အခန်း 145

157 17 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၄၅ အတန်း မသွားတော့ဘူး
နှစ်ထပ်သုဒ္ဓကိန်း ကွန်ဂျက်တာ၏ ကျော်ကြားမှုဟာ မှေးမှိန်သွားခဲ့သည်။ လုကျိုးသည် သူ ထရန့်တင်းစာမျက်နှာတွေမှ ဖယ်ချခံရသည့်အခါ ပျော်ရွှင်သွားတော့သည်။ သူ နောက်ဆုံးတော့ စာကြည့်တိုက်သို့သွားနိုင်ပြီ။
သူ၏ စာတမ်းသည် နောက်ဆုံးအဆင့်တွင် ရှိနေခဲ့ပြီဖြစ်သည်။စာတမ်းကို ပြန်လည် စစ်ဆေးရန်သာလိုအပ်တော့၏။ ထိုစာတမ်းအား မတ်လအလယ်လောက်တွင် ရေးသားပြီးလောက်၏။ ထို့နောက် သူ၏ ဘွဲ့ဟာ မတ်လတွင် အဆုံးသတ်မည်ဖြစ်ကာ သူမာစတာ ဘွဲ့ယူရန် ဆက်လက် ကြိုးစားရတော့မည်ဖြစ်သည်။
လုကျိုး မနက်စောစောတွင် နိုးထလာခဲ့ကာ စာကြည့်တိုက်သို့ သွားလိုက်သည်။ သူ စာကြည့်တိုက်သို့ ၀င်လိုက်လျှင် မိန်းကလေးတစ်ယောက်က သူ့အား မှတ်မိသွားတော့သည်။
“ဝိုး နင်က လုကျိုး မဟုတ်လား။ နင်က ဒဏ္ဍာရီထဲက ပါရမီရှင်ပဲ။ ငါလည်း သချာင်္မေဂျာကပဲ သိလား။ နင်ငါ့ကို ကူညီနိုင်မလား။ ငါ့ရဲ့စာတမ်းကလေ အငြင်းခံလိုက်ရတယ်။ နင် ငါ့ကို တစ်ချက်လောက် ကြည့်ပေးပါလား”
လုကျိုးသည် အလွန် စိတ်သဘောထား ကောင်းသူဖြစ်သဖြင့် တစ်ချက် ကြည့်ပေးလိုက်သေးသည်။
“ဒီနေရာမှာလား။ ငါ့ရဲ့အီးမေးလ်ကိုပဲ ပို့ထားလိုက်လေ”
ထိုအဖြစ်ကြောင့် အနားရှိလူတို့ သူ့အား ဝိုင်းလာကြသည်။
“လုကျိုးပဲ ဝါး သူက အရမ်းငယ်တာပဲ”
“ဝိုး သေစမ်း ဒါတကယ် လုကျိုးပဲ”
“မင်း ဘွဲ့၀င်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေတာမဟုတ်လား။ ဘာဖြစ်လို့ စာကြည့်တိုက်ကို မနက်အစောကြီး ရောက်လာရတာလဲ”
တတိယနှစ် ကျောင်းသား တစ်ယောက်သည် စိတ်လှုပ်ရှားစွာ ပြေးလာခဲ့ကာ ပြောလာ၏။
“နတ်ဘုရားလု ငါ မင်းနဲ့ လက်ဆွဲ နှုတ်ဆက်လို့ ရမလား”
လုကျိုးပင် မည်သည်မျှ မတုန့်ပြန်ရသေးခင် အချိန်တွင် ထိုသူသည် သူ့လက်အား ဆွဲယူသွားခဲ့ကာ လှုပ်ခါနေခဲ့၏။
“ငါ နောက်ဆုံးတော့ နတ်ဘုရားရဲ့စိတ်ဝိဥာဉ်ကိုလက်ခံ ရရှိလိုက်ပြီ။ စာမေးပွဲ မပြီးမချင်း ငါ လက်မဆေးတော့ဘူး”
ထို့နောက် ပြုံးပျော်ကာ ထွက်ခွာသွားတော့သည်။ လုကျိုးရဲ့လက်ကို ထိုအတိုင်း လွှတ်ပေးထားခဲ့၏။
လုကျိုး “…”
“ပါရမီရှင် ကျောင်းသားရေ နင့်မှာ ဝီချက်အကောင့် ရှိတယ် မဟုတ်လား။ ငါ့ကို အပ်ပေးလို့ ရမလား”
“နတ်ဘုရား နင့်ရဲ့သချာင်္ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ အဆင့်မြင့်အယ်ဂျီဘရာ မှတ်စုတွေများ ရှိသေးလား။ ငါ ယွမ်တစ်ထောင်နဲ့ ၀ယ်မယ်လေ”
“ငါက ယွမ်တစ်ထောင့်ငါးရာ ပေးမယ်”
လုကျိုး “…”
လူအုပ်သည် အလွန် စိတ်လှုပ်ရှား လာခဲ့သဖြင့်  လုကျိုးသည်ပင် စာကြည့်တိုက်အတွင်းသို့ ၀င်ခွင့် မရရှိတော့ပေ။ အားလုံးသည် သူတို့ဆန္ဒတွေကို ပြောပြီးသွားသည့်နောက်မှသာ လုကျိုးကို လွှတ်ပေးလေတော့သည်။

စာကြည့်တိုက်ထဲတွင်လည်း အလားတူသာ ဖြစ်၏။ သူ၏ကျော်ကြားမှုသည် မှေးမှိန်သွားပြီဟု သူ ထင်နေခဲ့သည်။ သို့သော် ကျောင်းတွင်းတွင်တော့ သူ၏ ကျော်ကြားမှုသည် တစ်ရှိုန်ထိုး တိုးတက်နေသေး၏။
သူ သချာင်္ဌာနသို့သာ သွားလိုက်ကာ စာသင်ခန်းအလွတ်အား ရှာလိုက်သည်။ လုကျိုး ထိုင်ခုံရှာကာ ထိုင်ချလိုက်၏။ ထို့နောက် သက်ပြင်းချကာ အိတ်ထဲမှ လက်တော့ပ်ကို ထုတ်လိုက်တော့သည်။ သူ စာတမ်းအား စစ်ဆေးမည် ပြင်လိုက်သည့် အချိန်မှာပင် ရှောင်အိုင်းမှ စာတန်းလေး တစ်တန်း တက်လာခဲ့သည်။
ထိုစာတမ်းသည် သချာင်္စွမ်းရည်ပြိုင်ပွဲမှ စကားပြောခန်းအား ဗီဒီယို မှတ်တမ်းတင်ထားသည့် အကြောင်းပြောထားခြင်း ဖြစ်သည်။ ထိုသူတို့သည် သူ့အကြောင်း ပြောထားကြ၏။
ချန်းချင်..[ဘာ နတ်ဘုရားလဲဟ။ လုကျိုးက ကျိုးရဲ့ကွန်ဂျက်တာကို မနှစ်က ဖြေရှင်းခဲ့တယ်။ အခုလည်း ဒီနှစ်မှာ နှစ်ထပ်သုဒ္ဓကိန်းကို ဖြေရှင်းလိုက်ပြန်ပြီ။ သူက သာမာန်ကို မဟုတ်တာ]
ရှောင်ကျုံး [အာ သူက တကယ်ကို အဆင့်မြင့်လွန်းတယ်။ သူ့ကို ငါတို့ ဂရုချက်ထဲမှာ စကားတစ်ခွန်းလာပြောဖို့ကိုတောင် ဖိတ်ခေါ်လို့မရဘူးပဲ]
ခဲ့သု..[ ဘာလဲ သူ ငါတို့ကိုများ မြုထားတာလား]
ချူချူ..[သေစမ်း]
ချန်းချင်..[သူ ဒီနှစ် သချာင်္စွမ်းရည် ပြိုင်ပွဲကိုများ ပြိုင်ဦးမလား မသိဘူး။ သူသာ ပြိုင်မယ်ဆိုရင် ငါ သူ့အဖွဲထဲ ၀င်ချင်တယ်။ ဒါဆိုရင် ငါ ပညာရေးဖလား ရမှာပဲ]
ဒေးဒေး..[သချာင်္စွမ်းရည် ပြိုင်ပွဲ ဟုတ်လား။ သူက ယူအက်စ်က ပြိုင်ပွဲကိုတောင် ၀င်ပြိုင်ခဲ့တာ မဟုတ်ဘူးလေ။ ဘာလို့ ပြည်တွင်းဖြစ်ထဲ ၀င်ပြောနေတော့မှာလဲ]
လုကျိုး ထိုစာသားတွေကို ကြည့်ကာ ပြုံးလိုက်သည်။
ရှောင်အိုင်း..[သခင် သခင် ပျော်သွားတာလား]
လုကျိုး ပြုံးကာ စာရိုက်လိုက်သည်..[ပျော်တာပေါ့ ငါယွမ်နှစ်သန်းတောင် ဆုရနိုင်ပြီလေ။ မင်းအတွက်အိမ်၀ယ် ပေးနိုင်တော့မယ်]
ရှောင်အိုင်းလေးကို သေးငယ်လှသည့် လက်တော့ပ်ထဲနေခိုင်းကာ စီပီယူ လောင်ကျွမ်းနေတာကို မြင်ရသည်က သူ့ကို စိတ်ထဲ မချမ်းမြေ့စေပေ။ ပန်ကာ၏ တဝီ၀ီမြည်သံက သူ့အား အလွန် စိတ်ရှုပ်စေသည်။
တက္ကသိုလ်မှ သူ့အား ယွမ်တစ်သန်း ထပ်ပေးမည်ဖြစ်သည်။ ထိုသည်ကား နှစ်ထပ်သုဒ္ဓကိန်းအား ဖြေရှင်းနိုင်သည့်အတွက် ဖြစ်၏။ သူ ဒင်းလုအား မေးထားခဲ့သည်။ တီဗွီ အင်တာဗျူး ပြီးသွားခဲ့သည့်အခါ ကျောင်းအုပ်ရွှီသည် သူ့အား ဆုကို ကိုယ်တိုင် ချီးမြင့်မည် ဖြစ်၏။ သူ စုဆောင်းထားသည်နှင့် ပေါင်းလိုက်ပါက သူ့တွင် ယွမ်နှစ်သန်းတန် ဆာဗာတစ်ခု ၀ယ်နိုင်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်အိုင်း..[နှစ် ဒသမ ကိုးသန်းတန်ပဲ လိုချင်ပါတယ်]
လုကျိုး “…”
ရုတ်တရက် သူ ဒေတာတစ်ခု၏ နောက်ပြောင်တာကိုများ ခံရပြီလားဟု ထင်လာမိတော့သည်။ သူရှောင်အိုင်းအား ပိတ်ထားလိုက်တော့ကာ သူ၏ စာတမ်းကိုသာ နောက်ထပ် တစ်နာရီလောက် ပြင်ဆင်နေလိုက်သည်။
တစ်နာရီကြာပြီးနောက် အတန်းရှိသည့်အတွက် လူအချို့ အတန်းထဲ ၀င်လာသည်။ လုကျိုးသည် စင်မြင့်အားကြည့်လိုက်သည့်အခါ မျက်မှန် တပ်ထားသည့် PHD ကျောင်းသားတစ်ယောက်ဟာ ပရိုဂျက်တာတစ်ခုအား ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခန်းတွင် အတန်းရှိနေမှန်း သူ မသိခဲ့ပေ။ သူ PHD ကျောင်းသားနှင့် လုကျိုးတို့ မျက်လုံးချင်း ဆုံသွားခဲ့သည်။ ထိုသူ မင်သက်သွားခဲ့၏။ ရုတ်တရက်ခေါင်းလောင်းသံ မြည်လာသည်။
PHD ကျောင်းသားသည် မည်သည်မျှ ပြောမနေတော့ပေ။ ထို့အစား သူက ချောင်းဟန့်လိုက်ကာ ပါဝါပွိုင့်ဖြင့် ပရယ်စန်တေးရှင်းကို စလိုက်လေတော့သည်။
“ဒီနေ့ ငါတို့ အခြေခံ နံပါတ်သီအိုရီတွေ အကြောင်းပြောပြကြမှာပဲ။ ငါ့ကိုယ်ငါဟမိတ်ဆက်မယ်။ ငါက ၀မ်ရှဲ့ကျီ ငါက နံပါတ်သီအိုရီ နယ်ပယ်မှာ PHD လေ့လာနေတဲ့ဘကျောင်းသား တစ်ယောက်ပေါ့။ မင်းတို့တွေသာ ဒီနံပါတ်သီအိုရီကို စိတ်၀င်စားတယ်ဆိုရင် ပရော်ဖက်ဆာလီကျုံးရှူကို လွတ်လွတ်လပ်လပ် သွားပြီး ဆွေးနွေးနိုင်တယ်”
ထို့နောက် သူက နောက်ထပ် စာမျက်နှာတစ်ခုကို လှန်သည်။
အလယ်တန်း ကျောင်းသားတွေပင် သုဒ္ဓကိန်းတွေနှင့် သဘာ၀ကိန်းတွေ အကြောင်း သိကြသည်။ ထိုအကြောင်းအရာတွေသည် နံပါတ်သီအိုရီ၏ အခြေခံတွေပင် ဖြစ်ပေ၏။
  လုကျိုး ပင်ပန်းလာရသည်။ သူ လက်တော့ပ် ပိတ်လိုက်၏။ ထိုလက်ချာ မည်သည့် အကြောင်းအရာအားဆက်သွားမည်ကို သူ ကြည့်ချင်လာမိသည်။ လုကျိုး ဘလက်ဘုတ်ကိုသာ စိတ်၀င်စားစွာ အာရုံစိုက်ထားလေတော့သည်။
ပါဝါပွိုင့်တွင် ရှင်းပြသွားသည်တို့မှာ သူ ဖြေရှင်းခဲ့သည့် ကမ္ဘာအဆင့်ပုစ္ဆာမှ အကြောင်းအရာတွေကိုသာ ထုတ်နုတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အဓိကအကြောင်းအရာသည် ထိုပါဝါပွိုင့်ထဲတွင် လုကျိုး၏ ပုံပါနေခဲ့ခြင်း ဖြစ်သည်။
လုကျိုး ထိုပုံအား မြင်သည့်အခါ ရှက်ရွံ့သွားရသည်။ သူ ခေါင်းကို ငုံ့လိုက်ကာ ကီးဘုတ်ထဲ မြုတ်နှံထားချင်လာ၏။ ထိုအဖြစ်သည် အလွန်ရှက်စရာကောင်းလှသည်။ သူ့ပုံအား ထိုထဲတွင်တောင်မှ ထည့်ထားခဲ့သေးသည်။ သို့သော် ထိုပုံသည် သူ၏ ခန့်ညားချောမောမှုတို့အား ရောင်ပြန်ဟပ်မနေစေခဲ့ပေ။
လုကျိုး မည်သို့လုပ်ရမည် မသိတော့ချေ။ စင်ပေါ်ရှိPHD ကျောင်းသားသည်လည်း ကို့ယို့ကားယား ဖြစ်သွားခဲ့၏။ သူ ထိုပုံအား အွန်လိုင်းမှ ကူးယူခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကမ္ဘာကျော်ပုဂ္ဂိုလ်သည် သူ့အတန်းသို့ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ နောက်တစ်မျက်နှာသို့သာ လှန်လိုက်တော့၏။ ထိုတစ်မျက်နှာသည်လည်း လုကျိုးနှင့် ဆက်စပ်နေသည့် ကွန်ဂျက်တာအကြောင်းသာ ဖြစ်သည်။
ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့သည့် ကျောင်းသားသည် ထိုစလိုက်ကို ကြည့်ကာ လက်မြှောက်သည်။
“ဆရာ ဒီကွန်ဂျက်တာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က သက်သေပြပြီးပြီလို့ ကျွန်တော် ထင်ပါတယ်”
PHD ကျောင်းသား အနည်းငယ်ဟရှက်ရွံ့သွားခဲ့ကာ ချောင်းဟန့်သည်။
“ငါ ဒီပါဝါပွိုင့်ကို လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ပြောင်းဖို့ မေ့သွားတယ်။ ဒီကွန်ဂျက်တာက ငါတို့ ကျင်းလင်တက္ကသိုလ်က လုကျိုးသက်သေပြခဲ့တဲ့ ကွန်ဂျက်တာပဲလေ။ ဒီသက်သေပြတဲ့ ဖြစ်စဉ်က ရှည်တော့ ငါ စာမေးပွဲမှာ ထည့်စမ်းသပ်ဖို့ မရွေးတော့ဘူး။ အိုး ဟုတ်သားပဲ အဲ့ဒီလုကျိုးက ငါတို့အခန်းရဲ့လေးတန်းမြောက်မှာ ထိုင်နေတယ်”
PHD ကျောင်းသားသည် လုကျိုးအား ပြုံးပြလာသည်။ ရုတ်တရက် လူတိုင်း၏ အကြည့်တွေသည် လုကျိုးထံ ရောက်လာလေ၏။
အထူးသဖြင့် လုကျိုး၏ ဘေးတွင် ထိုင်သည့်ကောင်လေး ဖြစ်သည်။ သူ၏ မျက်လုံးတွေသည် ထွက်ကျတော့မတတ် ပြူးကျယ်လာခဲ့၏။ သူ့ဘေးတွင် ထိုင်နေခဲ့သည်ကိုတောင် သူ မသိခဲ့ချေ။
လုကျိုးသည် ထို PHD ကျောင်းသားအား ပြုံးပြရင်းသက်ပြင်းချလိုက်တော့သည်။ သူဟအတန်းတက်နိုင်မည့်ပုံ မရပေ။ သိပ်မကြာခင် အချိန်တွင်ပင် အတန်းက ပြီးဆုံးသွားခဲ့သည်။ လုကျိုးသည်လည်း ပစ္စည်းတွေသိမ်းကာ ထွက်လာခဲ့လိုက်၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now