အခန်း16

937 124 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ...Knowledge

အပိုင်း ၁၆ (ဘွဲ့မရသေးတဲ့ အတော်ဆုံးကျောင်းသား)

သင်္ချာဌာနရဲ့ သုတေသနအဆောက်အဦး...
မနက္ဆယ္နာရီ

ပါမောက္ခထန်းက သူ့ရဲ့ခုံလေးပေါ်မှာထိုင်နေလေရင်း ကွန်ပြူတာဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူက စာတမ်းတစ်ခုကို သေချာပြင်ဆင်စစ်ဆေးနေခြင်းဖြစ်၏။ ငြင်းဆိုထားတဲ့အချက်အလက်တွေကို သူဖတ္သလို ယေဘူရကျကျ တွက်ချက်ပြထားတဲ့ အခြေအနေကိုလည်း သူလေ့လာပေသည်။ သို့သော် ဖတ်ရင်းဖတ်ရင်းသူအံ့အားသင့်မှုကသာ သူ့ရဲ့စိတ်ထဲပြည့်နှက်လာတော့၏။

သူက မှင်သေသေမျက်လုံး အကြည့်တွေကို စူးစိုက်ထားရင်းနဲ့တောင် လုကျိုး ရေးထားတဲ့ထဲက အမှားရှာချင်နေပေသည်။ သို့သော် အမွားကို ဘယ္က စရှာရမှန်း သူမသိတော့ချေ။

သူစာတမ်းတစ်ခုလုံးကို စစ်ဆေးပြီးတဲ့နောက်မှာတော့ သေးငယ်တဲ့အမှားလေးတောင်မှ မရွိဘူးဆိုတာကို သိလိုက်ရသည်။ သူလုပ်ရတာက အနည်းငယ်ပြန်စစ်ဆေးရုံပဲဖြစ်ပြီး စာလုံး တည်ဆောက်ပုံတွေ အင်္ဂလိပ်ဝေါဟာရတွေ မှန်မမှန် စစ်ပေးရုံသာဖြစ်သည်။

ဟား ဒီနေ့ခေတ်လူငယ်တွေက ငါတို့ကိုတောင် ကျော်သွားပြီပဲ

ပါမောက္ခထန်းကျိဝေက ထိုသို့ပြောလိုက်ရင်း ကုလားထိုင်နောက်မှီပေါ်ကို မှီချလိုက်တော့သည်။ ထိုအချိန်မှာပင် သူ့ရဲ့ ရုံးခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။ လူတစ်ယောက်ကတော့ တံခါး မခေါက်ဘဲနဲ့ နောက်ပြီး သူ့ကိုပင် မနှုတ်ဆက်ပဲ ဝင်လာသည်။ ဒီလိုမျိုး မယဉ်မကျေး အပြုအမူမျိုးက ပါမောက္ခထန်းကို မျက်မှောင် ကြုတ်စေသည်။ သို့ရာတွင် ဘယ္သူလဲဆိုတာကို မြင်ရောသူ့ရဲ့ အပြုံးက သက်တောင့်သက်သာဖြစ်သွား၏။ ဒါကေတာ့ လုဖန်းပင်ဖြစ်သည်။

သူကေတာ့ ကျင်းလင် သင်္ချာဌာနရဲ့ ခေါင်းဆောင်ပိုင်းတစ်ယောက်လည်းဖြစ်ပါ၏။ လုဖန်းပင်းကတော့ ကျင်းလင်သင်္ချာဌာနရဲ့ ပါမောက္ခဖြစ်သည်။ သူက ထန်းကျိဝေရဲ့ အလုပ်တူတူတွဲလုပ်ဖက်ဖြစ်သလို သူငယ်ချင်းကောင်းလည်းဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now