အခန်း 139

151 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၃၉ အကယ်ဒမီ စည်းကမ်း ဖောက်ဖျက်ခြင်း
ထိုအချိန်တွင် လုကျိုးကတော့ မတရားမှုကိုသာ ခံစားနေရပေသည်။ ဒီတီဗွီ ရှိုးက သူ့ရဲ့သက်သေပြချက် အဆင့်တွေကို ကူးထားတာ သိသာနေတာပဲ။ ဒါ့အပြင် ကောင်းကောင်းမွန်မွန် ကူးတာတောင် မဟုတ်ဘူး။ ပေါက်ကရ အဆင့်တွေ ယူပြီး ကိုယ်ပိုင် ကြိုးစားမှုကို ခိုးယူထားတာပဲ။
လုကျိုး ဒေါသထွက်သွားကာ ဝေ့ပေါ်ထဲ ချက်ချင်း ၀ငကွှညွ့လိုကသွညွ။ သူ ပိုစ့်တင်မည်ပြင်နေတဲ့ အချိန်တွင်ပင် တိုက်ခိုက်ခံထားရကြောင်း သိလိုက်ရ၏။
[ ဒါက မင်းတို့ပြောနေတဲ့ ပါရမီရှင် လုကျိုး ဆိုတာလား။ သူ့မှာ ဖော်လိုးဝါး ၃သိန်းပဲရှိတာလေ။ နောက်ပြီး အတည်ပြုတောင် မခံထားရဘူး။ ဒီလိုလူမျိုးကို မင်းတို့က ဘယ်လိုများ ဒေါက်တာ ဝူနဲ့ ယှဉ်ရဲရတာလဲ]
[ မင်း သက်သေပြထားတာက ကျိုးရဲ့ ကွန်ဂျက်တာလေးပဲလေ ဒါကို မင်းက နတ်ဘုရားဝူနဲ့ ဘယ်လိုများ ယှဉ်ရဲရတာလဲ]
[ အားလုံး နတ်ဘုရား ဝူဘက်ကို ထောက်ပံ့ပြီး ဒီကောင့်ကို အဘန်းခံရအောင် ကြိုးစားရအောင်]
လုကျိုး:
ဘာလဲ သူ ဘာပိုစ့်မှတောင် မတင်ရသေးဘူးလေ။ သူက အရှကမွ၇ှိဘူးဆိုတာက ဘာကို ပြောတာလဲ။ လုကျိုး ဒေါသထွက်လာရကာ မျက်နှာက မဲ့၇ှဲ့နရေ၏။
ဟွမ်ကွမ်းမင်က လုကျိုးရဲ့ အမူအယာကို ကြည့်ကာ မေးလာသည်။
ကျိုး ဘာဖြစ်တာလဲ
ငါ့ကို အသုံးချပြီး တိုက်ခိုက်ခံနေရပြီ
ရှီရှန်းက ဂစ်တာကို တဒေါင်ဒေါင် လုပ်နေခဲ့သည်။ ထို့နောက် သူက ထမေး၏။
ဘာ ဘယ်ကောင်က မင်းဆီက ခိုးချတာလဲ
ထို့နောက် ၇ှီရှနွးက တိတ်သွားကာ ကွန်ပျူတာကို ပြန်ကြည့်သည်။ လျှို့လွေ့ကလည်း ပြောလာ၏။
ဆိုလိုတာက မင်းလည်း ဒီနှစ်ထပ် သုဒ္ဓကိန်းကို သက်သေပြခဲ့တယ်လား
မင်းလည်း ဆိုတာက ဘာကိုပြောချင်တာလဲ တကယ် သက်သေပြနိုင်ခဲ့တာက ငါကွ။ လုကျိုး ထိုအခါမှ သူ့သူငယ်ချင်းတွေကို မပြောပြရသေးကြောင်း သတိရလိုက်သည်။ လုကျိုး တကယ်ကို စိတ်ပျက်မိပါ၏။ ဒီလိုလူမျိုးက phd ကို ဘယ်လိုရလာတာလဲ။
အကယ်ဒမီ နယ်ပယ်က စည်းကမ်းတွေကိုတောင် မလိုက်နာတတ်ဘူးလား။
လုကျိုး အသက်ပြင်းပြင်း ရှူကာ ကွန်ပျူတာ ဖွင့်လိုက်သည်။ ဒေါသထွက်ရုံနဲ့ အသုံး၀င်တာ ဖြစ်မလာနိုင်ပေ။ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် သူ အရင် လုပ်ရန်လိုအပ်၏။
ပုံမှန်အားဖြင့် စာတမ်းတစ်ခု တင်တဲ့အခါ အခြားသူတွေက ခိုးတာတွေ၊ ကူးချတာတွေ မဖြစ်လာစေရန် စီစစ်ရေးလက်ထဲ ရောက်နေသည့် စာတမ်းတွေကို အာ့ရှီလို့ခေါ်သည့် ၀ကဆွိုကတွှငွ တင်ထားရပေသည်။
သို့သော် လုကျိုးက မတင်ခဲ့ပေ။ သူက ပရင်ဆယ်တွန်က ဆွေးနွေးပွဲမှာတောင် အများရှေ့ တရား၀င် တွက်ပြခဲ့သည်ဖြစ်ရာ ထိုသို့လုပ်ရန် မလိုအပ်ခဲ့ပါပေ။ ဒီတီဗွီ ရှိုးက စာတမ်းထုတ်တာမျိုး မလုပ်ခဲ့ပေမယ့် ဒါက လုကျိုးရဲ့စာတမ်းမှ မူပိုင်ခွင့်ကို ထိခိုက်စေခဲ့သည်။
လုကျိုး တွေးတောကာ ကီးဘုတ်ပေါ် လက်တွေ ပြေးလွှားစေခဲ့သည်။ ထို့နောက် လူကြီးမင်း ဖရန်စီဆီ စာပို့လိုက်၏။ သူက သူ့ရဲ့မူပိုင်ခွင့်အတွက် အရင် ထုတ်ပြန် ကြေငြာပေးရန် မေးမြန်းထားခြင်း ဖြစ်ပေသည်။ ပြန်စာကို အချိန်တစ်ခုတော့ စောင့်ရနိုင်ပေ၏။
လုကျိုး စိုးရိမ်စရာမ လိုတော့ပါပေ။ သူ့ရဲ့ ဆွေးနွေးပွဲက ဗီဒီယိုကိုသာ တင်လိုက်ရင် အားလုံးက အဆင်ပြေသွားမည်ပေ။ ဒါ့အပြင် သူ့ရဲ့စာတမ်းက လစဉ် သင်္ချာ ဂျာနယ်တွင် ပါလာသည့် အခါ အားလုံးက ရှင်းလင်းသွားနိုင်၏။
လုကျိုး ဝေ့ပေါ်ကို ပြန်ကြည့်လိုက်သည်။ သူတို့က သူ့ဆီက ခိုးတဲ့အပြင် သူ့ကိုတောင် တိုက်ခိုက်ရဲသေးတယ်လား။ လုကျိုး စိတ်ပျက်လက်ပျက်နဲ့ ပိုစ့်တစ်ခုကို ထိုတီဗီဌာနအား တက်ခ် တွဲ၇င်း တင်လိုက်သည်။
မင်းတို့တွေ ေ-ာက်ရမ်း အရှက်မရှိကြတာပဲ
ထို့နောက် သူ ကျေနပ်သွားကာ ရေသွားချိုးတော့သည်။
အမျိုးသမီးဆောင် အဆောင်နံပါတ် ၄၀၆တွင်ဖြစ်သည်။
ဝိုး ငါ့ကောင်လေးက အရမ်း ချောတာပဲ၊"
ချန်းဟွာက ဖုန်းကို ကိုင်ထားရင်း အိပ်ယာထဲ လှိမ့်နေခဲ့သည်။ သူမက မနေ့ညက တိုက်ရိုက်ထုတ်လွှင့်တာကို လွတ်သွားခဲ့လို့ အခုမှသာ ပြန်ကြည့်နေရခြင်း ဖြစ်သည်။ သူမရဲ့ကိုယ်လုံးလေးက ပျော်ရွှင်မှုကြောင့် တုန်ခါနေသည်။ တင်းလီကလည်း ပြောသည်။
ပိုင်စိုးပိုင်နဲ့ ပြောတာတွေ ရပ်စမ်းပါ အခု သူက ဘာလုပ်လိုက်လို့လဲ
စင်ပေါ်မှာ ကမ္ဘာအဆင့် သင်္ချာ ကွန်ဂျက်တာ တစ်ခုကို ဖြေရှင်းခဲ့တာတဲ့လေ။ အဲ့ဒိအချိန်မှာ သူက အရမ်းကြည့်ကောင်းတာပဲဟယ်
ချန်းဟွာရဲ့ လေသံက အလွန်အမင်း ရစ်မူးနေပုံပေါက်ပေသည်။ ေ၇ှာငယွှနယွှနလွညွး အံ့သြသွားပုံရသည်။
ကမ္ဘာအဆင့် ပုစ္ဆာကို စင်ပေါ်မှာ ဖြေရှင်းတယ် ဟုတ်လား။
ဒါက တော်လွန်းမနေဘူးလား။
ချန်းဟွာ: ဒါပေါ့ သူက ၂၃နှစ်ပဲရှိသေးတဲ့ phd ကျောင်းသားလေ။ MITက ဒိုင်တောင်မှ သူ့ကို သဘောကျရတယ်။ သေစမ်း ငါ့ရဲ့အဆင့်ကို မြင့်အောင် လုပ်ဖို့ လိုနေပြီ။ ငါသာ ပတ်တနာရှာရင် သေချာပေါက် ဒေါက်တာဝူရဲ့ တစ်၀က်လောက် တော်တဲ့သူဖြစ်ရမယ်
၀မကွငှွးယာက ပြုံးသည်။
လွယ်ပါတယ်။ မနေ့က အဖွဲ့လိုက်ဒိတ်လုပ်တဲ့ သူတွေက သင်္ချာမေဂျာက မဟုတ်လား။ ရှီရှန်းကလွဲပြီး ကြိုက်တဲ့ တစ်ယောက်ကို ရွေးလိုက်စမ်းပါ သူတို့နင့်ရဲ့ဝီချက်ကို ယူသွားတယ် မဟုတ်လား
ရှောင်ယွန်ယွန်က ဝေ့ပေါ်ပေါ်တွင် လိုက်ကြည့်နေရင်း ပြောလာသည်။
ဟုတ်သားပဲ လုကျိုးက ကျိုးရဲ့ကွန်ဂျက်တာကိုလည်း သက်သေပြနိုင်ခဲ့တာတဲ့၊ သူ့ကို ရွေးပါလား
သူလား တော်စမ်းပါဟာ။ ကျိုးရဲ့ကွန်ဂျက်တာဆိုတာက မာစင်းသုဒ္ဓကိန်းတွေကို ဖြန့်ဝေတဲ့ အဆင့်ပဲရှိတာ၊ သူက သုဒ္ဓကိန်း တစ်ခုလုံးကို သက်သေပြနိုင်ခဲ့တာ မဟုတ်ဘူးလေ။ ဒါပေမယ့် နှစ်ထပ် သုဒ္ဓကိန်းကတော့ မတူဘူး။ ဒါက နယ်ပယ် မက်ဒယ်တောင် ရနိုင်တဲ့အဆင့်ပဲ
သူမရဲ့ အဆင့်မြင့် အယ်ဂျီဘရာ အမှတ်က ၇၀လောက်သာရှိပေမယ့် သူမ ပြောတာတော့ မှန်နေပေသည်။
တင်းလီ: သူက အရမ်းတော့ ငယ်နေသေးတယ် နော်
တင်းလီလည်း လုကျိုးကို အမြင်ကောင်းရှိပေမယ့် ဒေါက်တာဝူကိုတော့ ပိုသဘောကျပေသည်။
ေ၇ှာငယွှနယွှနွ: အိုး ဝေ့ပေါ်ပေါ်မှာတော့ သတ်ပွဲဖြစ်နေတယ်။ သန်မာတဲ့ ပါရမီရှင် အစီအစဉ်က ပရင်ဆယ်တွန်က ပရယ်စန်တေးရှင်းတစ်ခုကို ကူးချထားတာလို့ ပြောနေကြတယ်။
ချန်းဟွာ: သူတို့ မနာလို လို့ဖြစ်မှာပေါ့
တင်းလီလည်း ခေါင်းငြိမ့်သည်။ ေ၇ှာငယွှနယွှနရွဲ့ အမူအယာက ကို့ယို့ကားယား ဖြစ်နေခဲ့ကာ ပြောလာပြန်သည်။
ဒါပေမယ့် တစ်ယောက်က ပြောထားတာတော့ နှစ်ထပ် သုဒ္ဓကိန်း ကွန်ဂျက်တာက ပရင်ဆယ်တွန်က ဆွေးနွေးပွဲမှာ တရား၀င် သက်သေပြထားခဲ့တာတဲ့။ အဲ့ဒိ ဆွေးနွေးပွဲက လွန်ခဲ့တဲ့ တစ်လက ပြီးသွားခဲ့တာပဲ။ အသန်မာဆုံး ပါရမီရှင် ကျောင်းသား အစီအစဉ်က ဒါကို ကူးထားခဲ့တာတဲ့။ နေပါဦး တကယ်တမ်း သက်သေပြခဲ့တဲ့ သူက လုကျိုးတဲ့ဟ
အဆောင်ခန်းက တိတ်ဆိတ်သွားခဲ့သည်။ ၁၀စက္ကန့်ကုန်လွန်သွား၏။
ဘာ
ချန်းဟွာ: သတင်းမှား မ ြားလား
မပြောတတ်ဘူးလေ တင်ထားတဲ့ သူကတော့ ပရင်ဆယ်တွန်က PHD ကျောင်းသား တစ်ယောက်က။ သူက ပုံပါ တင်ထားသေးတယ်။ အဲ့ဒိမှာ ဗဟို အစိုးရ သင်္ချာ လူမှုအဖွဲ့အစည်းရဲ့ ဥက္ကဌရဲ့ လက်မှတ်တော့ ပါတယ်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now