အခန်း194

106 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၉၄

ပေကျင်း၏ ဆွေးနွေးပွဲ
လုကျိုးသည် သူ၏အလားအလာအား မည်မျှမြင့်မားကြောင်း မသိခဲ့ပေ။ သူ၏ကိုယ်ပိုင် အရှိန်အားကြောင့် သူကိုယ်တိုင်ပင် မင်သက်ခဲ့ရပေသည်။ သူသည်စာတမ်းရေးသားရန်အတွက် အချိန်တစ်ပတ်သာ ယူခဲ့ရသည်။

ထိုစာတမ်းသည် သူ ရေးခဲ့သမျှထဲတွင် အမြန်ဆုံးဖြစ်ပေ၏။ သူ ထိုစာတမ်းအား သတ်မှတ်ရက် မတိုင်ခင် တစ်ရက်တွင် ပေးနိုင်ခဲ့သည်။ ထိုစာတမ်းအား သူ၏သချာင်္ရှုထောင့်မှ ကြည့်ကာ ရေးသားထားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၀ နံနက်ခင်းတွင် လုကျိုးသည် ခရီးဆောင်အိတ်အား ဆွဲကာ ပရော်ဖက်ဆာလုနဲ့ အတူလေယာဉ် စီးလိုက်ရသည်။ ထို့နောက် သူတို့တွေသည် ကျင်းလင်မှ ပေကျင်းသို့ ရောက်သွားကြ၏။ သည်နှစ်၏ အကယ်ဒမီဆွေးနွေးပွဲသည် ပေကျင်း၏ နော်မယ်တက္ကသိုလ်တွင် ကျင်းပခြင်းဖြစ်ကာ တရုတ်သချာ င်္အဖွဲ့အစည်းမှ တာ၀န်ယူ ဆောင်ရွက်သည်။

တရုတ်သချာ င်္အဖွဲ့အစည်း၏ နှစ်ရှစ်ဆယ်ပြည့် အခမ်းအနားဖြစ်သည့်အတွက် အလွန်အမင်းဟခမ်းနားနေတော့သည်။ နိုင်ငံတကာ သချာင်္ပညာရှင်ကြီးတွေဟာ ထိုဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းခံရသည်။

လုကျိုးတို့သည် အင်ပါယာ နဂါး ဟိုတယ်တွင်ဟတည်းသည်။ သူတို့တွေသည် စားစရိတ်၊နေစရိတ်အားလုံးအား ပေးချေပြီးသားဖြစ်ကာ အဆင်သင့်နေထိုင်ရုံသာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့်စာရင်းသွင်းသည့် ယွမ်ရှစ်ရာလောက်သာ ပေးလိုက်ရသည်။ သို့ရာတွင် ထိုယွမ်ရှစ်ရာကိုတောင်မှ ပရော်ဖက်ဆာလုက ပေးသွားခဲ့လေပြီ။

ပရော်ဖက်ဆာ လုကဲ့သို့သော ချမ်းသာသည့် ပရော်ဖက်ဆာ တစ်ယောက်၏ လက်အောက်တွင် အလုပ်လုပ်ရခြင်းသည် အလွန်ကောင်းသည်ဟု သူထင်သည်။

လေဆိပ်သို့ ရောက်သည့်အခါ ယန်ရှင်းကျွယ်၏ ကားနှင့် သူတို့ ဆက်သွားကြသည်။ ဟိုတယ်သို့ ရောက်သွားသည့်အချိန်တွင် ယန်ရှင်းကျွယ်က ကားကို ပါကင် သွားထိုးကာ သူတို့ နှစ်ယောက်ကတော့ အထဲသို့ ၀င်လိုက်သည်။ ဓာတ်လှေကားထဲဟ၀င်လိုက်သည့်အချိန်တွင် ယန်ရှင်းကျွယ်သည် သူတို့ထံသို့ဟလျှောက်လာနေကြောင်း တွေ့လိုက်ရသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now