တတ်ခြင်းဘဖြစ်ပေသည်။

ဘာလဲဟ

လုကျိုး ထိုအရာလေးကို နှိပ်ကာ ဖွင့်လိုက်တဲ့အခါမှာတော့ ဂရုလိုက် စကားပြောထားတဲ့ စာသားတွေဆိုတာကို တွေ့လိုက်ရသည်။

[သမိုင်းအချက်အလက် : ပထမဆုံးအခ်စ္က သင့်ကို သင်္ချာပုံစံငယ် အဖွဲ့ထဲကို ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။  သင်သဘောတူပါသလား]

လုကျိုး

ရုတ်တရက် ဘာတွေ ဖြစ်နေလဲဆိုတာကို သူ သိလိုက်ရတော့သည်။
သေစမ်း။
ဒါ အဖျက် ပိုး ဝင်နေတာပဲ။

လုကျိုးက ကျူကျူနဲ့ ရှောင်အိုင်းကို ချိတ်ဆက်ထားသည့် ပရိုဂရမ္တစ္ခုကို ဖွင့်ကြည့်လိုက်လေရင်း ကုတ်တွေထဲတွင် ပိုးဝင်နေတာကို ရှာတွေ့လိုက်ရသည်။

သူက အကောင့်တစ်ခုတည်းကို သုံးပြီး ဒီပရိုဂရမ္ကို စာတွေ ပို့ဖို့၊ လက်ခံဖို့ လုပ်ထားပေမယ့် အခုလိုမျိုး ဂရုအလိုက် စာတွေ ရောက်လာတယ် ဆိုကတည်းက ပိုးဝင်လို့ ဖြစ်တယ် ဆိုတာကို သူ သိနိုင်ပေသည်။ ဒါကြောင့်သာ ကွန်ပြူတာထဲကို မိတ်ဆွေတွေ အလိုအလျောက် လက်ခံတာမျိုး၊ ဂရု စာသားတွေ၊ တောင်းဆိုချက်တွေ ရောက်ရှိလာတာမျိုးကို ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

သူ သူ့ရဲ့ ကျူကျူ အကောင့်နံပါတ်ကို ပထမနှစ်ကျောင်းသူလေး တစ်ယောက်ကို ပေးခဲ့တယ်ဆိုတာကို လုကျိုး သတိရလိုက်မိသည်။ သူ သူမကို အကောင့်နံပါတ်မှားပြီး ပေးလိုက်မိတာပေ။
ဆိုးလိုက္တာ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now