အခန်း151

154 17 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၅၁ သမိုင်း တစ်ခုအား မျက်မြင် တွေ့လိုက်ရခြင်း

လုကျိုးသည် သူ၏ သူငယ်ချင်းတွေအား သည်စားသောက်ပွဲအတွက် မပေးစေလိုခဲ့ပေ။သို့ရာတွင် သူသည်ကြိမ်ဖန်များစွာ ရှင်းပေးခဲ့သဖြင့် ယခုသည် ထိုသူတို့၏ အလှည့်လည်း ဖြစ်သင့်သေးသည်ပေ။

လူတိုင်းသည် အသားကုန် သောက်စားကုန်ကြသည်။ သူတို့သည် လုကျိုးအား မူးစေချင်နေ၏။ သို့သော် လုကျိုး စိတ်ပူစရာ မလိုခဲ့ပေ။ အစောဆုံး မူးသွားခဲ့သူမှာ လျှို့​ေလွ့သာ ဖြစ်သွားသည်။

လျှို့လွေ့ကို သူတို့တွေ အဆောင်သို့ ပြန်သယ်သွားလိုက်ရသည်။ အော်ရယ် ခုခံမှုပြီးသွားပြီးနောက် လုကျိုး ရက်အနည်းငယ် နားလိုက်သည်။ သူ၏ ကိုယ်အား နောက်လာမည့် မာစတာ ကျောင်းသားဘ၀အတွက် ခေတ္တ အနားပေးသင့်သည်ဟု သူ တွေးလိုက်သည်။ ထိုသို့ဖြင့် လုကျိုးသည် ကျင်းလင်တက္ကသိုလ်မှ ကျောင်းသားတစ်ယောက် ပြန်ဖြစ်သွားသည်။သို့သော် သည်တစ်ကြိမ်တွင် သူက မာစတာ ကျောင်းသား ဖြစ်ပေသည်။

လုကျိုး အလေးအနက် စဉ်းစားပြီးနောက် ပရော်ဖက်ဆာ ထန်း၏ အကြံပေးချက်အား နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ပရော်ဖက်ဆာ လုရှန်းကျန်းထံတွင် မာစတာတန်း လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။

ပထမဆုံးအနေနှင့် သင်္ချာနှင့် ဆက်စပ်သည့် ရူပဗေဒတွင် သူ တိုးတက်ချင်သည်။ ဒုတိယတစ်ချက်အနေဖြင့် ပရော်ဖက်ဆာ ထန်းပြောသည်မှာ မှန်ကန်သည်ဟု သူ ထင်သည်။ သူသည် တရုတ် အကယ်ဒမီ နယ်ပယ်တွင် အတွေ့အကြုံ မ၇ှိသေးပေ။ထို့ကြောင့် ထိုအတွေ့အကြုံတွေ များပြားအောင် လုပ်ရန်လိုသေးပေသည်။

သာမန်လူတွေသည်  ထိုနယ်ပယ်၏ အတွေ့အကြုံသည် မည်မျှ ရှိနေမှန်း မပြောနိုင်လောက်ချေ။ သူသည် ပညာရေးနယ်ပယ်တွင် မြင့်မားသည့် အဆင့်သို့ တက်ချင်လျှင် မာစတာ အဆင့်အတွက် သူ့အား လမ်းညွှန်ပေးမည့်သူသည် အလွန် အရေးပါပေသည်။

ဥပမာအနေဖြင့် နိုင်ငံအဆင့် ပရောဂျက် တစ်ခု လုပ်ဆောင်ချင်လျှင် သူသည် ထိုနယ်ပယ်တွင် အရေးပါ အရောက်သူ တစ်ယောက်ယောက်၏ ကျောင်းသားဖြစ်နေမှ ရပေမည်။ ထို့မှသာ ငွေကြေးအတွက်ပင်ဖြစ်စေ အခွင့်အာဏာအရတွင်ဖြစ်စေ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။ ထိုသည်က တစ်ယောက်ထဲ တိုက်ခိုက်ရသည်ထက် ကောင်းပေ၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now