အခန်း29

811 111 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ..SunFlower

အပိုင်း၂၉ ဒါကပါရမီလား

   "ကျိုး လျှို့လွေ့ ငါတို့သွားပြီနော် မင်းတို့ဂရုစိုက်"

   "နှစ်လကြာရင်ပြန်တွေ့မယ် "

ရှီရှန်းနှင့်ဟွမ်ကွမ်းမင်တို့ကနှုတ်ဆက်ပြီးတာနဲ့သူတို့၏ခရီးဆောင်သေတ္တာများကိုသယ်ဆောင်ကာထွက်ခွာသွားတော့သည်။  ထိုအခါလုကျိုးနဲ့လျှို့လွေ့သာကျန်ခဲ့သည်။

နွေရာသီအားလပ်ရက်စတင်ခဲ့ပြီ။

တစ်ပတ်အတွင်းမှာပဲကျောင်းတစ်ခုလုံးစွန့်ပစ်ခံခဲ့ရသည်။  သြဂုတ်လပြီးမှသာပြန်လာကြမည်ဖြစ်သည်
  သို့မှသာကျောင်းကပြန်ရှင်သန်လာပေလိမ့်မည်။  ထိုအခါက် ကျောင်းသားသစ်တွေလည်း ရောက်လာလိမ့်မည်ပေ။

လုကျိုးသည်နွေရာသီကျောင်းလျှောက်လွှာတင်ရန်လက်မှတ်ထိုးထားသည်။  သူက လျှို့လွေ့ကိုနှုတ်ဆက်ပြီးအိပ်ဆောင်မှထွက်ခဲ့လိုက်သည်။  သူကစာကြည့်တိုက်သို့မသွားမီလျှောက်လွှာကိုပေးပို့ရန်အဆောင်ဌာနသို့ပထမဆုံးသွားခဲ့သည်။

ကျင်းလင်တက္ကသိုလ်တွင်စာလေ့လာမှုပုံစံသည်အလွန်ပြင်းထန်သည်။  ကျောင်းသားများစွာကျောင်းမှထွက်ခွာသော်လည်းစာကြည့်တိုက်တွင်ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက်စာသင်ကြားနေသောကျောင်းသားများနှင့်ပြည့်နှက်နေဆဲဖြစ်သည်။  စာအုပ်များပုံများသည်ထိုင်ခုံအလွတ်များအပေါ်တင်ထားပြီးမည်သူ့ကိုမှခုံကိုမယူရန်တားဆီးထားသည်။

လုကျိုးအဖို့ ဒီလူတွေဘာလုပ်နေမှန်း မသိတော့ပေ။စာအုပ်တွေနဲ့ခုံကိုဘာလို့ဦးထားတာလဲ

လုကျိုးသူပုံမှန်ထိုင်နေကြထိုင်ခုံတွင်စာအုပ်တစ်အုပ်ကိုတွေ့လိုက်သည်။  ချန်းယွီရှန်းသာ ဘေးတွင်ထိုင်နေသည်ကိုသူမတွေ့ပါကနောက်ထပ်ထိုင်ခုံတစ်ခုကိုရှာတော့မှာသေချာသည်။  သူမက စာအုပ်ကိုအလျင်အမြန်ဖယ်ရှားလိုက်ပြီးလက်ကိုဝှေ့ယမ်းပြလိုက်သည်။

သူ့အတွက် ဦးပေးထားတာပဲ

လုကျိုးကသူ့လက်တော့ကိုစားပွဲပေါ်ချထားလိုက်သည်။  သူချက်ချင်းမထိုင်သေးဘဲ  စာအုပ်စင်သို့သွားလိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now