အခန်း199

127 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၉၉ မိနစ်သုံးဆယ်စာ ရီပို့

လုကျိုးသည် ညစာစားပွဲတွင် ခွက်တွေသာ တိုက်နေရပေသည်။ ညစာစားပွဲ ပြီးသွားသည့်အခါ သူ မူးနေချေပြီ။ကံကောင်းသည်မှာ သူ၏ အရက်သောက်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းသည် မြင့်မားနေခြင်းပင်။ ထို့ကြောင့် သူ ဟန်မပျက်သွားချေ။ သူက ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ရေချိုးကာ အ၀တ်အစားလဲလိုက်သည်။ ထို့နောက် စိုနေသေးသည့် ဆံပင်နှင့်ပင် အိပ်ယာပေါ်လှဲချလိုက်သည်။

သူသည် အီးမေးစစ်ရန် ရည်၇ွယ်သော်လည်း ဝေ့ပေါ်ထဲ ၀င်မိသွားသည်။ သူ နောက်တစ်ကြိမ် ထရန့်တင်းဖြစ်နေကြောင်း တွေ့ လိုက်ရပြန်သည်။ ထရန့်တင်းဆိုသော်လည်း ထိပ်ပိုင်းတွင် မဟုတ်သေးချေ။ သို့သော်သူက ထိပ်ဆုံး ဆယ်ခုထဲတော့ ၀င်နေသေးပေသည်။ သူက စာတွေကြည့်လ ိုက်သည့်အချိန်တွင် ၉၉ခုပင် ကျော်နေကြောင်း တွေ့လိုက်ရတော့သည်။

[ သခင် gaများ မပေးချင်ဘူးလား။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ စာတမ်းလေး ဖတ်ပေးပါလား]

[ ဒီပါရမီရှင် ကျောင်းသားကို အားလုံး ဦးညွှတ်ရမယ်ကွ]

[ ဆရာ ကျောင်းသားတွေ ဘာတွေများ လိုပါသလားခင်မျာ။ ကျွန်တော်ကတော့ လျှိုလီယင်ပါ]

[နိုင်ံငံခြားသား ပရော်ဖက်ဆာတွေက တစ်နှစ်ကို သန်းနဲ့ချည်ရတယ်။ လင့်ထဲ ၀င်ကြည့်လိုက်]

[ ဟဲလို လူကြီးမင်းလု အခြေအနေ တစ်ခု ရှိပါတယ်။ ကျွန်တော်က ဂိုးဘက်က ကွန်ဂျက်တာကို သက်သေပြခဲ့ပေမယ့် တရုတ်အကယ်ဒမီ သိပ္ပံက စာတမ်းထုတ်ခွင့် မပေးဘူး။ ဒီအ၇ှက်ရမှုကို့ကျွန်တော် မခံစားနိုင်တော့ဘူး။ ကျွန်တော်က ဟားဗက် တက္ကသိုလ်ကို တက်ချင်ပါတယ်။ ကျွန်တော် ချုံးချန်းတုံးနဲ့လည်း ဆံုံချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံမ၇ှိဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်သောင်းလောက် ပို့ပေးပါလား။ ကျွန်တော် မင်းရဲ့နာမည်ကို ပူးပေါင်း ရေးသားသူဆိုတဲ့ နာမည်နဲ့ စာတမ်းထဲ ထည့်ပေးပါ့မယ်]

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now