အခန်း87

532 80 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၈၇ အဖွဲ့ဝင်အသစ် ဖိတ်ခေါ်ခြင်း

လုကျိုး အမျိုးသမီးယန်ရဲ့အိမ်က ထွက်လာခဲ့သည်။ သူအချိန်အကြာကြီး တွေးတောနေခဲ့၏။ လူတစ်ယောက်ရဲ့စွမ်းအားက အကန့်အသတ် ရှိသည်။ ထည့်ပြောဖို့ပင် မလိုတာက သူက စီးပွားရေးကို လုံးဝ စိတ်ဝင်စားမှုမရှိပေ။

သူက ပညာသင်သား တစ်ယောက်သာ ဖြစ်နေသေးကာ ကိုယ်ပိုင်အလုပ် စလုပ်ချင်စိတ် ရှိနေရုံလေးသာ ဖြစ်ပေသည်။ ပေရာဂ်က္တစ္ခု ထုတ်လုပ်ဖို့အပြင် ကုမ္ပဏီတွေကို စီမံခန့်ခွဲတာမျိုးတွေအတွက်  ထိုကိစ္စမျိုးတွင် ကျွမ်းကျင်တဲ့သူမျိုးကို ရွေးချယ်ရှာဖွေကာ ခိုင်းစေတာက ပိုကောင်းတယ်လို့ သူ ထင်သည်။ သူ့ရဲ့တိုက်ပွဲနယ်မြေက သုတေသန ဓါတ်ခွဲခန်းတွင်သာ ဖြစ်သင့်ကာ အစည်းအဝေးခန်းမ မဖြစ်သင့်ဘူးလို့ လုကျိုး ခံစားနေခဲ့ရ၏။ သူက စီအီးအို ရုံးခန်းတွင် ထိုင်နေနိုင်တဲ့သူမျိုးလည်း မဖြစ်နိုင်သေးပါချေ။

ချန်းယွီရှန်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ သူမရဲ့ စီမံခန့်ခွဲမှု စွမ်းရည်က ကုမ္ပဏီတွေအတွက် သင့်တော်နိုင်ပေသည်။သို့သော် သူ့ရဲ့သေးငယ်လှတဲ့ ကျောင်းတွင်းရထားဆိုတဲ့ လုပ်ငန်းတွင် ကုမ္ပဏီလည်း မရှိပေရာ သူမ အတွက်တော့ အလုပ်ခန်း စီစဉ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် သူမက မာစတာတန်း တက်ရောက်နေခဲ့ရာ လုကျိုးကို ကူညီရန်အတွက် အချိန်ရှိလိမ့်မည်လို့ လုကျိုး မထင်ပေ။

လုကျိုး သူ့အဆောင်ကို ပြန်လာရင်း လမ်းတစ်လျှောက်လုံး တစ်ချိန်လုံး သူ စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော တစ်စုံတစ်ယောက်ကို သတိရလိုက်၏။ သူ ချက်ချင်းပင် ဝရံတာဘက် လမ်းလျှောက် ထြက္လိုက္ကာ ဖုန်းခေါ်လိုက်သည်။

အခြားတစ်ဖက်ကလည်း ဖုန်းကိုင်လိုက်သည်နှင့် လူဝကြီးတစ်ယောက်ရဲ့အသံကို ကြားရသည်။
ဟေး လုကျိုး ဘာကိစ္စလဲ

လုကျိုး ပြုံးလိုက်သည်။
အစ္ကို ဝူ အစ္ကို အရင်တစ်ခေါက်တုန်းက ဘဏ်မှာအလုပ်လုပ်ဖူးတယ် မဟုတ္လား

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now