အခန်း ၁

11.5K 377 14
                                    

Scholar's Advanced Technological System

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁အလုပ်ခြောက်ခုကို တပြိုင်နက်တည်းလုပ်ခြင်း

၂၀၁၄ ကျင်းလင်မြို့ တရုတ်ပြည်

ဇြန္လရဲ့ ပူပြင်းလှသော နေရောင်ကြောင့် နိုင်လွန်ကတ္တရာခင်းလမ်းတွေမှ ရေစက်တွေပင် အချိန်တိုင်း ရေငွေ့ပျံကာမြေပြင်ကပါ ပူပြင်းနေတော့သည်။ လုကျိုးက လူသွားလူလာများသော လမ်းတွင်ရပ်နေကာ ကားဟွန်းသံတွေကို နားထောင်ပြီး ပျားပန်းခတမျှသွားလာနေတဲ့ လူတွေကို ကြည့်ရှုနေခဲ့သည်။ သူကယ်လီဖုန်း စီးပွားရေးခန်းမ ရှေ့တွင် မတ်တပ်ရပ်နေရင်း လမ်းသွယ်တွေကို စိုက်ကြည့်နေခြင်းဖြစ်သည်။ သူ့ကျောပြင်ကို လေအေးတွေတိုက်ခတ် လာပေမဲ့လည်း ထိုလေအေးတွေကြောင့် ဇိမ်ယူမိချင်သည့် စိတ္ကို သူ့ရဲ့ထူထဲသည့်၀တ်စုံက ကာကွယ် တားစီးပေးသည်။

တစ်စုံတစ်ယောက်ကသေချာပေါက် မေးလာလိမ့်မယ် သူဘာလို့ ဒီမွာ ရပ်နေတာလဲ

သေချာတာပေါ့ သူ့ ရှင်သန်လွှတ်မြှောက်ဖို့ပေါ့

ကောင်းပြီး ရှင်းပြကြစို့ တယ်လီဖုန်း စီးပွားရေးခန်းမက (Vivo)ဖုန်းတွေနဲ့ အကျိုးတူပူးပေါင်းပြီး နွေရာသီပိတ်ရက်အတွင်း ရောင်းအားကောင်းအောင် ကြေငြာအစီအစဉ်တွေ ထည့ျသှငျးပေးခဲ့သညျ။အိမျမှေးတိရိစၧာနျ ၀တျစုံ၀တျပွီး အရှေ့ဘက်တံခါးနားတွင် ထွက်ရပ်နေမည် ဆိုပါက တစ်နာရီလျှင် ယွမ်(၆၀)ပေးသည်။ ထိုလစာက သူ့လိုမျိုးအလုပ်ကြိုးစားတဲ့ သူအတွက်တော့ နှစ်ဆရမည်မှာ ပြောဖို့ပင် မလိုပါချေ။ လူတွေက သူ့ကို မျက်စိလှည့်ကြည့်ကာ ထွက်သွားတဲ့ဒဏ်ကိုတော့ ထည့်ပြောဖို့ မလိုပါ။ဒါ့အပြင် အပြင်ဘက် အပူရွိန္က (၃၀)ဒီကရီရှိနေသည့်မို့ သူက အပိုဆုကြေးအနေနဲ့ တစ္နာရီကို (၇၀)ယွမ်ထပ်ရသည်။

လစာအကြောင်း ကြားလိုက်တာနဲ့ လုကျိုးတုံ့ဆိုင်းမနေတော့ပဲ ချက်ချင်းပင် ထိုအလုပ္ကို လက်ခံလိုက်သည်။ ယေဘူယျကျကျ စဉ်းစားမယ်ဆိုရင် သူက တစ်ရက်ကို ငါးနာရီ အလုပ်လုပ်သည်
ဒီတော့ တစ်ရက်ကို (၃၅၀)ယွမ်ရ၏
သူက တစ်လကိုရက်သုံးဆယ်အလုပ်လုပ်ခဲ့ရင် ယွမ်၁၀၅၀၀ရမည်ဖြစ်သည်။ တယ်လီဖုန်း စီးပွားရေး ခန်းမရှေ့တွင် ထိုကဲ့သို့ အလုပ်ခြောက်မျိုးလောက်လုပ်မှ ရသည့်လစားမျိုးရလိမ့်မယ်လို့ မည်သူကမှ တွေးထင်မိလိမ့်မည် မဟုတ်ပေ။ လုကျိုးသည် ချမ်းသာပြီး အောင်မြင်မှုအများကြီး ရရွိထားတဲ့ (Huawei)ကုမ္ပဏီတောင်မှနေ့တိုင်းရောင်းအားတိုးဖို့ အတွက် ဈေးလျော့ရောင်းတာမျိုး မလုပ္ဘူးဆိုတာကို သူသိသည်။ ဒီတော့(Vivo) ကုမ္ပဏီအနေနဲ့ဆိုပြောဖို့ပင် မလိုပါချေ
သို့ရာတွင် သူတစ်ပတ်လောက် အလုပ်လုပ်နိုင်ရင်တောင်မှ (၂၆၀၀)ယွမ်ရမည် မဟုတ္လား...

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now