အခန်း25

807 124 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၂၅  ငါအရမ်းဒေါသထွက်တယ်

လုကျိုး ပြန်မဖြေပေ။

ငါနားလည်ပါတယ် မင်းမှာလည်း သူမနဲ့ပက်သတ်တဲ့ အခြားထင်မြင်ချက်တွေရှိနေမှာပေါ့
ပါမောက္ခလျှိုက အပြုံးနဲ့ပြောသည်။ သူက ထပ်ပြောလာ၏။

ငါ့ရဲ့ သုတေသနအဖွဲ့ဆိုရင်လည်း  ဒီလိုပါပဲ။ အဖွဲ့တိုင်းမှာ အသုံးမကျတဲ့အဖွဲ့သားတွေတော့ရှိတာပေါ့။ သူတို့က ပရောဂျက်အကြောင်း လုံး၀စိတ်မ၀င်စားကြဘူးလေ ဒီလိုလူတွေတကယ်ရှိတယ်

ပါမောက္ခရဲ့ စိတ္ဓာတ္က အရမ်းကောင်းတာပဲ
လုကျိုး ပြုံးလိုက်သည်။

ငါ့ စိတ်ထားကောင်းတာမဟုတ်ဘူး
သူက လက္တစ္ဖက္ကို ဝေ့ရမ်းလိုက်သေးကာ

ငါ အကျင့်ဖြစ်လာတာ လို့ဆိုသည်။

သူက လုကျိုးရဲ့ပခုံးကိုပုတ်ကာပြောသည်။
  ငါတို့ရဲ့ပန်းတိုင်းက ပထမဆုရဖို့ပဲ မင်းကတော့ အလုပ်အများကြီးလုပ်ရလို့ မတရားဘူးထင်နေတော့မှာပဲ။ အဲ့လိုမတွေးလိုက်နဲ့ များများလုပ်တော့ ပိုလေ့ကျင့်ပြီးသလိုဖြစ်တာပေါ့

ကျွန်တော် သင်္ချာပုံစံငယ်တွေ တည်ဆောက်တာနဲ့စာတမ်းရေးတဲ့အပေါ် လေ့ကျင့်ပြီးသလိုဖြစ်လို့ သဘောကျပါတယ်။ ဒါပေမယ့်  အခြေအနေတစ်ခုတော့ရှိတယ်

ပြောပါ

အဖွဲ့လိုက် လေ့ကျင့်တာကို တစ်ဦးဆီလေ့ကျင့်တဲ့ပုံစံပြောင်းချင်ပါတယ်။ ဒီနည်းနဲ့အဖွဲ့ရဲ့လုပ်ဆောင်မှုက ရှေ့တက်သွားလိမ့်မယ်။ ပြိုင်ပွဲနီးမှ ကျွန်တော်တို့တွေ ပူးပေါင်းပြီး ပြန်လေ့ကျင့်နိုင်နေတာပဲ။

သူက တစ်စက္ကန့်လောက်တွေးပြီးမှ ဆက်ပြောသည်။
ဒါဆို ကျွန်တော့်ရဲ့ လေ့ကျင့်တဲ့အချိန်ဇယားနဲ့လည်း အဆင်ပြေသွားလိမ့်မယ်

အဖွဲ့လိုက်လုပ်တာက အချိန်အရမ်းပုတ်တယ်

လုကျိုးကတော့ သူ့အတွက်သူပဲ အချိန်ပေးချင်နေတယ်.. အခုလိုက သူ့အချိန်တွေဖြုန်းနေသလိုပဲ

ပြဿနာမရှိဘူး ငါလည်း ဒီလိုတွေးမိတယ်
လုရှန်းပင်းက အပြုံးနဲ့ပြန်ပြောသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now